မိတ်ဆွေတိုရေ အပတ်စဉ်တိုင်းဂိမ်းတွေပေးနေတဲ့ Epic Games ဟာ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလမှာ ဂိမ်းတွေအများကြီးပေးလေ့ရှိပါတယ်။ ယခင်နှစ်တွေကလည်း ဒီလိုကာလမှာ ၂၀၁၉ခုနှစ်တုန်းက ဂိမ်း ၁၂ခု၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်မှာ ဂိမ်း ၁၅ခုပေးခဲ့သလို ၂၀၂၃ခုနှစ်မှာလည်း ဂိမ်း ၁၇ ခု ပေးခဲ့သလို ၂၀၂၄ ခုနှစ်တုန်းကလည်း ဂိမ်း ၁၆ ခုအခမဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘာဂိမ်းပေးမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လိုသာ ဖော်ပြထားတာတွေ့ရပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့အထိ Epic Games က စုစုပေါင်းဂိမ်း ၁၇ ခုပေးသွားမယ်လို့သိရပါတယ်။
ဒီနေ့အတွက် အလှည့်ကျတဲ့ ပထမဆုံး Mystery Game ကတော့ နာမည်ကျော် Harry Potter ပရိတ်သက်တွေရဲ့ အသည်းစွဲ Hogwarts Legacy ဆိုတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ Open-World၊ Action၊ Adventure နဲ့ RPG ဂိမ်းအမျိုးအစားဖြစ်တဲ့ Hogwarts Legacy ကို ဒီဇင်ဘာလ ၁၈ရက်နေ့ည၁၀နာရီခွဲအထိ အခမဲ့ရယူနိုင်ပါတယ်။
ဂိမ်းရဲ့ ဇာတ်လမ်းကတော့ Harry Potter ဝတ္ထုတွေမတိုင်ခင် နှစ်ပေါင်း ၁၀၀ ခန့်အလို ၁၈၀၀ ပြည့်လွန်နှစ်လောက်က Hogwarts ကျောင်းတော်ကြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ကစားသူဟာ Hogwarts မှာ ပဉ္စမနှစ်ကျောင်းသားအဖြစ် နောက်ကျပြီး တက်ရောက်ခွင့်ရတဲ့ ကျောင်းသား/သူတစ်ယောက်အဖြစ်ကစားရမှာဖြစ်ပြီး သာမန်မဟုတ်တဲ့ ရှေးဟောင်းမှော်ပညာကို မြင်နိုင်၊ အသုံးပြုနိုင်တဲ့ ထူးခြားစွမ်းရည်ရှိသူ ဖြစ်ပါတယ်။ ကစားသူဟာ မှော်လောကကြီးကို ခြိမ်းခြောက်နေတဲ့ ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုနဲ့ အဲဒီစွမ်းအားကို အသုံးချချင်နေတဲ့ လူဆိုးတွေကို တိုက်ခိုက်ပြီး အဲဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ကာ မှော်လောကကြီးကို ကယ်တင်ရမှာ ဖြစ်ပါတယ်။
epic.gm/free-games
Minimum System Requirements
OS: Windows 10
CPU: Intel Core i5-8400 OR AMD Ryzen 5 2600
Memory: 16 GB
GPU: NVIDIA GeForce GTX 1070 or AMD RX Vega 56
Storage: 85 GB SDD(Preferred), HDD (Supported)
DirectX: Version 12
Recommended System Requirements
OS: Windows 10
CPU: Intel Core i7-8700 OR AMD Ryzen 5 3600
Memory: 16 GB
GPU: NVIDIA GeForce 1080 Ti or AMD RX 5700 XT
Storage: 85 GB SDD(Preferred), HDD (Supported)
DirectX: Version 12
နောက်အပတ် ဒီဇင်ဘာလ ၁၈ရက်နေ့မှာတော့ PC အတွက် ဘာဂိမ်း ထပ်ပေးမလဲဆိုတာ မသိရသေးဘဲ Mystery ဂိမ်း ၁ ခုလို့သာ ဖော်ပြထားပါတယ်။
ဒါတင်မက Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Dead Cells ဂိမ်းကို ဒီဇင်ဘာလ ၁၈ရက်နေ့အထိ အခမဲ့ပေးနေပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပြီး PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။
https://store.epicgames.com/en-US/download/android
Source: Epic Games
0 Comments