Subscribe Us

header ads

ကျ‌နော်နှစ်သက်မိတဲ့ ၂၀၂၀ခုနှစ်ထွက် Graphics အကောင်းဆုံး PC ဂိမ်းများ

 



ဒီနှစ်ဟာ လူတွေအတွက်သိပ်သဘောမကျတဲ့နှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ သို့ပင်သော်ငြား ဒီနှစ်ထဲထွက်ရှိတဲ့ဂိမ်းတွေဟာ လွန်ခဲ့တဲ့နှစ်တွေထက် Graphics ပိုင်းမှာ သိသိသာသာပိုကောင်းလာတာတွေ့ရပါတယ်။ အခုကျနော်ပြထားတဲ့ဂိမ်းတွေက Graphics ကောင်းတဲ့ဂိမ်းအားလုံးမပါနိုင်ပေမယ့် ကျနော်ကိုယ်တိုင်ဆော့ကြည့်ပြီး နှစ်သက်သဘောကျတဲ့ဂိမ်းတွေဖြစ်ပါတယ်။

Microsoft Flight Simulator 2020


Microsoft Flight Simulator X ထွက်ရှိပြီး ၁၄နှစ်ကြာမှထွက်ရှိလာတဲ့ ဒီဂိမ်းဟာ အလွန်လှပတဲ့ Graphics နဲ့အတူ လေကြောင်းဝါသနာရှင်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့အထူးခြားဆုံးအချက်က Bing Map တစ်ခုလုံးကိုဂိမ်းမှာထည့်သုံးထားတာဖြစ်ပြီး AI နဲ့ 3Dအဆောက်အဦးတွေပြန်ဖန်တီးထားလို့ တကမ္ဘာလုံးကြိုက်တဲ့နေရာကို ပျံသန်းကြည့်ရှုနိုင်ပါတယ် ကိုယ်နေတဲ့မြို့ကို ဂိမ်းထဲမှာမြင်နေရတာနဲ့တင်တန်နေပါပြီ ဒါကြောင့် ထွက်ခါစဆိုရင် ကိုယ့်အိမ်ကိုလိုက်ရှာတဲ့သူကဒုနဲ့ဒေးပါပဲ။





အလွန်မြင့်မားတဲ့ system requirements တွေကြောင့် စက်တိုင်းအဆင်ပြေပြေမကစားနိုင်တာကလဲ MFS တွေရဲ့ ထုံးစံပါပဲ။ MFS ဂိမ်းတွေဟာ ထွက်ခါစမှာ ခေတ်ပေါ် Hardware တွေနဲ့အဆင်ပြေပြေRun ရအောင်ထုတ်ပေးတာမျိုးမဟုတ်ပဲ ဂိမ်းဟာ တစ်ဖြည်းဖြည်းMature ဖြစ်လာအောင် စောင့်စားပြီးကစားရတဲ့အမျိုးဖြစ်ပါတယ်။ တိမ်တွေရာသီဥတုတွေက ပြင်ပနဲ့အတော်ကြီးဆင်တူပြီး လေယာဉ်တွေကိုရေးဆွဲထားတာက သေသပ်လွန်းလှပါတယ်။ နောက်ပိုင်းမှာ VR နဲ့ Ray Tracing ပါ အထောက်အပံ့ပေးလာမယ်လို့သိရပါတယ်။ သင့်ရဲ့အိမ်ကနေ ထိုင်ရာမထ ကမ္ဘာပတ်နိုင်ပါပြီ။

Horizon Zero Dawn



Sony ရဲ့ First Party Exclusive ဂိမ်း PC ပေါ်ကိုရောက်လာတာ PC ဂိမ်းမာတွေအဖို့ရွှေပါပဲ။
ဒီဂိမ်းကို Killzone ဂိမ်းတွေရေးဆွဲတဲ့ Guerilla Games ကရေးဆွဲပြီး Sony Computer Entertainment America ကနေဖြန့်ချီပါတယ်။ စက်ရုပ်တွေကြီးစိုးထားတဲ့ ၃၁ရာစုကမ္ဘာမှာ အတိတ်ကဘာတွေဖြစ်ပျက်ခဲ့တာကို‌တူးဆွရမယ့်ဂိမ်းတစ်ခုဖြစ်ကာ Alloy ဆိုတဲ့ဇာတ်ကောင်နေရာကနေကစားရမှာပါ။ Scene တစ်ခုခြင်းဟာ လှပအသက်ဝင်အောင်ရေးဆွဲထားကာ စစထွက်ခြင်းမှာ စွမ်းဆောင်ရည်ပိုင်းအားမရစရာတွေရှိခဲ့ပေမယ့် အခုဆိုရင် Mid Range GPU တွေလည်းကောင်းကောင်းကစားလို့ရလာခဲ့ပါပြီ။

Mafia Definitive Edition


Tech4Gamers

Mafia Definitive Edition ဟာ ၂၀၀၂ခုနှစ်က ထွက်ရှိခဲ့တဲ့ Mafia ဂိမ်းရဲ့ remake ဖြစ်ပြီး သင့်ကို ၁၉၃၀ ပြည့်နှစ်များစီက New York မြို့ကြီးကိုဆွဲခေါ်သွားပါတယ်။ သင်ဟာ တက္ကစီဒါရိုက်ဘာ Tommy Anglo အနေနဲ့ ကစားရမှာဖြစ်ပြီး မားဖီးယားဂိုဏ်းနဲ့တစ်ဖြည်းဖြည်းဆက်ဆံမိရာက ရုံးမထွက်နိုင်ပုံကို ဇာတ်လမ်းဆင်ထားပါတယ်။


Developer ဖြစ်တဲ့ Hanger 13 ဟာ ဒီဂိမ်းမှာ ကောင်းကောင်းလက်စွမ်းပြထားပြီး အလွန်လှပတဲ့ Texture တွေ Face Animation တွေအပြင် screen space reflection တွေကိုပါ ဂိမ်းထဲလှိုင်လှိုင်သုံးထားတာတွေ့ရပါတယ်။

Cyberpunk 2077

Cyberpunk 2077 ထွက်ရှိလာပေမဲ့ CD Project Red ရဲ့Red Engine မှာ လက်စွမ်းပြထားမှုတွေကြောင့် Texture တွေ Lighting တွေ Volumetric Fog တွေအများအပြားထည့်သွင်းထားတာမို့ Mid Range GPU တွေဟာ 1080P မှာ FPS 30 ဝန်းကျင်သာ ရရှိတာကိုတွေ့ရပါတယ်။


ဒီဂိမ်းဟာ 2077ခုနှစ်မှာ Cyberpunk ယဉ်ကျေးမှုတွေထွန်းကားနေပြီး လူတွေဟာ မြင့်မားတဲ့နည်းပညာတွေကို လက်လှမ်းမှီနေပေမယ့် ထူပြောလှတဲ့ ဒုစရိုက်တွေကြားရှင်သန်လှုပ်ရှားရမယ့် V ဆိုတဲ့ ဇာတ်ကောင်အဖြစ်ကစားရမှာဖြစ်ပါတယ်။ ၁၉၈၀ လောက်က ဒီဇိုင်းတွေကို အနာဂတ်နည်းပညာတွေနဲ့ရောယှက်ထားတဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးမှာ Night City က သင့်ကိုစောင့်ကြိုလျက်ရှိနေပါတယ်။ အကောင်းဆုံးရုပ်ထွက်ကိုရဖို့ Ray Tracing နဲ့ကစားဖို့အကြံပြုပါတယ်။

Call of Duty Black Ops Cold War



စစ်အေးခေတ်ကာလကို အခြေတည်ထားတဲ့ နာမည်ကျော် FPS ဂိမ်းအသစ်ဖြစ်တဲ့ Call of Duty Black Ops Cold Warဟာလည်း Graphics ပိုင်းအရ အတော်ကြီးကိုကောင်းမွန်လှပတာကိုတွေ့ရပါတယ်။ ဇာတ်လမ်းက ယခင် Black Ops လောက်တော့မကောင်းဘူးပြောနိုင်ပေမယ့် သူ့ဘာသာသူတော့အ‌တော်ကြီးမိုက်ပါသေးပါတယ်။ 4K Textures တွေနဲ့ဆိုရင် အလှပဆုံးFPS ဂိမ်းတွေထဲက တစ်ခုဖြစ်သလို Call of Duty ဂိမ်းတွေမှာ Graphics အကောင်းဆုံးဂိမ်းလည်းဖြစ်ပါတယ်။ Ray Tracing, DLSS နဲ့ Nvidia Reflex ကိုပါအထောက်အပံ့ပေးပါတယ်။ Ray Tracing မဖွင့်ထားဘူးဆိုရင် Mid Range GPU တွေနိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်တဲ့ဂိမ်းဖြစ်ပါတယ်။


အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ

#EnThueTech
#Gaming

Post a Comment

0 Comments