Subscribe Us

header ads

Cryptocurrency ဈေးနှုန်းမြင့်တက်လာမှုကြောင့် Graphics Card များဆက်လက်ပြတ်လပ်နေဖွယ်ရှိ

 


ကံတရားကဒါမျိုးပြန်ဖြစ်လာမယ်လို့ပဲသတ်မှတ်ထားသလား။ cryptocurrency တွေ အထူးသဖြင့် Bitcoin ဈေးနှုန်းတွေ မြင့်တက်လာခဲ့ရာမှာ graphics card တွေဟာလည်း Miner တွေစက်ထဲရောက်ကုန်မှာဆိုးရိမ်‌နေရပါတယ်။ ဒီအခြေအနေဟာ RTX 3000နဲ့ Radeon 6000အဖို့လက်ရှိကြုံတွေ့နေရတဲ့ ဈေးကွက်ပြတ်လပ်မှုကိုပိုမိုဆိုးရွားစေခဲ့ပါပြီ။

၂၀၁၇ခုနှစ်မှာ Bitcoin ဈေးနှုန်း $19700ဖြစ်ပြီး တစ်နှစ်အကြာမှာ $3200 အထိကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းဟာ $7000နဲ့ $9000 အကြားမှာ အကြာကြီးရှိနေခဲ့ပေမယ့် ဒီဇင်ဘာလောက်ကစပြီး $20000ကိုကျော်လွန်ကာ မကြာသေးခင်က $30000 အထိကိုရောက်ရှိလာပါတယ်။



နောက်ထပ် ဒီဂျစ်တယ်ငွေကြေးဖြစ်တဲ့ Ethereum ကလည်းအလားတူဈေးနှုန်းတိုးတက်လာကာ $1000ဝန်းကျင်ဖြစ်လာပါတယ်။

Cryptocurrency တွေ ပိုပြီးတန်ဖိုးမြင့်တက်လာနဲ့အမျှ Miner တွေအတွက်နေ့တိုင်းဝင်ငွေတိုးလာစေ‌ပါတယ်။ အသစ်ထွက်Graphics Card တွေဟာလည်း စွမ်းဆောင်ရည်နဲ့ယှဉ်ရင် ဈေးနှုန်းကလည်း ပိုမိုသက်သာလာတာနဲ့အမျှ coin တွေကိုယခင်ထက်ပိုပြီး မြန်မြန်တူးလာနိုင်ပါတယ်။ Tom's Hardware ရဲ့ မှတ်ချက်တွေအရ MSRP ဈေး $400ရှိတဲ့ RTX 3060Ti ဟာ ရက်၈၀လောက် Mining လုပ်ပြီးရင် အရင်းကျေပြီလို့ဆိုပါတယ်။

သမိုင်းဘီးဟာ တစ်ပတ်ပြန်လည်လာခဲ့ပါပြီ။ ၂၀၁၇ခုနှစ်မှာ Bitcoin နဲ့ Ethereum ဈေးနှုန်းတိုးတက်လာမှုကြောင့် Graphics Card တွေဈေးနှုန်းမြင့်တက်လာခဲ့ဖူးပါတယ်။ သုံးစွဲသူတွေအမျက်ထွက်လာလို့ Gamer တွေထက် Miner တွေကိုဦးစားပေးနေသလားလို့ ရောင်းချတဲ့ retailerတွေကို Nvidia က တောင်းဆိုပေးရတဲ့အထိဖြစ်ခဲ့ဖူးပါတယ်။ နောက်ဆုံးမှာတော့ Cryptocurrency စျေးနှုန်းကျဆင်းမှုကြောင့် GPU ဈေးနှုန်းဟာပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။

ဒီအချိန်မှာထူးခြားတာက ကတ်တွေက စထွက်ကတည်းကရှားပါးနေခဲ့တာပါ။ Nvidia ကတော့ GPU တွေအနည်းဆုံး ဇန်နဝါရီလအကုန်ထိ ပြတ်လပ်နေဖွယ်ရှိပြီး Cryptocurrency ဈေးတက်လာတာနဲ့အမျှ Gamerတွေ GPU Upgrade လုပ်နိုင်ဖို့ အလှမ်းဝေးနေသေးဖွယ်ရှိပါတယ်။

Source: Techspot

#EnThueTech
#News #GPU

Post a Comment

0 Comments