Subscribe Us

header ads

ဒေါ်လာ၁၀၀ဘီလီယံ ကုန်ကျနိုင်သည့် Star Gate AI စူပါကွန်ပျူတာကို OpenAI နှင့် Microsoft တို့ဖန်တီးမည်

Image via OC3D

The Information သတင်းအဆိုအရ OpenAI နဲ့ Microsoft ဟာ Stargate လို့အမည်ရတဲ့ AI စူပါကွန်ပျူတာအသစ်ကို ဖန်တီးဖို့စီစဉ်နေတယ်လို့သိရပါတယ်။ အဆိုပါ စူပါကွန်ပျူတာအသစ်ဟာ ၂၀၂၈ခုနှစ်မှာစတင်လည်ပတ်မှာဖြစ်ကာ ဒေါ်လာဘီလီယံ၁၀၀လောက်အထိကုန်ကျနိုင်တယ်လို့သိရပါတယ်။

Stargate ဟာ လာမည့်၆နှစ်အတွင်း Microsoft ကတည်ဆောက်သွားမယ့် စူပါကွန်ပျူတာအသစ်တွေထဲကတစ်ခုဖြစ်လာမှာပါ။ OpenAI နဲ့ Microsoft တို့ဟာ အဆင့် ၅ဆင့်ရှိတဲ့ supercomputing အစီအစဥ်ကိုရေးဆွဲထားပြီး Stargate ဟာ အဆိုပါအဆင့်၅ဆင့်ရှိတဲ့ AI စနစ်ထဲမှာပါဝင်လာပါလိမ့်မယ်။

Image via OC3D

OpenAI နဲ့ Microsoft တို့ရဲ့ “Stargate” စနစ်အတွက် ကုန်ကျစရိတ်အများစုဟာ ၎င်းရဲ့ AI ချစ်ပ်တွေဖြစ်ပါတယ်။ ယနေ့ခေတ်မှာ AI computing solution တွေဆိုတာ အလွန်စျေးကြီးတာမို့ ဒီစူပါကွန်ပျူတာအသစ်တွေဟာလည်းစျေးနှုန်းကြီးမြင့်နေရပါတယ်။

လောလောဆယ်မှာ Microsoft ရဲ့ “Stargate” စူပါကွန်ပျူတာမှာ ဘယ်လို AI computational solution ကို အသုံးပြုသွားမယ်ဆိုတာကို မသိရသေးပါဘူး။ Microsoft ရဲ့ကိုယ်ပိုင် AI ချစ်ပ်တွေအပြင် Nvidia ရဲ့ B200 Blackwell accelerators အသစ်တွေဟာလည်း ထင်ရှားတဲ့ပြိုင်ဖက်များဖြစ်ပါတယ်။

Microsoft နဲ့ OpenAI တို့ကတော့ ၎င်းတို့ရဲ့ “Stargate” စူပါကွန်ပြူတာတည်ရှိမှုကို တရားဝင် အတည်ပြုထားခြင်း မရှိသေးပါဘူး။ ဆိုလိုတာက AI မော်ဒယ်အသစ်တွေ ဖန်တီးဖို့အတွက် ကြီးမားလှတဲ့တွက်ချက်မှုဆိုင်ရာ စွမ်းဆောင်ရည် လိုအပ်ပါတယ်။ Microsoft နဲ့ OpenAI တို့အနေနဲ့ ၎င်းတို့ရဲ့ပြိုင်ဘက်တွေကို အသာရလိုတယ်ဆိုရင်တော့ အားကောင်းလှတဲ့ စူပါကွန်ပျူတာတွေ လိုအပ်မှာဖြစ်ပါတယ်။

Source: OC3D

#EnThueTech
#News
#AI
#HPC

Post a Comment

0 Comments