Subscribe Us

header ads

Microsoft ၏ CoreAI အဖွဲ့အောက်သို့ အပြည့်အဝ ပူးပေါင်းသွားပြီဖြစ်သည့် GitHub

 

Image: GitHub

နာမည်ကျော် Programming ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ GitHub ဟာ Microsoft နဲ့ တစ်သားတည်းဖြစ်သွားပြီဖြစ်ရာ ဝက်ဘ်ဆိုက်၏ လွတ်လပ်မှု အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။  ဒီနေ့မှာပဲ GitHub ရဲ့ CEO ဖြစ်သူ Thomas Dohmke ဟာ သူ့ရဲ့ ရာထူးကနေ နုတ်ထွက်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် Microsoft က GitHub ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ အခုဆိုရင် GitHub ကို Microsoft ရဲ့ CoreAI အဖွဲ့အောက်မှာ ပေါင်းစည်းလိုက်ပြီး Dohmke ရဲ့ နေရာကို အစားထိုးမယ့်သူကိုတော့ မကြေညာရသေးပါဘူး။

Dohmke ဟာ သူ Startup အသစ်တစ်ခု တည်ထောင်ချင်တဲ့အတွက် ရာထူးကနေ ထွက်တာလို့ GitHub ရဲ့ Blog Post မှာ ပြောကြားခဲ့ပါတယ်။ GitHub ကို Microsoft ထဲ အပြည့်အဝ ပေါင်းစည်းဖို့ ကူညီပေးနိုင်ဖို့ ဒီနှစ်ကုန်အထိတော့ သူ့အနေနဲ့ ဆက်လက်ရှိနေမှာဖြစ်ပြီး အဲဒီအချိန်အထိတော့ သူ့ရဲ့ Startup အိပ်မက်ကို ဆိုင်းငံ့ထားဦးမှာပါ။ နုတ်ထွက်ကြောင်း ကြေညာတဲ့ သူ့ရဲ့ X (ယခင် Twitter) ပို့စ်မှာတော့ အနာဂတ်မှာ GitHub ရဲ့ ကို ဆက်ခံသူအသစ်တစ်ခုပါဝင်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

GitHub ဆိုတာ ကမ္ဘာပေါ်မှာ အကြီးဆုံး Code Repository တွေထဲက တစ်ခုဖြစ်ပြီး Code Project တွေ ဖြန့်ချီဖို့နဲ့ code ပရောဂျက်တွေ ပူးပေါင်းလုပ်ဆောင်ဖို့ မရှိမဖြစ်တဲ့ Tool တစ်ခု ဖြစ်လာခဲ့ပါတယ်။ GitHub ဟာ Linux Kernel ကို တီထွင်ဖို့ Linus Torvalds က ၂၀၀၅ ခုနှစ်မှာ ဖန်တီးခဲ့တဲ့ distributed version control system ဖြစ်တဲ့ Git ကို အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ GitHub မှာ တစ်ဘီလီယံမြောက် Repository ကို ရောက်ရှိခဲ့ပြီး အဲဒီ Repository က “sh*t” ဆိုတဲ့ စာလုံးတစ်လုံးတည်းသာ ဖြစ်ခဲ့ပါတယ်။

Dohmke ဟာ Microsoft က GitHub ကို ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၇.၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီးနောက် ကုမ္ပဏီထဲကို ဝင်ရောက်ခဲ့ကာ ၂၀၂၁ ခုနှစ်မှာ CEO ဖြစ်လာခဲ့ပါတယ်။ သူ့လက်အောက်မှာ GitHub ဟာ သုံးစွဲသူ သန်း ၁၅၀ နဲ့ Repository တစ်ဘီလီယံအထိ ရောက်ရှိခဲ့ပြီး Copilot AI ကို ပထမဆုံး ရရှိခဲ့တဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ Microsoft က GitHub ကို ဝယ်ယူခဲ့စဥ်က Microsoft နဲ့ သီးခြား လွတ်လွတ်လပ်လပ် ဆက်လက် လည်ပတ်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ GitHub ရဲ့ အဲဒီ လွတ်လပ်မှုဟာ အဆုံးသတ်တော့မှာဖြစ်ပြီး Remote-first အဖြစ် ရှိနေတဲ့ GitHub ဟာ Microsoft ရဲ့ ထိန်းချုပ်မှုအောက်ကို ပိုပြီး ကျရောက်သွားတော့မှာ ဖြစ်ပါတယ်။

Microsoft ရဲ့ GitHub ကို CoreAI အဖွဲ့တွေထဲ ပေါင်းစည်းဖို့ ဆုံးဖြတ်ချက်ဟာ GitHub ရဲ့ AI Project တွေအပေါ် ပိုမိုအာရုံစိုက်ဖို့ ရည်ရွယ်ပုံရပါတယ်။ Windows Ecosystem မှာ စီးပွားဖြစ်စတင်ဖြန့်ချိခဲ့တဲ့ ပထမဆုံး Copilot ဖြစ်တဲ့ GitHub Copilot ဟာ အောင်မြင်တဲ့ AI Coding Assistant တစ်ခုဖြစ်လာပြီး မကြာသေးခင်က သုံးစွဲသူအားလုံးအတွက် အခမဲ့ Version ကိုပါ ရရှိခဲ့ပါတယ်။ AI အကူအညီနဲ့ Coding ရေးသားတာဟာ Programming လောကမှာ အငြင်းပွားစရာ ခေါင်းစဉ်တစ်ခုဖြစ်ပြီး AI Coding Assistant တွေကတောင် တစ်ခါတလေ မှားယွင်းတဲ့ အချက်အလက်တွေ ပေးတာအပြင် သုံးစွဲသူတွေအနေနဲ့ AI Tool ကို အသုံးမပြုဘဲ ကိုယ်တိုင် Code ရေးတတ်အောင် သင်ယူဖို့ ပြောဆိုတာမျိုးတွေပါ ရှိခဲ့ပါတယ်။

အချို့ အင်တာနက်သုံးစွဲသူတွေကတော့ Microsoft အောက်ကို အပြည့်အဝ ရောက်ရှိသွားတဲ့ GitHub ရဲ့ အနာဂတ်ကို စိုးရိမ်ပူပန်နေကြပါတယ်။ ယခင်က Microsoft ဝယ်ယူခဲ့တဲ့ Skype နဲ့ Xamarin လို ကုမ္ပဏီတွေဟာ နောက်ပိုင်းမှာ ရပ်ဆိုင်းသွားခဲ့ရတဲ့ ဥပမာတွေ ရှိခဲ့ပါတယ်။ တချို့က GitHub ဟာလည်း အဆိုပါ ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရတော့မလားဆိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။ ဒါမှမဟုတ် နာမည်ပြောင်းပြီး Teams လို ပုံစံမျိုး ဖြစ်သွားမလားလို့လည်း ထင်မြင်ချက်တွေ ပေးနေကြပါတယ်။

ဒါပေမဲ့ Microsoft ဟာ ခေတ်သစ် Coding လောကရဲ့ အဓိက အုတ်မြစ်တစ်ခုဖြစ်တဲ့ GitHub ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းပစ်ဖို့ဆိုတာ အလွန်ဖြစ်နိုင်ခြေ နည်းပါတယ်။ GitHub ရဲ့ အနာဂတ်ဟာ ရေရာသေချာမှုတွေမရှိသေးပေမယ့် Microsoft ဘက်က ခေတ်ပေါ်ကုဒ်ရေးသားခြင်းရဲ့ လိုအပ်ချက်တစ်ခုလို့ ယူဆနိုင်တဲ့ GitHub ကိုရပ်ဆိုင်းလိုက်ဖို့ဆိုတာ ဖြစ်နိုင်ချေအတော်နည်းပါးလှပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments