Subscribe Us

header ads

Microsoft ၏ Copilot ကို PC တွင် တိုက်ရိုက်လည်ပတ်နိုင်မည်၊ မျိုးဆက်သစ် AI PC များတွင် NPU စွမ်းဆောင်ရည် 40 TOPS ရှိရန်လိုအပ်

Image: Intel

မကြာသေးခင်က ထိုင်ဝမ်မှာကျင်းပခဲ့တဲ့ Intel ရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ Windows PC တွေအနေနဲ့ Copilot ကိုစက်မှာ လည်ပတ်နိုင်ဖို့ NPU တွေအသုံးပြုဖို့လိုအပ်ကြောင်း အများပြည်သူကိုအသိပေးလိုက်ပါတယ်။ 

Microsoft ဟာ မနှစ်ကတည်းက Windows 11 သုံးစွဲသူတွေကို Copilot အသုံးပြုဖို့ တွန်းအားပေးနေခဲ့ပြီး လက်ရှိမှာ cloud အခြေခံဖြင့်သာလည်ပတ်နေပါတယ်။ ကုမ္ပဏီအနေနဲ့ 24H2 update နဲ့အတူ NPU တွေထည့်သွင်းပေးခြင်းက သူတို့ရဲ့ AI Assistant ကိုပိုမိုကောင်းမွန်စေမယ်လို့မျှော်လင့်ထားပြီး ဒီနွေရာသီမှာရောက်ရှိလာနိုင်ပါတယ်။ 

Microsoft အနေနဲ့ upgrade အတွက် နေ့ရက်အတိအကျ ထုတ်ပြန်ထားတာမရှိသလို Copilot ဟာ အလုပ်အားလုံးကိုကိုင်တွယ်နိုင်စွမ်းမရှိပေမယ့် အလုပ်အများအပြားကို စက်ထဲက NPU အနေနဲ့ကိုင်တွယ်နိုင်လာမှာဖြစ်ပြီး cloud ကို မှီခိုနေရတာကိုလျော့ချနိုင်မယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Image: Microsoft

Microsoftအ‌နေနဲ့ AI PC ခေတ်ကိုရောက်ရှိဖို့ Windows ကီးဘုတ်တွေအတွက် specifications မှာ သီးခြား Copilot ခလုတ်ကိုထည့်သွင်းမိတ်ဆက်မှာဖြစ်ပြီး Intel အနေနဲ့ ၎င်းရဲ့ AI PC တွေမှာ တရားဝင်လိုအပ်ချက်တစ်ခုအဖြစ် ပေါင်းစပ်မှာဖြစ်ပါတယ်။ 

ယခင်က AI PC Spec မှာ CPU၊ GPU နဲ့ NPU ရှိရမယ်လို့သာသတ်မှတ်ခဲ့ပါတယ်။ နောက်ထပ် Intel အနေနဲ့ မျိုးဆက်သစ် AI PC တွေမှာ NPU စွမ်းဆောင်ရည် 40 TOPS ရှိရမယ်လို့ထည့်သွင်းလာပါတယ်။

မကြာသေးခင်ကထွက်ရှိထားတဲ့ Nvidia၊ Intel နဲ့ AMD graphics card တွေဟာ Nvidia ရဲ့ RTX Chatbot လို AI အလုပ်တွေဆောင်ရွက်ပေးနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် NPU တွေဟာ CPU နဲ့ GPU တွေရဲ့ အပိုဆောင်းအလုပ်ကိုသက်သာအောင်ဒီဇိုင်းပြုထားတဲ့အတွက် ဘက်ထရီသက်တမ်းပိုကောင်းစေနိုင်တယ်လို့ Intel ကဆိုပါတယ်။ သို့ပေမယ့် AI application တွေဟာ memory ပမာဏအများအပြားကိုသုံးစွဲမှာမို့ AI PC ရဲ့ system requirement တွေအပေါ် ဘယ်လိုထိခိုက်လာနိုင်သလဲဆိုတာဝောာ့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

တိုင်ပေမှာ developer တွေအတွက် AI ကိုအသုံးချနိုင်တဲ့ software အသစ်ဖန်တီးဖို့အတွက် အရင်းမြစ်တွေထောက်ပံ့ပေးသွားမယ်လို့လည်း Intel ကကြေညာခဲ့ပါတယ်။ မကြာခင်က Windows Insider Build တွေမှာ Copilot အနေနဲ့ setting တွေကိုအလိုအလျောက် navigate လုပ်နိုင်တာ၊ စာသားကိုအခြေခံပြီး ရှာ‌ ဖွေတာ (သို့မဟုတ်) workflow တွေကိုအမြန်ပြီးမြောက်စေအရာတွေဆောင်ရွက်တာ အစရှိတဲ့ feature တွေကို Microsoft က စမ်းသပ်နေကြောင်းဖော်ပြနေပါတယ်။

Source: TechSpot

#EnThueTech
#News
#AI
#Windows 

Post a Comment

0 Comments