Subscribe Us

header ads

Philips နှင့် AOC တို့၏ ကမ္ဘာ့ပထမဆုံး 1000 Hz Dual-Mode Gaming Monitor များ

Image: DisplaySpecifications

Philips နဲ့ AOC ကုမ္ပဏီတို့ဟာ 1440p Resolution မှာ 500 Hz နဲ့ 1080p Resolution မှာ 1000 Hz ကို ထောက်ပံ့ပေးနိုင်တဲ့ ပထမဆုံးသော Gaming Monitor များကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီ Monitor တွေဟာ Philips Evnia 27M2N5500XD နဲ့ AOC AGON Pro AGP277QK ဆိုတဲ့ မော်ဒယ်နှစ်မျိုးဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့က တရုတ်နိုင်ငံမှာ ပြသခဲ့တာပါ။ ဒီနှစ်မျိုးလုံးက 27 လက်မ Panel ကို အခြေခံထားပုံရပါတယ်။

ဒီ Monitor နှစ်မျိုးလုံးဟာ မူလ Native Resolution မှာ QHD (1440p) 500 Hz Display တွေဖြစ်ပေမဲ့ Resolution ကို 1080p အဖြစ် ပြောင်းလိုက်ရင် Refresh Rate ကို နှစ်ဆမြှင့်တင်ပြီး 1000 Hz အထိ ရရှိမှာ ဖြစ်ပါတယ်။ DisplaySpecifications ရဲ့ ဖော်ပြချက်အရ အဓိက စွမ်းဆောင်ရည်တွေကတော့ Static Contrast Ratio 2000:1 ၊ 1 ms (GtG) Response Time၊ VESA DisplayHDR 400 Certification:၊  Wide-gamut Coverageတို့ ပါဝင်ပါတယ်။ Panel အမျိုးအစားကို အတိအကျ အတည်ပြုခြင်း မရှိသေးပေမဲ့ ဖော်ပြထားတဲ့ Contrast Ratio 2000:1 ကြောင့် TN Panel အစား Contrast ပိုင်းမှာပိုမိုကောင်းမွန်တဲ့ IPS Panel အမျိုးအစား ဖြစ်ဖို့ ယူဆရပါတယ်။

Image: DisplaySpecifications

Image: DisplaySpecifications

Philips Evnia 27M2N5500XD ကိုတော့ အရင်က ရှန်ဟိုင်းမှာ ကျင်းပခဲ့တဲ့ WePlay Culture Expo မှာ ပြသခဲ့ဖူးပြီး AI ကို အခြေခံတဲ့ Light-sync စနစ်နဲ့ မျက်စိကျန်းမာရေးအတွက် ComfortView 4.0 စနစ်တွေကို Philips က အဓိက အသားပေးဖော်ပြခဲ့ပါတယ်။ လက်လီရောင်းချသွားမဲ့ ဗားရှင်းမှာတော့ Philips ရဲ့ Smart ErgoBase ပါဝင်တာကြောင့် လိုသလို ချိန်ညှိနိုင်မှာဖြစ်ပြီး၊ AOC AGP277QK မှာလည်း 4-way Stand ပါလာဖို့ မျှော်လင့်ရပါတယ်။

Image: DisplaySpecifications

ဒီ Monitor တွေဟာ 1000 Hz ကို ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ပြသတာ ဖြစ်ပေမယ့် LCD Panel တွေဖြစ်နေသေးတာကြောင့် Response Time က အပြစ်အနာအဆာကင်းမှာ မဟုတ်ဘဲ 1080p ကို 1440p Panel မှာ ပြောင်းသုံးတဲ့အခါ Non-integer Scaling ပြဿနာကြောင့် ရုပ်ထွက်အနည်းငယ် ကျဆင်းတာမျိုးတွေ ဖြစ်လာနိုင်ပါသေးတယ်။

Philips နဲ့ AOC တို့ဟာ ဈေးနှုန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ရောင်းချမယ့် အချိန်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမဲ့လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကျင်းပမယ့် CES 2026 ပြပွဲမှာ ဒီ Monitor နှစ်မျိုးကို ပြသပြီး အသေးစိတ် အချက်အလက်တွေ ပိုမိုသိရှိရဖွယ်ရှိပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Techpowerup


Post a Comment

0 Comments