Subscribe Us

header ads

Sony မှ Helldivers 2 အတွက် Playstation account လိုအပ်မှုကို ပြန်လည်ရုတ်သိမ်း

Image: Sony

ဒီအပတ်ဟာ Helldivers 2 ပရိသတ်တွေအတွက် သတင်းဆိုးပါပဲ။ ဒီနေ့ထွက်ရှိလာမယ့် ဂိမ်း update အသစ်မှာ ဂိမ်းကစားသူတွေအနေနဲ့ Sony PlayStation Network အကောင့် လိုအပ်လာမှာဖြစ်ပါတယ်။ ဒီသတင်းထွက်ရှိပြီးနောက် ဂိမ်းမာတွေဟာ Steam မှာ အလွန်အမင်းစိတ်ပျက်ကြောင်းတုန့်ပြန်ခဲ့ပြီး အပျက်သဘောဆောင်တဲ့ သုံးသပ်ချက်တွေကိုရေးသားခဲ့ကြပါတယ်။

ဒီနေ့မှာတော့ ဆိုနီဟာ PlayStation အကောင့်နဲ့ချိတ်ဆက်စေမယ့် ဆုံးဖြတ်ချက်ကိုပြန်လည်ရုတ်သိမ်းခဲ့ပြီး Steam အကောင့်သာလိုအပ်တော့မှာဖြစ်တာမို့ PlayStation အကောင့်‌မရှိတဲ့သူတွေနဲ့ PlayStation အကောင့်ဖွင့်လို့မရတဲ့ ကမ္ဘာတစ်ဝှမ်းကဂိမ်းကစားသူတွေအနေနဲ့ Helldivers 2 ဂိမ်းကို ဆက်လက်ကစားနိုင်တော့မှာဖြစ်ပါတယ်။

Arrowhead Games Studio ကရေးဆွဲပြီး PlayStation LLC ကဖြန့်ချီတဲ့ Helldivers 2 ဟာ မူလကတည်းက PlayStation Network အကောင့်နဲ့ချိတ်ဆက်ဖို့ရှိပေမယ့် နည်းပညာဆိုင်ရာအခက်အခဲကြောင့် PSN အကောင့်လိုအပ်ချက်ကို optional အဖြစ်သာထားရှိခဲ့တာပါ။

Helldivers 2 အနေနဲ့ ဖေဖော်ဝါရီလမှာစတင်ထွက်ရှိလာကတည်းက အလွန်ရေပန်းစားပြီး လူကြိုက်များနေတဲ့ဂိမ်းတစ်ခုဖြစ်ပေမယ့် ဆိုနီရဲ့ PlayStation အကောင့်လိုအပ်တဲ့ ဆုံးဖြတ်ချက်ကြောင့် ပြီးခဲ့တဲ့ ၃ရက်အတွင်း Steam မှာ Overwhelming Negative review တွေရရှိခဲ့သလို Steam မှာလည်း refund လုပ်သူတွေများပြားခဲ့ပါတယ်။ Steam ဘက်ကလည်း ကစားချိန် ၂နာရီကျော်လွန်တဲ့သူတွေကိုပါ refund ခွင့်ပေးခဲ့သလို နိုင်ငံပေါင်း၁၇၇နိုင်ငံမှာ ဝယ်ယူခွင့်ပိတ်သိမ်းခဲ့တာမို့ ဒီစာရေးနေတဲ့အချိန်အထိ Steam မှာဝယ်ယူလို့မရ‌သေးတာကို တွေ့ရပါတယ်။ ဒါပေမယ့် Sony ဘက်က ဂိမ်းအတွက် PSN အကောင့်လိုအပ်ချက်ကို ရုတ်သိမ်းခဲ့ပြီမို့ မကြာမီပြန်လည်ဝယ်ယူနိုင်မယ်လို့ မိမိအနေနဲ့ယူဆမိပါတယ်။

Source: PCGamesN and Videocardz

#EnThueTech
#News
#Gaming



Post a Comment

0 Comments