Subscribe Us

header ads

အမြင်အာရုံသက်သာစေမည့် E Ink မော်နီတာ

 


သင်ရဲ့အလုပ်ဟာ တစ်နေ့ကို ၈နာရီနဲ့အထက် ကွန်ပျူတာမော်နီတာကိုကြည့်နေရတဲ့သူဆိုရင် မျက်လုံးနဲ့ပိုသင့်တော်မယ့်မောနီတာကိုစိတ်ထဲလိုလားတောင့်တာနေမှာအမှန်ပါပဲ။ E Ink Display တွေကို Kindle တို့လို E Book reader တွေမှာ သုံးလာတာနှစ်ပေါင်းမနည်းတော့တာမို့ မော်နီတာအနေနဲ့ ဘာလို့မသုံးနိုင်ရမှာပါလိမ့်။ တရုတ်ကုမ္ပဏီ Daseng ဟာ နှစ်နဲ့ချီပြီး E Ink display တွေထုတ်လုပ်လာခဲ့ကာ အခုဆိုရင် 25.3လက်မရှိတဲ့ Daseng Paperlike 253 ကိုမိတ်ဆက်ပေးခဲ့ပါပြီ။

ဒီမော်နီတာမှာ ‌ပုံမှန်မော်နီတာတွေလိုနောက်ခံအလင်းထိုးပေးမယ့်အရာတွေမပါဝင်တာကြောင့် မော်နီတာအကြည့်များရင်ဖြစ်တက်တဲ့ အမြင်အာရုံရောဂါ‌တွေကနေသက်သာစေမှာပါ။


Daseng ဟာ 7.8လက်မရှိတဲ့ Not-eReader 103ဆိုတဲ့ Android Tablet ကိုထုတ်လုပ်ထားပြီး Ebook ဖတ်ခြင်းသာမက web browsing လုပ်ခြင်းနှင့် Facebook Youtube စတဲ့ App တွေကိုပါထည့်သွင်းနိုင်ပါတယ်။


ဒါ့အပြင် ကုမ္ပဏီ‌အနေနဲ့ 13.3လက်မအရွယ်ရှိတဲ့ E Ink Monitor ကိုပါထုတ်လုပ်ထားကာ ကွန်ပျူတာကို HDMI နှင့် USB မှတဆင့်မြင်ကွင်းကို mirror သို့ extend လုပ်ကာသုံးနိုင်ပါတယ်။

25.3လက်မရှိတဲ့ Paperlike 253မှာ အားရစရာ 3200x1800 resolution ရှိကာ အခြားသော E Ink Display တွေလို ရုပ်ပုံနဲ့စာတွေကြည့်ဖို့ ပတ်ဝန်းကျင်အလင်းကိုသာလိုအပ်ပါတယ်။

အားနည်းချက်အနေနဲ့ကတော့ အဆိုပါ display ဟာ grey အဆင့်ပေါင်း ၁၆ ခုကိုသာပြသပေးနိုင်သလို refresh rate ကလည်း ထင်ထားတာထက်ပိုနည်းနေကာ Video တွေကြည့်ရင် အနည်းငယ်ထစ်နေတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီမော်နီတာနဲ့ ဂိမ်းကစားဖို့တော့ မစဉ်းစားတာပိုကောင်းပါတယ်။


သင့်အနေနဲ့ စာဖတ်ဖို့နဲ့ စာရိုက်ဖို့အတွက်သာဆိုရင်တော့ Paperlike 253ကိုနှစ်သက်ပါလိမ့်မယ်။ သူ့ရဲ့ ဈေးနှုန်းကိုမသိရသေးပေမယ့် 13.3လက်မ display ကတော့ $999လို့ သိရပြီး ဈေးကတော့ကြီးမှာပါ။ Paperlike 253ကို ၂၀၂၁ ခုနှစ်အတွင်းရောင်းချလိမ့်မယ်လို့ယူဆရပါကြောင်း....

Source: Techspot and Daseng

#EnThueTech
#News

Post a Comment

0 Comments