Subscribe Us

header ads

Screen ကို ဘေးတိုက်ဆွဲဆန့်ကာ Ultrawide ပြောင်းနိုင်မည့် Lenovo ၏ Rollable Gaming Laptop


Image: Antonio G. Di Benedetto / The Verge

Lenovo ဟာ အပိုပစ္စည်းတွေ သယ်စရာမလိုဘဲ Laptop တစ်လုံးတည်းနဲ့ မျက်နှာပြင်အကျယ်ကြီး သုံးနိုင်ဖို့အတွက် လိပ်လို့ရတဲ့ Rollable မျက်နှာပြင်နည်းပညာကို နှစ်နဲ့ချီပြီး စမ်းသပ်လာခဲ့တာပါ။ အရင်က ရုံးသုံးပုံစံမျိုးကိုပဲ အာရုံစိုက်ခဲ့ပေမဲ့ အခု CES 2026 ပွဲမှာတော့ ဂိမ်းကစားသူတွေအတွက် ရည်ရွယ်တဲ့ ကမ္ဘာ့ပထမဆုံး Ultrawide Gaming Laptop Concept ဖြစ်တဲ့ Legion Pro Rollable ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

Image: Antonio G. Di Benedetto / The Verge

ဒီ Concept Laptop ရဲ့ ထူးခြားချက်ကတော့ ပုံမှန်အချိန်မှာ ၁၆ လက်မ အရွယ်အစားပဲရှိပေမဲ့ ခလုတ်လေးနှိပ်လိုက်ရုံနဲ့ မျက်နှာပြင်က ဘေးတိုက်ပွင့်ထွက်လာပြီး ၂၄ လက်မအထိ ကျယ်ပြန့်သွားတာပါ။ သူက Aspect Ratio သုံးမျိုးနဲ့ သုံးလို့ရပါတယ်။

Image: Antonio G. Di Benedetto / The Verge

Focus Mode မှာဆိုရင် ပုံမှန် မျက်နှာပြင်အကျယ် ၁၆ လက်မ (16:10 ratio) အနေအထားရှိမှာဖြစ်ပြီး Tactical Mode မှာဆိုရင်တော့ မျက်နှာပြင်အကျယ် ၂၁.၅ လက်မ (21:9 ratio) အနေအထားရရှိမှာဖြစ်ကာ Arena Mode မှာ ဆိုရင်တော့ မျက်နှာပြင်အကျယ် ၂၄ လက်မ (24:9 ratio) အထိ အကျယ်ဆုံး အနေအထားအထိရှိမှာဖြစ်ပါတယ်။

Image: Antonio G. Di Benedetto / The Verge

ဒီလိုမျိုး မျက်နှာပြင်ကို ချောချောမွေ့မွေ့နဲ့ အသံမထွက်ဘဲ ဆွဲဆန့်နိုင်ဖို့အတွက် မော်တာနှစ်လုံးပါတဲ့ စနစ်ကို အသုံးပြုထားပါတယ်။ ဒါပေမဲ့ လက်တွေ့စမ်းသပ်ကြည့်သူအချို့ရဲ့ အဆိုအရတော့ Prototype အဆင့်ပဲရှိသေးတာကြောင့် စက်လည်ပတ်ချိန်မှာ အသံအနည်းငယ်ထွက်တာမျိုး ရှိနေသေးတယ်လို့ သိရပါတယ်။ Lenovo ကတော့ ဒီ Laptop ကို ခရီးခဏခဏသွားရပြီး မျက်နှာပြင်အကျယ်ကြီးနဲ့ လေ့ကျင့်ချင်တဲ့ eSports ကစားသမားတွေအတွက် ရည်ရွယ်ထားတာပါ။

Image: Antonio G. Di Benedetto / The Verge

မျက်နှာပြင်က အကျယ်ကြီးဖြစ်သွားတဲ့အတွက် ပုံရိပ်တွေ ကောင်းကောင်းပြသနိုင်ဖို့ Hardware ပိုင်းကိုလည်း အမြင့်ဆုံးတွေ သုံးထားပါတယ်။ RTX 5090 Laptop GPU နဲ့ Intel Core Ultra 9 (X9 388H ဖြစ်နိုင်ခြေရှိ) Processor တို့ကို အခြေခံထားတာကြောင့် Performance ပိုင်းမှာတော့ ဘုရင်ပဲလို့ ပြောရမှာပါ။ ဒါ့အပြင် AI နည်းပညာကိုသုံးပြီး ဂိမ်းထဲက အခြေအနေပေါ်မူတည်ပြီး Display setting တွေကို အလိုအလျောက် ပြင်ပေးတာ၊ ဂိမ်းကစားရာမှာ အကြံပေးတာမျိုးတွေလုပ်ပေးမယ့် AI Gaming Assistant တွေလည်း ပါဝင်လာပါတယ်။

Lenovo ဟာ ဒီပွဲမှာ အခြား Concept တွေဖြစ်တဲ့ AI မျက်မှန်တွေ၊ AI Monitor တွေနဲ့ Adaptable Keyboard တွေကိုလည်း ပြသခဲ့ပါသေးတယ်။ နောက်ထပ် သတင်းကောင်းတစ်ခုကတော့ Lenovo ရဲ့ လက်ကိုင်ဂိမ်းစက်သစ် Legion Go 2 မှာ Valve ရဲ့ SteamOS ကို တရားဝင်ထောက်ပံ့ပေးတော့မှာဖြစ်လို့ Steam Deck လိုမျိုး ရိုးရှင်းလွယ်ကူတဲ့ interface နဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Source: TechSpot

Post a Comment

0 Comments