Subscribe Us

header ads

ထိုင်ဝမ်တွင် အင်အား ၇.၄ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် TSMC စက်ရုံအချို့ ဘေးကင်းရာသို့ရွေ့ပြောင်းပေးခဲ့ရ

Image: US Geological Survey

ယနေ့ ဒေသစံ‌တော်ချိန် နံနက် ၇း၅၈မိနစ်အချိန်ခန့်က ထိုင်ဝမ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ အင်အား ၇.၄ရှိတဲ့ ငလျင်တစ်ခုဟာ Hulian မြို့ရဲ့ ၁၈ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်သွားခဲ့ပါတယ်။ ဒီအတွက်ထိုင်ဝမ်ဟာ ဆူနာမီသတိပေးချက်တွေအပြင် ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်းရေလွှမ်းမိုးမှုကြုံရနိုင်တဲ့သတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။ အမေရိကန်ဘူမိဗေဒအဖွဲ့အစည်း (US Geological Survey - USGS)ရဲ့ အချက်အလက်တွေအရ အဆိုပါငလျင်ဟာ ၁၉၉၉ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇အဆင့်ရှိတဲ့ ငလျင်နောက်ပိုင်း အကြီးမားဆုံးလှုပ်ခတ်မှုဖြစ်တယ်လို့ဆိုပါတယ်။ ဒါတင်မက ငလျင်လှုပ်ခတ်ပြီး ၁၃မိနစ်အကြာမှာ အင်အား ၆.၅ အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်သွားပြန်တယ်လို့ USGS ကဆိုပါတယ်။

CNN သတင်းအရ ထိုင်ဝမ်ဒေသစံတော်ချိန် မနက်၁၁နာရီအထိ Hualian County အတွင်းက အနည်းဆုံးအဆောက်အအုံ ၁၅ခုအပါအဝင် အနည်းဆုံး အဆောက်အအုံ၂၆ခုပြိုကျခဲ့တယ်လို့သိရပါတယ်။ နေအိမ်ပေါင်း ၉၁၀၀၀ကျော် ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။ Reddit ပေါ်က ဗီဒီယိုတွေအရ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်တစ်ခုဖြစ်တဲ့ Taipei 101 ဟာ တိုင်ပေတွင် သိသိသာသာ လှုပ်ရမ်းမှုကိုပြသနေပါတယ်။

လူထိခိုက်မှုအပြင် အဆိုပါငလျင်ကြောင့် ချစ်ပ်ထုတ်လုပ်ရေးမှာ သိသာတဲ့သက်ရောက်မှုရှိလာနိုင်ပြီး အဓိကအစိတ်အပိုင်းတွေပြတ်လပ်တာ (သို့မဟုတ်) ဈေးတက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါဟာ laptop ကနေတီဗီတွေအထိ အရာအားလုံးမှာ ဈေးနှုန်းတွေမြင့်တက်လာနိုင်ချေရှိနေပါတယ်။

ဒေသစံတော်ချိန်နံနက်၉နာရီ Bloomberg သတင်းအရ ကမ္ဘာ့အကြီးဆုံးချစ်ပ်ထုတ်လုပ်သူဖြစ်တဲ့ TSMC ဟာ စက်ရုံအချို့ကလူ‌ တွေကို ဘေးကင်းရာရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဆီမီးကွန်ဒတ်တာသတင်းထောက်တစ်ဦးဖြစ်သူ Wen-Yee Lee က TSMC အနေနဲ့ ကုမ္ပဏီတွင်းလုပ်ထုံးလုပ်နည်းတွေအရ အချို့စက်ရုံတွေကိုစွန့်ခွာမှုပြုလုပ်ခဲ့ရကြောင်း လူမှုကွန်ယက် X မှာရေးသားခဲ့ပါတယ်။

Image: Financial Times

သတင်းကောင်းက TSMC ရဲ့စက်ရုံတွေဟာ ထိုင်ဝမ်ရဲ့ အနောက်ဘက်မှာရှိနေခဲ့ပြီး ငလျင်ကအရှေ့ဘက်မှာလှုပ်ခတ်ခဲ့တာပါ။ Financial Times က TSMC စက်ရုံ၁၂ခုရဲ့တည်နေရာကို မြေပုံမှာ ပြသထားပြီး အဆိုပါစက်ရုံတွေဟာ Tainan၊ Taichung၊ Hsinchu နဲ့ Taoyuan မြို့တွေမှာပြန့်နှံ့တည်ရှိနေတာပါ။ Asia Tech Wire ရဲ့အဆိုအရဆိုရင် TSMC အနေနဲ့ ထုတ်လုပ်ရေးပိုင်းမှာ ၆နာရီခန့်နှောင့်နှေးခဲ့ကြောင်း ဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ဝမ်မှာ TSMC ကုမ္ပဏီတစ်ခုတည်းကချစ်ပ်တွေထုတ်လုပ်နေတာမဟုတ်သလို UMC(United Microelectronics Corporation) ကလည်း ၎င်းတို့စက်ရုံ တွေကိုစွန့်ခွာခဲ့ရကြောင်း Bloomberg ကဆိုပါတယ်။ UMC ရဲ့စက်ရုံတွေကလည်း ထိုင်ဝမ်ကျွန်းအနောက်ပိုင်းမှာတည်ရှိတာမို့ ငလျင်ကြောင့်ထိခိုက်ခဲ့မှာမဟုတ်ပါဘူး။

အရေးကြီးတဲ့အချက်က ချစ်ပ်ထုတ်လုပ်ရေးမှာ နှောင့်နှေးမှုအနည်းငယ်ဖြစ်ခဲ့ရင်တောင် ‌ဈေးနှုန်းတွေအများကြီးတက်လာနိုင်တာပါ။ ထိုင်ဝမ်ငလျင်တွေဟာ ကမ္ဘာ့အီလက်ထရောနစ်ထောက်ပံ့ရေးကွင်းဆက်ကို နှောင့်နှေးစေခဲ့ဖူးတဲ့သမိုင်းကြောင်းတွေရှိခဲ့ဖူးပါတယ်။ ၁၉၉၉ခုနှစ်က ထိုင်ဝမ်မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီးမှာ DRAM Module တွေရဲ့ဈေးနှုန်းဟာ ၂၅ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး လနဲ့ချီ ပြတ်လပ်မှုဖြစ်ပွားခဲ့ပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#Semiconductors 

Post a Comment

0 Comments