Subscribe Us

header ads

AI ဖြင့် နျူကလီးယားလက်နက်များကို မည်သည့်အခါမျှ ထိန်းချုပ်မည်မဟုတ်ကြောင်း တရုတ်နှင့် ရုရှားထံမှအာမခံချက် ရရှိရန် အမေရိကန်ကြိုးပမ်း

Image: U.S. Army

သင့်အနေနဲ့ တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ စက်သေနတ်တွေကို ထိန်းချုပ်နိုင်တဲ့ ဉာဏ်ရည်တု(AI)တွေကို စိုးရိမ်စရာလို့ထင်တယ်ဆိုရင် နျူကလီးယားလက်နက်တွေကို ဖြန့်ကျက်ထားဖို့ဆုံးဖြတ်နိုင်တဲ့ AI တွေဆိုရင်ဘက်လောက်အထိကြောက်စရာကောင်းနေမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။ အမေရိကန်ကတော့ နျူကလီးယားလက်နက်တွေကို လူသားတွေလက်ထဲမှာသာ ထိန်းချုပ်မယ်လို့ကြေညာထားတဲ့ ပထမဆုံးနိုင်ငံဖြစ်ပြီး တရုတ်နဲ့ ရုရှားနိုင်ငံတွေကိုလည်း ဒီလိုတူညီတဲ့ကတိကို ပေးစေလိုနေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန လက်နက်ထိန်းချုပ်ရေးအရာရှိ Paul Dean က ဝါရှင်တန်အနေနဲ့ နျူလက်နက်ထိန်းချုပ်ရာမှာ AI မဟုတ်ဘဲ လူသားတွေကသာထိမ်းချုပ်သွားဖို့ "ပြတ်သားပြီး ခိုင်မာတဲ့ကတိကဝတ်" ရှိကြောင်း အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ "ဗြိတိန်နဲ့ ပြင်သစ်နှစ်နိုင်ငံစလုံးကလည်း တူညီတဲ့ ကတိကဝတ်ပြုထားတယ်"လို့ Dean က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Dean က "တရုတ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွေရဲ့ အလားတူထုတ်ပြန်ချက်တွေကိုလည်း ကြိုဆိုကြောင်း" Reuters မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ဒီလိုတာဝန်သိတဲ့အပြုအမူအတွက် အလွန်အရေးကြီးတဲ့ စံနှုန်းတစ်ခုလို့ ကျွန်တော်တို့ထင်မြင်ပြီး ဒါဟာ P5 အတွင်းမှာ အလွန်ကြိုဆိုရမယ့် အရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်" လို့ ဆိုပါတယ်။ P5 ဆိုတာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်တဲ့ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေကို ဆိုလိုတာပါ။

အမေရိကန်နဲ့တရုတ်နိုင်ငံတို့ရဲ့ နျူကလီယားလက်နက်ဆွေးနွေးမှုတွေကို ဇန်နဝါရီလကပြန်လည်စတင်ခဲ့ပေမယ့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာသဘောတူညီချက်ရရှိဖို့က အချိန်တစ်ခုလိုနိုင်ပါသေးတယ်။ ၎င်းရဲ့နျူကလီးယားလက်နက်စွမ်းရည်ကို ချဲ့ထွင်နေတဲ့ တရုတ်ဟာ နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံတွေအနေနဲ့ ၄င်းတို့အချင်းချင်း နျူကလီးယားလက်နက်ကို ပထမဆုံးစတင်အသုံးမပြုတဲ့ သဘောတူစာချုပ်တစ်ခုကို အရင်ဆုံးညှိနှိုင်းသင့်ကြောင်းဆိုပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှား၏ နျူကလီးယားလက်နက်တွေဟာ အထူးစိုးရိမ်စရာဖြစ်လာပါတယ်။ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားသမ္မတဗလာဒီမာပူတင်က "ရုရှားနဲ့ အမေရိကန်တို့အကြား ၎င်းတို့၏နျူကလီးယားလက်နက်များကို လျှော့ချကန့်သတ်ဖို့နဲ့ နိုင်ငံတွေအကြား နျူကလီးယားလက်နက်စက်ရုံတွေကို စစ်ဆေးခွင့်ပြုဖို့ သဘောတူညီထားတဲ့ START စာချုပ်မှာ ပါဝင်ခြင်းကို ဆိုင်းငံ့ထားကြောင်း" ပြောကြားခဲ့ပါတယ်။


AI နဲ့ ထိန်းချုပ်ထားတဲ့လက်နက်တွေဟာ ကြောက်စရာကောင်းလောက်အောင် တိုးပွားလာပါတယ်။ ပြီးခဲ့တဲ့လတုန်းက အမေရိကန်လေတပ်ဟာ လူသားလေယာဉ်မှူးများကို စီးချင်းထိုးတိုက်ခိုက်တဲ့ AI နဲ့ ပျံသန်းတဲ့ တိုက်လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်ရဲ့ များပြားလှတဲ့ AI နဲ့ ထိမ်းချုပ်ထားတဲ့ ဒရုန်းနဲ့လက်နက်စနစ်တွေနဲ့ တရုတ်ရဲ့ရန်ကိုတုန့်ပြန်ဖို့ အစီအမံတွေအကြောင်း မနှစ်ကလည်း အလားတူထွက်ပေါ်လာခဲ့ပါတယ်။ ဒါတင်မက အစ္စရေးဘက်ကလည်း ဒီလိုလက်နက်တွေတိုးမြှင့်အသုံးပြုလာတာကိုလည်း ကြားသိနေရပါတယ်။

Elon Musk ဟာ ၂၀၁၇ ခုနှစ်မှာ AI နဲ့ ထိမ်းချုပ်ထားတဲ့လက်နက်တွေကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့တဲ့ကျွမ်းကျင်သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ဘက်ကတော့ ပစ်မှတ်နဲ့ ထိတွေ့ဖို့ နောက်ဆုံးဆုံးဖြတ်ချက်ချမှာ စက်တွေမဟုတ်ဘဲ လူသားတွေသာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

Source: TechSpot

#EnThueTech
#News
#AI
#Defense

Post a Comment

0 Comments