နောက်ဆုံးပေါ် Intel Core Ultra Series 3 ပရိုဆက်ဆာများနှင့် NVIDIA® GeForce RTX™ ဂရပ်ဖစ်များ တပ်ဆင်ထားသည့် ဤ Laptop များသည် နောက်မျိုးဆက်သစ် စွမ်းဆောင်ရည်များရရှိစေရန် တည်ဆောက်ထားခြင်း ဖြစ်သည်။
[ဇန်နဝါရီ ၅ ရက်၊ ၂၀၂၆] (ထိုင်ဝမ်၊ တိုင်ပေ) – Gaming၊ Content Creation နှင့် စီးပွားရေးသုံး Laptop လောက၏ ထိပ်တန်းခေါင်းဆောင် MSI သည် CES 2026 ပြပွဲတွင် ၎င်းတို့၏ Laptop မျိုးဆက်သစ်များကို ဂုဏ်ယူစွာဖြင့် ထုတ်ဖော်ပြသခဲ့သည်။ ယင်းတို့အနက် စွမ်းဆောင်ရည်နှင့် စတိုင်လ်ကို တစ်ပြိုင်တည်း လိုလားသော ခေတ်သစ်ပညာရှင်များအတွက် အထူးရည်ရွယ်ပြီး အလုံးစုံဒီဇိုင်းသစ်ဖြင့် ထွက်ရှိလာသည့် Prestige Series သည် အဓိကဆွဲဆောင်မှု ဖြစ်လာခဲ့သည်။ Prestige စီးရီးသစ်တွင် ပိုမိုချောမွေ့ဝိုင်းစက်သော အနားသတ်များနှင့် အနုစိတ်လက်ရာများဖြင့် အဆင့်မြင့်အရည်အသွေးကို ပေါ်လွင်စေသည့် ဒီဇိုင်းသစ်ကို စတင်အသုံးပြုထားသည်။ နောက်ဆုံးပေါ် Intel Core Ultra Series 3 ပရိုဆက်ဆာများဖြင့် အားဖြည့်ထားသော Prestige စီးရီးသည် ခေတ်မီစီးပွားရေးသုံး Laptop အတွေ့အကြုံကို အဓိပ္ပာယ်အသစ် ဖွင့်ဆိုနိုင်ရန် အဆင့်မြင့်စွမ်းဆောင်ရည်နှင့် ပါးလွှာပေါ့ပါးမှုတို့ကို ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်ပါသည်။
“ဒီဇိုင်းသစ်၊ ပိုမိုချောမွေ့တဲ့ အနားသတ်တွေနဲ့ မြှင့်တင်ထားတဲ့ လက်ရာတွေပါဝင်တဲ့ Prestige စီးရီးသစ်ဟာ စီးပွားရေးနဲ့ ကုန်ထုတ်စွမ်းအားကဏ္ဍမှာ MSI ရဲ့ ဆန်းသစ်တီထွင်မှုအပေါ် ကတိကဝတ်ကို ထင်ဟပ်စေပါတယ်” ဟု MSI ၏ NB Business Unit ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ Eric Kuo က ပြောကြားခဲ့သည်။ “Action Touchpad နဲ့ MSI Nano Pen လိုမျိုး ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကတစ်ဆင့် ပညာရှင်တွေအနေနဲ့ ဘယ်နေရာရောက်ရောက် လုပ်ငန်းခွင်စွမ်းဆောင်ရည်နဲ့ ထိန်းချုပ်မှုတွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးသွားမှာပါ”
Intel မှ Client Computing Group ၏ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ Jim Johnson ကလည်း “Intel နဲ့ MSI တို့ဟာ သုံးစွဲသူတွေအတွက် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုတွေနဲ့ လက်တွေ့ဘဝ အတွေ့အကြုံတွေကို အမြဲတမ်း မြှင့်တင်ပေးနေတာပါ။ နောက်ဆုံးပေါ် Intel® Core™ Ultra Series 3 ပရိုဆက်ဆာတွေ တပ်ဆင်ထားတဲ့ Prestige စီးရီးသစ်ဟာ အထူးကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ အံ့အားသင့်စရာ ဘက်ထရီသက်တမ်းကို ပေးစွမ်းနိုင်တာကြောင့် စီးပွားရေးလုပ်ငန်းသုံးအတွက် အကောင်းဆုံး Laptop ဖြစ်လာမှာပါ” ဟု ဆိုသည်။
ထို့အပြင် MSI သည် Raider, Stealth နှင့် Crosshair Series အပါအဝင် မျိုးဆက်သစ် Gaming Laptop များကိုလည်း မိတ်ဆက်ခဲ့သည်။ တစ်ခုချင်းစီကို ကိုယ်ထည် (Chassis) အသစ်၊ အပူစွန့်ထုတ်စနစ် (Thermals) အဆင့်မြှင့်တင်မှုနှင့် I/O Layout ပြင်ဆင်မှုများဖြင့် ပြန်လည်ဖန်တီးထားသည်။ ဤမော်ဒယ်သစ်များတွင် NVIDIA® GeForce RTX™ ဂရပ်ဖစ်များ တပ်ဆင်ထားပြီး စွမ်းဆောင်ရည်၊ ဒီဇိုင်းနှင့် သုံးစွဲသူဗဟိုပြု ဆန်းသစ်တီထွင်မှုတို့တွင် အကန့်အသတ်များကို ကျော်ဖြတ်နိုင်ရန် ရည်ရွယ်ထားသည်။
“အကောင်းဆုံးစွမ်းဆောင်ရည်အတွက် အပူစွန့်ထုတ်စနစ်ကို မြှင့်တင်တာ၊ ပိုမိုပါးလွှာတဲ့ ကိုယ်ထည်တွေနဲ့ I/O အဆင့်မြှင့်တင်တာတွေ အပါအဝင် ကျွန်တော်တို့ Gaming စီးရီးတစ်ခုလုံးကို အသစ်ပြန်လည် ဒီဇိုင်းထုတ်ရခြင်းဟာ သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်တွေကြောင့် ဖြစ်ပါတယ်” ဟု Eric Kuo က ထပ်လောင်းပြောကြားခဲ့သည်။ “ဒါဟာ ကျွန်တော်တို့ရဲ့ Community အသံကို နားထောင်ပြီး ဂိမ်းကစားသူတွေနဲ့ ဖန်တီးရှင်တွေ အမှန်တကယ် လိုချင်တာကို ဖြည့်ဆည်းပေးဖို့ MSI ရဲ့ အလေးထားမှုကို သက်သေပြနေတာပါ”
ထုတ်ကုန်များအနက် Stealth 16 AI+ သည် ပေါ့ပါးမှုနှင့် စွမ်းအားကို မျှတစွာ ပေါင်းစပ်ထားနိုင်ခြင်းကြောင့် အပြိုင်အဆိုင်များလှသော Computer Hardware & Components ကဏ္ဍတွင် ဂုဏ်သတင်းကြီးသည့် CES Innovation Award ဆုကို ရရှိခဲ့သည်။ ဤအသိအမှတ်ပြုမှုသည် Stealth စီးရီးအား ယနေ့ခေတ်၏ အဆင့်မြင့်ဆုံး ပါးလွှာပေါ့ပါး စွမ်းဆောင်ရည်မြင့် Laptop များထဲမှ တစ်ခုဖြစ်ကြောင်း ထပ်လောင်းအတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။
နောက်မျိုးဆက်သစ် ကွန်ပျူတာနည်းပညာကို လူတိုင်းလက်လှမ်းမီစေရန် MSI သည် Intel Core Ultra Series 3 ပရိုဆက်ဆာများ ပါဝင်သည့် Modern S series ကိုလည်း မိတ်ဆက်ခဲ့သည်။ သွားလာရင်း အသုံးပြုနိုင်မှုနှင့် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများအတွက် ရည်ရွယ်ထားသည့် Modern S series သည် သုံးစွဲသူများအတွက် အားကောင်းသော စွမ်းဆောင်ရည်နှင့် ပြောင်မြောက်သော ဒီဇိုင်းကို ပေးစွမ်းမည် ဖြစ်သည်။
နောက်ဆုံးအနေနှင့် MSI သည် ၎င်း၏ နာမည်ကြီး လက်ကိုင်ဂိမ်းစက် ဖြစ်သည့် Claw 8 AI+ Glacier Blue Edition ကို မိတ်ဆက်ခဲ့သည်။ ဤအထူးထုတ် မော်ဒယ်တွင် ရေခဲကဲ့သို့ အရောင်အသွေးများ ပါဝင်သည့် Glacier Blue အရောင်ဖြင့် လှပဝိုင်းစက်သော ကိုယ်ထည်ကို ဖန်တီးထားသည်။ ယင်းဒီဇိုင်းသည် Esports စတိုင်လ်နှင့် တက်ကြွလှုပ်ရှားသော Gaming အသွင်အပြင်ကို ပေါင်းစပ်ပေးထားသည်။
Prestige Series အသစ်- ပိုမိုပါးလွှာ၊ ပိုမိုဝိုင်းစက်ပြီး ပိုမိုမြင့်မားသော အရည်အသွေး
CES 2026 တွင် MSI သည် ထူးကဲသော စွမ်းဆောင်ရည်၊ သယ်ဆောင်ရလွယ်ကူမှုနှင့် ဒီဇိုင်းကို လိုလားသော ပညာရှင်များအတွက် Prestige 14 နှင့် Prestige 16 တို့ကို မိတ်ဆက်ခဲ့သည်။ ယခင်မော်ဒယ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုပါးလွှာပြီး ဝိုင်းစက်ခေတ်မီသော ဒီဇိုင်းရှိကာ ကိုယ်ထည်တစ်ခုလုံးကို အလူမီနီယံဖြင့် ပြုလုပ်ထားသောကြောင့် ပိုမိုခိုင်ခံ့ပြီး တန်ဖိုးကြီးသည့် ခံစားချက်ကို ပေးစွမ်းသည်။ Prestige 14 သည် ၁.၃၂ ကီလိုဂရမ်သာ လေးသောကြောင့် ယခင်ကထက် ၂၂% ပိုမိုပေါ့ပါးလာပြီး Prestige 16 သည်လည်း ၁.၅၉ ကီလိုဂရမ်သာ ရှိသဖြင့် လုပ်ငန်းနယ်ပယ်တွင် အပေါ့ပါးဆုံးစာရင်းဝင် ဖြစ်နေဆဲဖြစ်သည်။
Intel Core Ultra Series 3 ပရိုဆက်ဆာများကြောင့် နောက်မျိုးဆက်သစ် ဂရပ်ဖစ်နှင့် AI စွမ်းဆောင်ရည်များကို ရရှိစေမည်ဖြစ်သည်။ 81Wh ဘက်ထရီကြောင့် 1080p ဗီဒီယိုကို နာရီ ၃၀ ကျော်အထိ ကြည့်ရှုနိုင်ပြီး ရက်အတော်ကြာ အားခံသည့် လုပ်ငန်းခွင်သုံး စွမ်းဆောင်ရည်ကို ပေးစွမ်းသည်။ အသစ်ပါဝင်လာသော Intel Arc B390 ဂရပ်ဖစ်သည် Visual ပိုင်းကို သိသိသာသာ မြှင့်တင်ပေးထားသဖြင့် Content ဖန်တီးခြင်းနှင့် AAA ဂိမ်းများကိုပါ ကစားနိုင်စေသည်။ အဆင့်မြင့် Vapor Chamber၊ ပန်ကာနှစ်လုံးနှင့် Intra Flow အပူစွန့်ထုတ်စနစ်တို့ကြောင့် ဆူညံသံကို 30 dBA အောက်တွင်သာ ထိန်းထားနိုင်ပြီး စွမ်းဆောင်ရည် အပြည့်အဝ ထုတ်ပေးနိုင်မည် ဖြစ်သည်။
Prestige 14 နှင့် 16 Flip မော်ဒယ်များသည် တူညီသော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သည့်အပြင် 2-in-1 ပုံစံဖြင့် Screen ကို လှည့်၍ရခြင်း၊ Stylus Pen အသုံးပြုနိုင်ခြင်းတို့ကြောင့် လက်ဖြင့် တိုက်ရိုက်ထိန်းချုပ်လိုသူများအတွက် အထူးသင့်လျော်သည်။
MSI Nano Pen နှင့်အတူ တွဲဖက်လာသော Prestige Flip စီးရီးသည် သွားလာရင်း အလုပ်လုပ်ခြင်းအတွက် စံနှုန်းသစ်တစ်ခု ဖြစ်လာသည်။ Pen အတွက် Laptop အောက်ခြေတွင် သီးသန့် Slot ပါဝင်ပြီး သိမ်းဆည်းထားစဉ် အားသွင်းပေးမည်ဖြစ်သည်။ ၁၅ စက္ကန့် အားသွင်းရုံဖြင့် ၄၅ မိနစ် အသုံးပြုနိုင်ပြီး အားအပြည့်သွင်းရန် ၃၀ စက္ကန့်သာ ကြာမြင့်သည်။ Microsoft နှင့် ပူးပေါင်းမှုကြောင့် MSI Nano Pen တွင် Copilot press-to-talk လုပ်ဆောင်ချက် ပါဝင်လာပြီး ခလုတ်နှစ်ခုကို နှိပ်ကာ Copilot အား အသံဖြင့် အလွယ်တကူ ခိုင်းစေနိုင်ပါသည်။
အခြားထူးခြားချက်များမှာ ၅၃% ပိုမိုကျယ်ဝန်းပြီး စိတ်ကြိုက်ပြင်ဆင်နိုင်သော Action Touchpad၊ လုပ်ငန်းသုံးလုံခြုံရေးအတွက် TPM 2.0၊ Fingerprint နှင့် Windows Hello မျက်နှာဖတ်စနစ်၊ နှင့် အနားမှာ လူမရှိပါက အလိုအလျောက် Lock ချပေးမည့် Smart Guard တို့ ပါဝင်သည်။ ထို့ပြင် 2.8K 120Hz OLED display (VRR နှင့် DisplayHDR True Black 1000 လက်မှတ်ရ) ပါဝင်သောကြောင့် ရုပ်ထွက်ပိုင်းတွင် အစစ်အမှန်အတိုင်း ကြည်လင်ပြတ်သားမှုကို ခံစားရမည် ဖြစ်ပါသည်။
Prestige 13 AI+ အသစ်- စွမ်းအားနှင့် သယ်ဆောင်ရလွယ်ကူမှုတို့ တွေ့ဆုံခြင်း
အလွန်ပေါ့ပါးသည့် ဒီဇိုင်းကြောင့် နာမည်ကြီးသော Prestige 13 AI+ သည် ယခုအခါ ၈၉၉ ဂရမ်သာ လေးတော့သောကြောင့် ကမ္ဘာ့အပေါ့ပါးဆုံး ၁၃ လက်မ မဂ္ဂနီဆီယမ်-အလူမီနီယံ Laptop အဖြစ် စံချိန်တင်ခဲ့သည်။ ပေါ့ပါးရုံသာမက Intel Core Ultra Series 3 ပရိုဆက်ဆာကြောင့် စွမ်းဆောင်ရည်မှာလည်း သိသိသာသာ မြင့်တက်လာပါသည်။
Modern 14S & 16S အသစ်- အဆင့်မြင့်ဒီဇိုင်းကို လူတိုင်းလက်လှမ်းမီစေခြင်း
Modern 14S နှင့် 16S တို့သည် သတ္တုကိုယ်ထည် ပိုမိုပါဝင်လာပြီး ဝိုင်းစက်ချောမွေ့သော ဒီဇိုင်းသစ်ဖြင့် ထွက်ရှိလာသည်။ Intel Core Ultra Series 3 ပရိုဆက်ဆာများနှင့် Memory Slot နှစ်ခုစီ ပါဝင်သောကြောင့် စွမ်းဆောင်ရည်မြင့်မားပြီး အဆင့်မြှင့်တင်ရန်လည်း လွယ်ကူသည်။ USB-A, USB-C (Display/Charging ပါဝင်), HDMI, RJ-45 LAN နှင့် Micro SD card reader စသည့် I/O port များ စုံလင်စွာ ပါဝင်သည်။ Modern 14S (OLED မော်ဒယ်) သည် ၁၁.၁ မီလီမီတာသာ ပါးလွှာပြီး ၁.၃ ကီလိုဂရမ်သာ လေးသောကြောင့် သယ်ဆောင်ရလွယ်ကူမှုကို အထူးပေးစွမ်းပါသည်။
Raider 16 Max HX & Raider 16 HX- Gaming စွမ်းဆောင်ရည်၏ အကန့်အသတ်ကို ကျော်ဖြတ်ခြင်း
Raider 16 Max HX သည် ကမ္ဘာ့ပထမဆုံး 300W Total System Power ပေးနိုင်သည့် Gaming Laptop ဖြစ်လာသည်။ ၎င်းသည် RTX 5090 သို့မဟုတ် 5080 GPU ထံသို့ 175W နှင့် Intel Core Ultra 200HX ပရိုဆက်ဆာထံသို့ 125W ကို တစ်ပြိုင်တည်း ပေးပို့နိုင်စွမ်းရှိသဖြင့် ကမ္ဘာ့အစွမ်းထက်ဆုံး Gaming Laptop ဟု ဆိုနိုင်သည်။
အပူချိန်ထိန်းညှိရန်အတွက် ပန်ကာ ၃ လုံး၊ Heat Pipe ၆ ခုနှင့် Phase-change thermal compound တို့ပါဝင်သည့် Cooler Boost Trinity with Intra Flow စနစ်ကို အသုံးပြုထားသည်။ ထူးခြားချက်အနေဖြင့် Quick-access bottom panel ပါဝင်သောကြောင့် ကိုယ်ထည်တစ်ခုလုံး ဖြုတ်စရာမလိုဘဲ Memory နှင့် Storage ကို အလွယ်တကူ အဆင့်မြှင့်တင်နိုင်သည်။ 2.5K 240Hz OLED ရုပ်ထွက်သည် AAA ဂိမ်းများအတွက် အကောင်းဆုံး အတွေ့အကြုံကို ပေးပါလိမ့်မည်။
Stealth 16 AI+: စတိုင်လ်ကျပြီး စွမ်းအားမြင့်မားခြင်း
၁၆.၆ မီလီမီတာသာ ပါးလွှာပြီး ၂ ကီလိုဂရမ်အောက်သာ လေးသည့် Stealth 16 AI+ သည် CES ဆုရ မော်ဒယ်ဖြစ်သည်။ ၎င်းတွင် 90Wh ဘက်ထရီ ပါဝင်ပြီး Cooler Boost စနစ်သစ်ကြောင့် RTX 50 series GPU ထံသို့ ယခင်ကထက် ဝပ် ၂၀ ပိုမို ပေးပို့နိုင်စွမ်းရှိသည်။ ပါးလွှာသော်လည်း Thunderbolt 4 နှင့် RJ-45 အပါအဝင် Port များ စုံလင်စွာ ပါဝင်ပြီး RAM နှင့် SSD slot နှစ်ခုစီ ပါဝင်သောကြောင့် အဆင့်မြှင့်တင်နိုင်စွမ်း မြင့်မားသည်။
Crosshair 16 Max HX & Crosshair 16 HX: ရဲရင့်သောဒီဇိုင်းနှင့် ပိုမိုကြီးမားသော စွမ်းအား
Intel Core Ultra 200HX နှင့် RTX 50 series GPU များ တပ်ဆင်ထားသည်။ Cooler Boost စနစ်ကြောင့် Total System Power 200W အထိ ပေးနိုင်ပြီး ယခင်မျိုးဆက်ထက် 30W ပိုမိုကောင်းမွန်လာပါသည်။ QHD+ 165Hz OLED display နှင့် ၂၄ ဇုန်ခွဲထားသော RGB Backlit Keyboard တို့က ဂိမ်းကစားသူများအတွက် ပိုမိုပြည့်စုံသော ခံစားမှုကို ပေးစွမ်းနိုင်ပါလိမ့်မည်။
Claw 8 AI+ Glacier Blue Edition- အေးမြသော အသွင်အပြင်
Glacier Blue အရောင်သစ်ဖြင့် ထွက်ရှိလာသော Claw 8 AI+ သည် Intel® Core™ Ultra 200V ပရိုဆက်ဆာနှင့် Arc™ Xe2 ဂရပ်ဖစ်တို့ကို အသုံးပြုထားပြီး လက်ကိုင်ဂိမ်းစက်များထဲတွင် ထိပ်တန်းစွမ်းဆောင်ရည်ကို ပေးစွမ်းပါသည်။
အထက်ဖော်ပြပါ ထုတ်ကုန်သစ်များအားလုံးနှင့်အတူ လက်ရှိရောင်းချနေသော ၁၈ လက်မ ဂိမ်းမင်းစီးရီးများနှင့် လက်ကိုင်ဂိမ်းစက် (Handheld) အမျိုးအစားများကို MSI ၏ CES ပြခန်းတွင် ခင်းကျင်းပြသထားပါသည်။ လုပ်ငန်းမိတ်ဖက်များ၊ မီဒီယာကိုယ်စားလှယ်များနှင့် ကုန်ပစ္စည်းထောက်ပံ့သူများအားလုံး ပြခန်းသို့ လာရောက်လည်ပတ်ပြီး နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုများကို လေ့လာကြည့်ရှုကြပါရန် နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။ ပြခန်းအသေးစိတ် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ပြပွဲအမည်: MSI NB@CES 2026 ပြခန်းအမှတ်: VERONESE 2403~2406 (The Venetian, Level 2)
ဖွင့်လှစ်မည့်အချိန်: ဇန်နဝါရီ ၆ ရက်မှ ၉ ရက်အထိ၊ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ (PST စံတော်ချိန်)
RSVP နည်းပညာလေ့လာရေးခရီး (Tech Tour): ဇန်နဝါရီ ၅ ရက်၊ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ (PST စံတော်ချိန်)
Intel Core Ultra Series 3 ပရိုဆက်ဆာများ တပ်ဆင်ထားသည့် အလုံးစုံအသစ်ပြင်ဆင်ထားသော Prestige Series လက်ပ်တော့များကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် (PST စံတော်ချိန် နံနက် ၁၂:၀၀ နာရီ) မှစတင်၍ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် (PST စံတော်ချိန် နံနက် ၁၂:၀၀ နာရီ) တွင် တရားဝင် စတင်ရောင်းချပေးသွားမည် ဖြစ်ပါသည်။
ဝယ်ယူသူများအနေဖြင့် သတ်မှတ်ထားသော လက်လီအရောင်းဆိုင်များမှတစ်ဆင့် ကြိုတင်မှာယူနိုင်ပါသည်။ ပစ္စည်းရရှိနိုင်မှုနှင့် အရောင်းဆိုင်အချက်အလက်များကို အသေးစိတ်သိရှိလိုပါက MSI ၏ တရားဝင်ဝဘ်ဆိုက် သို့မဟုတ် လူမှုကွန်ရက်စာမျက်နှာများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
|
Model Name |
Prestige 14 Flip AI+ D3M |
|
Processor
|
Up to Intel® Core™ Ultra X9 processor 388H |
|
Operating System |
Windows 11 Home (MSI recommends Windows 11 Pro for business.) Windows 11 Pro |
|
Memory |
LPDDR5x onboard, up to 64GB, dual channel |
|
Display |
14" FHD+ (1920 x 1200), OLED, Touchscreen, 100% DCI-P3
(Typ.), Low Blue Light & Flicker-free certified by SGS, Support MSI Nano
Pen |
|
Graphics |
Intel® Arc™ GPU B390 (X9/X7) Intel®
Graphics (non X9/X7 Processors) |
|
Storage Slots |
1 x NVMe M.2 SSD by PCIe Gen4 |
|
Keyboard |
Single Backlit Keyboard (White) with Copilot Key |
|
Security |
Discrete Trusted Platform Module(dTPM) 2.0 / Fingerprint Reader
/ IR Webcam / Webcam Shutter / Smart Guard |
|
Sensor |
Ambient Light Sensor / Adaptive Color Sensor |
|
Communication |
Intel® Killer™ Wi-Fi 7, Bluetooth v6 |
|
Audio |
2 x 2W Stereo Speakers + 2 x 2W Woofers 1 x Audio combo jack DTS Audio Processing Spatial Array Microphone (3 Mic) Hi-Res Audio Ready |
|
I/O Ports |
2 x Thunderbolt™ 4 (DisplayPort™/ Power Delivery 3.0) 2 x USB 3.2 Gen2 Type-A 1 x HDMI™ 2.1 (8K @ 60Hz / 4K @ 120Hz) |
|
Battery |
4-Cell, Li-Polymer, 81Whr |
|
Webcam |
IR FHD type (30fps@1080p) with HDR & 3D Noise Reduction+
(3DNR+) |
|
Dimension |
315.6 x 221.95 x 11.9~13.9 mm |
|
Weight |
1.37 Kg |
|
Color |
Platinum Gray |
|
Model Name |
Prestige 16 Flip AI+ C3M |
|
Processor |
Up to Intel® Core™ Ultra X9 processor 388H |
|
Operating System |
Windows 11 Home (MSI recommends Windows 11 Pro for business.) Windows 11 Pro |
|
Memory |
LPDDR5x onboard, up to 64GB, dual channel |
|
Display |
Up to 16" 2.8K (2800 x 1800), OLED, Touchscreen, 48-120Hz
VRR, 100% DCI-P3 (Typ.), VESA DisplayHDR™ True Black 1000, Low Blue Light
& Flicker-free certified by SGS, Support MSI Nano Pen |
|
Graphics |
Intel® Arc™ GPU B390 (X9/X7) Intel®
Graphics (non X9/X7 Processors) |
|
Storage Slots |
1 x NVMe M.2 SSD by PCIe Gen4 |
|
Keyboard |
Single Backlit Keyboard (White) with Copilot Key |
|
Security |
Discrete Trusted Platform Module(dTPM) 2.0 / Fingerprint Reader
/ IR Webcam / Webcam Shutter / Smart Guard |
|
Sensor |
Ambient Light Sensor / Adaptive Color Sensor |
|
Communication |
Intel® Killer™ Wi-Fi 7, Bluetooth v6 |
|
Audio |
2 x 2W Stereo Speakers + 2 x 2W Woofers 1 x Audio combo jack DTS Audio Processing Spatial Array Microphone (3 Mic) Hi-Res Audio Ready |
|
I/O Ports |
2 x Thunderbolt™ 4 (DisplayPort™/ Power Delivery 3.0) 2 x USB 3.2 Gen1 Type-A 1 x HDMI™ 2.1 (8K @ 60Hz / 4K @ 120Hz) 1 x Audio combo jack |
|
Battery |
4-Cell, Li-Polymer, 81Whr |
|
Webcam |
IR FHD type (30fps@1080p) with HDR & 3D Noise Reduction+
(3DNR+) |
|
Dimension |
357.7 x 254.3 x 11.9-13.9 mm |
|
Weight |
1.66 Kg |
|
Color |
Platinum Gray |
|
Model Name |
Prestige 14 AI+ D3M |
|
Processor |
Up to Intel® Core™ Ultra X9 processor 388H |
|
Operating System |
Windows 11 Home (MSI recommends Windows 11 Pro for business.) Windows 11 Pro |
|
Memory |
LPDDR5x onboard, up to 64GB, dual channel |
|
Display |
14" FHD+ (1920 x 1200), OLED, 100% DCI-P3 (Typ.), Low Blue
Light & Flicker-free certified by SGS |
|
Graphics |
Intel® Arc™ GPU B390 (X9/X7) Intel®
Graphics (non X9/X7 Processors) |
|
Storage Slots |
1 x NVMe M.2 SSD by PCIe Gen4 |
|
Keyboard |
Single Backlit Keyboard (White) with Copilot Key |
|
Security |
Discrete Trusted Platform Module(dTPM) 2.0 / Fingerprint Reader
/ IR Webcam / Webcam Shutter / Smart Guard |
|
Sensor |
Ambient Light Sensor / Adaptive Color Sensor |
|
Communication |
Intel® Killer™ Wi-Fi 7, Bluetooth v6 |
|
Audio |
2 x 2W Stereo Speakers + 2 x 2W Woofers 1 x Audio combo jack DTS Audio Processing Spatial Array Microphone (3 Mic) Hi-Res Audio Ready |
|
I/O Ports |
2 x Thunderbolt™ 4 (DisplayPort™/ Power Delivery 3.0) 2 x USB 3.2 Gen2 Type-A 1 x HDMI™ 2.1 (8K @ 60Hz / 4K @ 120Hz) 1 x Audio combo jack |
|
Battery |
4-Cell, Li-Polymer, 81Whr |
|
Webcam |
IR FHD type (30fps@1080p) with HDR & 3D Noise Reduction+
(3DNR+) |
|
Dimension |
315.6 x 221.95 x 11.9-13.9 mm |
|
Weight |
1.32 Kg |
|
Color |
Platinum Gray |
|
Model Name |
Prestige 16 AI+ C3M |
|
Processor |
Up to Intel®
Core™ Ultra X9 processor 388H |
|
Operating System |
Windows 11 Home (MSI recommends Windows 11 Pro for business.) Windows 11 Pro |
|
Memory |
LPDDR5x onboard, up to 64GB, dual channel |
|
Display |
Up to 16" 2.8K (2800 x 1800), OLED, 48-120Hz VRR, 100%
DCI-P3 (Typ.), VESA DisplayHDR™ True Black 1000, Low Blue Light &
Flicker-free certified by SGS |
|
Graphics |
Intel® Arc™ GPU B390 (X9/X7) Intel®
Graphics (non X9/X7 Processors) |
|
Storage Slots |
1 x NVMe M.2 SSD by PCIe Gen4 |
|
Keyboard |
Single Backlit Keyboard (White) with Copilot Key |
|
Security |
Discrete Trusted Platform Module(dTPM) 2.0 / Fingerprint Reader
/ IR Webcam / Webcam Shutter / Smart Guard |
|
Sensor |
Ambient Light Sensor / Adaptive Color Sensor |
|
Communication |
Intel® Killer™ Wi-Fi 7, Bluetooth v6 |
|
Audio |
2 x 2W Stereo Speakers + 2 x 2W Woofers 1 x Audio combo jack DTS Audio Processing Spatial Array Microphone (3 Mic) Hi-Res Audio Ready |
|
I/O Ports |
2 x Thunderbolt™ 4 (DisplayPort™/ Power Delivery 3.0) 2 x USB 3.2 Gen1 Type-A 1 x HDMI™ 2.1 (8K @ 60Hz / 4K @ 120Hz) 1 x Audio combo jack |
|
Battery |
4-Cell, Li-Polymer, 81Whr |
|
Webcam |
IR FHD type (30fps@1080p) with HDR & 3D Noise Reduction+
(3DNR+) |
|
Dimension |
357.7 x 254.3 x 11.9-13.9 mm |
|
Weight |
1.59 Kg |
|
Color |
Platinum Gray Beige Gold |
|
Model Name |
Prestige 13 AI+ A3M |
|
Processor |
Up
to Intel®
Core™ Ultra 9 processor 386H |
|
Operating System |
Windows 11 Home (MSI recommends Windows 11 Pro for business.) Windows 11 Pro |
|
Memory |
LPDDR5x onboard, up to 64GB, dual channel |
|
Display |
13.3" 2.8K (2880x1800), OLED, 100% DCI-P3(Typ.), VESA
DisplayHDR™ True Black 600, SGS Eye Care Display |
|
Graphics |
Intel® Graphics |
|
Storage Slots |
1 x NVMe M.2 SSD by PCIe Gen4 x4 |
|
Keyboard |
Single Backlit Keyboard (White) with Copilot Key |
|
Security |
Discrete Trusted Platform Module(dTPM) 2.0 / Fingerprint Reader
/ IR Webcam / Webcam Shutter / Kensington Lock / Smart Guard |
|
Sensor |
Ambient Light Sensor / Adaptive Color Sensor |
|
Communication |
Intel® Killer™ Wi-Fi 7, Bluetooth v6 |
|
Audio |
2 x 2W Stereo Speakers 1 x Audio combo jack DTS Audio Processing Spatial Array Microphone
(3 Mic) Hi-Res Audio Ready |
|
I/O Ports |
2 x Thunderbolt™ 4
(DisplayPort™/ Power Delivery 3.0) 2 x USB 3.2 Gen1 Type-A 1 x microSD Card Reader 1 x HDMI™ 2.1 (8K@60Hz / 4K@120Hz) 1 x Audio combo jack 1 x Kensington Lock |
|
Battery |
4-Cell, Li-Polymer, 53Whr |
|
Webcam |
IR FHD type (30fps@1080p) with HDR & 3D Noise Reduction+
(3DNR+) |
|
Dimension |
299 x 210 x 15.9 mm |
|
Weight |
899 g |
|
Color |
Platinum Gray |
|
Model Name |
Modern 14S AI+ G3M |
|
Processor |
Up to Intel®
Core™ Ultra 7 processor 355 |
|
Operating System |
Windows 11 Home (MSI
recommends Windows 11 Pro for business.) Windows 11 Pro |
|
Memory |
DDR5, 2 slots, up to 32GB |
|
Display |
14" FHD+ (1920 x 1200), OLED, 100% DCI-P3 (Typ.), Low Blue
Light & Flicker-free certified by SGS 14" FHD+ (1920 x 1200), 48-120Hz VRR, IPS-Level panel, Low
Blue Light & Flicker-free certified by SGS |
|
Graphics |
Intel® Graphics |
|
Storage Slots |
1 x NVMe M.2 SSD by PCIe Gen4 x4 |
|
Keyboard |
Single Backlit Keyboard (White) with Copilot Key |
|
Security |
Firmware Trusted Platform
Module(fTPM) 2.0 / IR Webcam Webcam Shutter |
|
Communication |
Gigabit Ethernet / Intel® Wi-Fi 6E AX211, Bluetooth
v5.3 |
|
Audio |
2 × 2W Stereo Speakers 1 × Audio combo jack Hi-Res Audio Ready DTS Audio Processing |
|
I/O Ports |
2 x USB 3.2 Gen2 Type-C /
DisplayPort™ / Power Delivery 3.0 2 x USB 3.2 Gen1 Type-A 1 x microSD Card Reader 1 x HDMI™ 2.1(4K@60Hz) 1 x Audio combo jack 1 x Gigabit Ethernet |
|
Battery |
3-Cell, Li-Polymer, 60Whr |
|
Webcam |
IR HD type (30fps@720p) with 3D Noise Reduction (3DNR) |
|
Dimension |
315.9 x 223.9 x 11.1~17.9 mm |
|
Weight |
1.5 Kg |
|
Color |
Urban
Silver |
|
Model Name |
Modern 16S AI+ G3M |
|
Processor |
Up to Intel®
Core™ Ultra 7 processor 355 |
|
Operating System |
Windows 11 Home (MSI
recommends Windows 11 Pro for business.) Windows 11 Pro |
|
Memory |
DDR5, 2 slots, up to 32GB |
|
Display |
16" FHD+ (1920 x 1200), OLED, 100% DCI-P3 (Typ.), Low Blue
Light & Flicker-free certified by SGS 16"
FHD+ (1920 x 1200), 48-120Hz VRR, IPS-Level panel, Low Blue Light &
Flicker-free certified by SGS |
|
Graphics |
Intel® Graphics |
|
Storage Slots |
1 x NVMe M.2 SSD by PCIe Gen4 x4 |
|
Keyboard |
Single Backlit Keyboard (White) with Copilot Key |
|
Security |
Firmware Trusted Platform
Module(fTPM) 2.0 / IR Webcam Webcam Shutter |
|
Communication |
Gigabit Ethernet / Intel® Wi-Fi 6E AX211, Bluetooth
v5.3 |
|
Audio |
2 × 2W Stereo Speakers 1 × Audio combo jack Hi-Res Audio Ready DTS Audio Processing |
|
I/O Ports |
2 x USB 3.2 Gen2 Type-C /
DisplayPort™ / Power Delivery 3.0 2 x USB 3.2 Gen1 Type-A 1 x microSD Card Reader 1 x HDMI™ 2.1(4K@60Hz) 1 x Audio combo jack 1 x Gigabit Ethernet |
|
Battery |
3-Cell, Li-Polymer, 60Whr |
|
Webcam |
IR HD type (30fps@720p) with 3D Noise Reduction (3DNR) |
|
Dimension |
350.6 x 250.9 x 11.1~17.9 mm |
|
Weight |
1.7 Kg |
|
Color |
Platinum
Gray |
|
Model Name |
Raider 16 Max HX B2W |
|
Processor |
Intel® Core™
Ultra processors 200HX Series |
|
Operating System |
Windows 11 Home (MSI
recommends Windows 11 Pro for business.) Windows 11 Pro |
|
Graphics |
Up
to NVIDIA® GeForce RTX™ 5090 Laptop GPU |
|
Display |
16"
QHD+ (2560x1600), OLED, 240Hz, 100% DCI-P3(Typ.), VESA DisplayHDR™ True Black
1000, SGS Eye Care Display 16" QHD+ (2560x1600), 240Hz, 100% DCI-P3(Typ.), IPS-Level
panel |
|
Memory |
Up
to DDR5-7200, 2 slots, up to 128GB |
|
Storage |
1
x NVMe M.2 SSD by PCIe Gen5 x4 1
x NVMe M.2 SSD by PCIe Gen4 x4 |
|
Communication |
Gigabit
Ethernet (up to 2.5GbE) / Intel® Killer™ Wi-Fi 7 BE1750, Bluetooth
v5.4 |
|
Keyboard |
Per-Key
RGB Gaming Keyboard by SteelSeries with Copilot Key |
|
Webcam |
IR FHD type (30fps@1080p) with HDR & 3D Noise Reduction+
(3DNR+) |
|
Connectivity |
2 x Thunderbolt™ 4 (DisplayPort™/ Power Delivery 3.1) 1 x USB 3.2 Gen2 Type-A 2 x USB 3.2 Gen1 Type-A 1 x HDMI™ 2.1 (8K@60Hz/ 4K@120Hz) 1 x SD Express Memory Card Reader 1 x Audio combo jack 1 x Gigabit Ethernet |
|
Audio |
4 Speakers designed by Dynaudio system (2 x 2W Speakers + 2 x 2W
Woofers) 1 x Audio combo jack Nahimic 3 Audio Enhance Hi-Res Audio ready |
|
Battery |
4-Cell, Li-Polymer, 90Whr |
|
Dimension |
363 x 269.7 x 21.95~28.85 mm
|
|
Weight |
2.6
Kg |
|
Model Name |
Raider 16 HX B2W |
|
Processor |
Intel® Core™
Ultra processors 200HX Series |
|
Operating System |
Windows 11 Home (MSI
recommends Windows 11 Pro for business.) Windows 11 Pro |
|
Graphics |
Up
to NVIDIA® GeForce RTX™ 5080 Laptop GPU |
|
Display |
16"
QHD+ (2560x1600), OLED, 240Hz, 100% DCI-P3(Typ.), VESA DisplayHDR™ True Black
1000, SGS Eye Care Display 16" QHD+ (2560x1600), 240Hz, 100% DCI-P3(Typ.), IPS-Level
panel |
|
Memory |
Up
to DDR5-7200, 2 slots, up to 128GB |
|
Storage |
1
x NVMe M.2 SSD by PCIe Gen5 x4 1
x NVMe M.2 SSD by PCIe Gen4 x4 |
|
Communication |
Gigabit
Ethernet (up to 2.5GbE) / Intel® Killer™ Wi-Fi 7 BE1750, Bluetooth
v5.4 |
|
Keyboard |
24-Zone RGB Gaming Keyboard with Copilot Key |
|
Webcam |
IR FHD type (30fps@1080p) with HDR & 3D Noise Reduction+
(3DNR+) |
|
Connectivity |
2 x Thunderbolt™ 4 (DisplayPort™/ Power Delivery 3.1) 1 x USB 3.2 Gen2 Type-A 2 x USB 3.2 Gen1 Type-A 1 x HDMI™ 2.1 (8K@60Hz/
4K@120Hz) 1 x SD Express Memory Card Reader 1 x Combo Audio Jack 1 x Gigabit Ethernet *I/O ports may vary by models. |
|
Audio |
4 Speakers designed by Dynaudio system (2 x 2W Speakers + 2 x 2W
Woofers) 1 x Audio combo jack Nahimic 3 Audio Enhance Hi-Res Audio ready *Speakers design may vary by models. |
|
Battery |
4-Cell, Li-Polymer, 90Whr |
|
Dimension |
363 x 269.7 x 21.95~28.85 mm
|
|
Weight |
2.6
Kg |
|
Model Name |
Raider A16 HX B9W |
|
Processor |
Up to AMD Ryzen™ 9 9955HX
processor |
|
Operating System |
Windows 11 Home (MSI
recommends Windows 11 Pro for business.) Windows 11 Pro |
|
Graphics |
Up
to NVIDIA® GeForce RTX™ 5090 Laptop GPU |
|
Display |
16" QHD+ (2560x1600), 240Hz, 100% DCI-P3(Typ.), IPS-Level
panel |
|
Memory |
DDR5, 2 slots, up to 96GB |
|
Storage |
1 x NVMe M.2 SSD by PCIe Gen5 x4 1 x NVMe M.2 SSD by PCIe Gen4 x4 |
|
Communication |
Gigabit Ethernet (up to 2.5GbE) / Wi-Fi 7, Bluetooth v5.4 |
|
Keyboard |
24-Zone RGB Gaming Keyboard with Copilot Key |
|
Webcam |
IR FHD type (30fps@1080p) with HDR & 3D Noise Reduction+
(3DNR+) |
|
Connectivity |
2 x USB4® Type-C / DisplayPort™ / Power Delivery
3.1(Thunderbolt™ 4 Compatible) 1 x USB 3.2 Gen2 Type-A 2 x USB 3.2 Gen1 Type-A 1 x HDMI™ 2.1(8K@ 60Hz / 4K@ 120Hz) 1 x Audio combo jack 1 x Gigabit Ethernet |
|
Audio |
2 Speakers designed by Dynaudio system 1 x Audio combo jack Nahimic 3 Audio Enhance Hi-Res Audio ready |
|
Battery |
4-Cell, Li-Polymer, 90Whr |
|
Dimension |
363 x 269.7 x 21.95~25.85 mm
|
|
Weight |
2.6
Kg |
|
Model Name |
Stealth 16 AI+ B3W |
|
Processor |
Up to Intel®
Core™ Ultra 9 processor 386H |
|
Operating System |
Windows 11 Home (MSI
recommends Windows 11 Pro for business.) Windows 11 Pro |
|
Graphics |
Up
to NVIDIA® GeForce RTX™ 5090 Laptop GPU |
|
Display |
16” QHD+ (2560x1600), OLED, 240Hz, 100% DCI-P3(Typ.), VESA
DisplayHDR™ True Black 600, SGS Eye Care Display |
|
Memory |
Up to DDR5-7200, 2 slots, up to 128GB |
|
Storage |
2 x NVMe M.2 SSD by PCIe Gen4 x4 |
|
Communication |
Gigabit Ethernet (up to 2.5GbE) / Intel® Wi-Fi 7,
Bluetooth v6 |
|
Keyboard |
4-Zone RGB Gaming Keyboard with Copilot Key |
|
Webcam |
IR FHD type (30fps@1080p) with HDR & 3D Noise Reduction+
(3DNR+) |
|
Connectivity |
2 x Thunderbolt™ 4 (DisplayPort™/ Power Delivery 3.0) 2 x USB 3.2 Gen2 Type-A 1 x HDMI™ 2.1 (8K@60Hz / 4K@120Hz) 1 x Audio combo jack 1 x Gigabit Ethernet |
|
Audio |
2 x 2W Stereo Speakers + 2 x 2W Woofers 1 x Audio combo jack Nahimic 3 Audio Enhance Hi-Res Audio ready |
|
Battery |
4-Cell, Li-Polymer, 90Whr |
|
Dimension |
354 x 246 x 16.65~19.9 mm |
|
Weight |
1.99
Kg |
|
Model Name |
Crosshair 16 Max HX E2W |
|
Processor |
Intel® Core™
Ultra processors 200HX Series |
|
Operating System |
Windows 11 Home (MSI
recommends Windows 11 Pro for business.) Windows 11 Pro |
|
Graphics |
Up
to NVIDIA® GeForce RTX™ 5070 Laptop GPU |
|
Display |
16" QHD+ (2560x1600), OLED, 165Hz, 100% DCI-P3(Typ.), VESA
DisplayHDR™ True Black 500, SGS Eye Care Display |
|
Memory |
DDR5, 2 slots, up to 128GB |
|
Storage |
1
x NVMe M.2 SSD by PCIe Gen5 x4 1
x NVMe M.2 SSD by PCIe Gen4 x4 |
|
Communication |
Gigabit Ethernet (up to 2.5GbE) / Intel® Wi-Fi 6E
AX211, Bluetooth v5.3 |
|
Keyboard |
24-Zone RGB Gaming Keyboard with Copilot Key |
|
Webcam |
HD type (30fps@720p) with 3D Noise Reduction (3DNR) |
|
Connectivity |
1 x Thunderbolt™ 4 (DisplayPort™/ Power Delivery 3.1) 1 x USB 3.2 Gen2 Type-C (DisplayPort™ / Power Delivery 3.1) 1 x USB 3.2 Gen2 Type-A 2 x USB 3.2 Gen1 Type-A 1 x HDMI™ 2.1(8K@ 60Hz / 4K@ 120Hz) 1 x Audio combo jack 1 x Gigabit Ethernet |
|
Audio |
2 x 2W Stereo Speakers 1 x Audio combo jack Nahimic 3 Audio Enhance Hi-Res Audio ready |
|
Battery |
4-Cell, Li-Polymer, 80Whr |
|
Dimension |
363 x 269.7 x 21.95~23.9 mm |
|
Weight |
2.6
Kg |
|
Model Name |
Crosshair 16 HX E14W |
|
Processor |
Up to Intel®
Core™ i9 processor 14900HX |
|
Operating System |
Windows 11 Home (MSI
recommends Windows 11 Pro for business.) Windows 11 Pro |
|
Graphics |
Up
to NVIDIA® GeForce RTX™ 5070 Laptop GPU |
|
Display |
16" QHD+ (2560x1600), 240Hz, 100% DCI-P3(Typ.), IPS-Level
panel |
|
Memory |
DDR5, 2 slots, up to 96GB |
|
Storage |
1
x NVMe M.2 SSD by PCIe Gen5 x4 1
x NVMe M.2 SSD by PCIe Gen4 x4 |
|
Communication |
Gigabit Ethernet / Intel® Wi-Fi 6E AX211, Bluetooth
v5.3 |
|
Keyboard |
4-Zone RGB Gaming Keyboard with Copilot Key |
|
Webcam |
HD type (30fps@720p) with 3D Noise Reduction (3DNR) |
|
Connectivity |
2 x USB 3.2 Gen2 Type-C / DisplayPort™ / Power Delivery 3.0 3 x USB 3.2 Gen1 Type-A 1 x HDMI™ 2.1(8K@ 60Hz / 4K@ 120Hz) 1 x Audio combo jack 1 x Gigabit Ethernet |
|
Audio |
2 x 2W Stereo Speakers 1 x Audio combo jack Nahimic 3 Audio Enhance Hi-Res Audio ready |
|
Battery |
4-Cell, Li-Polymer, 80Whr |
|
Dimension |
363 x 269.7 x 21.95~25.45 mm
|
|
Weight |
2.3
Kg |
|
Model Name |
Claw 8 AI+ Glacier Blue Edition |
|
Processor |
Intel® Core™
Ultra 7 processor 258V |
|
Operating System |
Windows 11 Home |
|
Graphics |
Intel®
Arc™ GPU 140V |
|
Display |
8" FHD+ (1920x1200), Touchscreen, 48-120Hz VRR, 100%
sRGB(Typ.), 500nits(Typ.), IPS-Level panel |
|
Memory |
LPDDR5x-8533 Memory on Package, 32GB, dual channel |
|
Storage |
1
x NVMe M.2 2280 SSD by PCIe Gen 4 x4 |
|
Sensor |
6-Axis
IMU Vibration Motor |
|
Communication |
Intel® Wi-Fi 7, Bluetooth v5.4 |
|
Connectivity |
2 x Thunderbolt™ 4 (DisplayPort™/ Power Delivery 3.0) 1 x microSD Card Reader 1 x Audio Combo Jack |
|
Audio |
2 × 2W Speakers 1× Audio combo jack DTS Audio Processing Hi-Res Audio ready |
|
Battery |
6-Cell, Li-Polymer, 80Whr |
|
Dimension |
299 x 126 x 24 mm |
|
Weight |
795
g |
Source: MSI
0 Comments