Subscribe Us

header ads

Content Creator နှင့် Data Analyst များအတွက် Dell ၏ UltraSharp 40 Curved WUHD Monitor

 




အင်မတန်ကောင်းမွန်တဲ့ Warrenty: Dell ရဲ့ UltraSharp 40 Curved WUHD Monitor ကို အာမခံ၃နှစ်ပေးထားပြီး Dell premium exchange policy အရ ၃နှစ်အတွင်း pixel တစ်ခု dead သွားရင် Monitor အသစ်တစ်ခုနဲ့လဲလှယ်ပေးမှာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ Dell က UltraSharp Monitor အသစ်ကိုကြေညာလိုက်ပါတယ်။

Dell ရဲ့ UltraSharp 40 Curved WUHD Monitor ဟာ ကမ္ဘာ့ပထမဦးဆုံး 40လက်မ ultrawide curved WUHD (5128x2160 pixel, 104 PPI) resolution ရှိတဲ့ Display ဖြစ်လာပါတယ်။ Content Creator နှင့် Data Analyst တွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကိုတိုးမြှင့်စေဖို့ရာ အဆိုပါ display မှာ (100 percent sRGB၊ 100 percent Rec. 709 နဲ့ 98 percent DCI-P3) နဲ့ response time (fast mode) 5ms (gray to gray) ရှိတယ်လို့သိရပါတယ်။



Connectivity ပိုင်းအတွက် DisplayPort 1.4 တစ်ခု၊ HDMI 2.0 ports ၂ခု၊ Thunderbolt 3 connector တစ်ခု၊ USB Type-B upstream port တစ်ခု၊ USB Type-C downstream port တစ်ခု၊ four USB Type-A 10Gbps ports ၄ခု၊ BC1.2 charging capability ရတဲ့ USB Type-A 10Gbps port တစ်ခု၊ 3.5mm audio jack နဲ့ RJ45 port တို့ပါဝင်တယ်လို့သိရပါတယ်။

အခြား features တွေအနေနဲ့ Picture-by-Picture၊ 9W Dual Speaker နဲ့ KVM ဆိုတဲ့ ကွန်ပျူတာ၂စုံကို Keyboard/Mouse တစ်စုံတည်းနဲ့အသုံးပြုနိုင်မည့် Features တွေပါဝင်ပါတယ်။


ဒီ Monitor ဟာ CES 2021 ရဲ့ Innovation Award လည်း ချီးမြင့်ခြင်းခံထားရပါတယ်။ Dell UltraSharp 40 Curved WUHD Monitor(U4021QW) ကို ဇန်နဝါရီလ ၂၈ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပြီးဈေးနှုန်းက $2099.99 လို့သိရပါတယ်။

Source: Techspot

#EnThueTech
#News
#Monitor

Post a Comment

0 Comments