Subscribe Us

header ads

အနာဂတ် Laptopများအတွက် Samsung ၏ OLED Screenများ




2021 ဟာ OLED အတွက် ကြီးမားတဲ့တိုးတက်ပြောင်းလဲမှုဖြစ်လာမှာပါ။ လူတွေဟာ နောက်ဆုံးပေါ်ဂိမ်းစက်တွေအတွက် high end TV တွေဝယ်ယူလာချိန်မှာ Premium TV တွေဈေးကျလာခဲ့ပါတယ်။ Samsung အနေနဲ့ CES 21 ပွဲမှာ OLED Laptop Screen ဆယ်မျိုးကိုပြသသွားမယ်လို့ အတည်ပြုလိုက်ပြီး အနာဂတ်notebook တွေမှာ အရည်အသွေးကောင်းတဲ့ OLED Screen တွေ မြင်တွေ့ရတော့မှာပါ။

ဒီကြေညာချက်နှင့်အတူ 15.6လက်မရှိတဲ့ OLED Display တွေကိုလည်းဖန်တီးနေတယ်လို့သိရပြီး OLED Screen အသုံးပြုမှုပိုမိုကျယ်ပြန့်လာစေမှာဖြစ်ပြီး High End တွေမှာသာတွေ့ရတော့မှာမဟုတ်တဲ့အတွက် mainstream user တွေအတွက်ကျေနပ်စရာပါ။

ဒီ screen တွေမှာ 120% DCI-P3
85%HDR ရှိလို့ အကောင်းဆုံးအမြင်ခံစားမှုတွေရနိုင်မှာပါလို့ Samsung ကဆိုပါတယ်။ ဒါတင်မက Samsung က OLED Screen တွေဟာ LCD တွေထက်ဆယ်ဆတုန့်ပြန်မှုကောင်းတာကြောင့် high refresh screen လိုအပ်တဲ့ ဂိမ်းမာတွေအတွက်လည်းကောင်းမွန်တယ်လို့ဆိုပါတယ်။

Source: OC3D

#EnThueTech
#News

Post a Comment

0 Comments