Subscribe Us

header ads

DJI ကို အမေရိကန်မှ အမျိုးသားလုံခြုံရေးအန္တရာယ်အကြောင်းပြ၍ ပိတ်ပင်ဖွယ်ရှိ

Image: DJI

အမေရိကန်အာဏာပိုင်တွေဟာ တရုတ်နိုင်ငံအခြေစိုက် ကမ္ဘာကျော် ဒရုန်းကုမ္ပဏီဖြစ်တဲ့ DJI ကိုအာရုံစိုက်နေကြပါတယ်။ အမေရိကန်ကွန်ဂရက်လွှတ်တော်က DJI ကို အမျိုးသားလုံးခြုံရေးအရ အန္တရာယ်တစ်ခုအဖြစ်ရှုမြင်လာတဲ့အတွက် ၄င်းကိုပိတ်ပင်လိုနေပါတယ်။ အကယ်၍ ဥပဒေပိုင်းဆိုင်ရာ သဘောတူညီချက်တွေရရှိခဲ့မယ်ဆိုရင် အမေရိကန် Federal Communications Commission's (FCC) ရဲ့ ပိတ်ဆို့မှုစာရင်းထဲထည့်သွင်းပြီး DJI ဟာ အမေရိကန်နိုင်ငံမှာ စီးပွားရေးဆက်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။

DJI ဟာ သုံးစွဲသူကနေ စိုက်ပျိုးရေးနယ်ပယ်နဲ့ ကုန်ပစ္စည်းပို့ဆောင်ရေးအထိ စုံလင်လှတဲ့နယ်ပယ်တွေမှာ ဒရုန်းတွေရောင်းချနေတာဖြစ်ပါတယ်။ content creator တွေဟာ ဒီဒရုန်းတွေကို အပျော်တမ်းအဆင့်ကနေ ပရော်ဖက်ရှင်နယ်အဆင့်အထိ နေရာအစုံမှာအသုံးချခဲ့ကြပါတယ်။ ဒီဒရုန်းတွေကို ပုဂ္ဂလိကအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ အသုံးပြုဖို့သာရည်ရွယ်ထားပေမယ့် ၎င်းကို ယုတ်ညံ့တဲ့နေရာမှာ (သို့မဟုတ်) ပိုဆိုးရွားတဲ့ကိစ္စမှာ အသုံးပြုခြင်းတွေဟာ ရပ်တန့်သွားမှာမဟုတ်ပါဘူး။

DJI ရဲ့ ဒရုန်းတွေဟာ တိုက်ခိုက်ရေးအတွက် ဒီဇိုင်းထုတ်ထားတာမဟုတ်ပဲ အရပ်ဖက်သုံးဆိုပေမယ့် သူတို့ရဲ့ ၆ရာခိုင်နှုန်းသောရှယ်ယာတွေဟာ တရုတ်အစိုးရပိုင်စီးပွားရေးလုပ်ငန်းတွေကပိုင်ဆိုင်ထားတာကြောင့် အမေရိကန်ဥပဒေပြုအမတ်တွေနဲ့ ပြဿနာအကြီးအကျယ်တက်နေရတာဖြစ်ပါတယ်။ DJI app မှာလည်း အားနည်းချက် (သို့မဟုတ်) backdoor တွေအပြင် DJI ရဲ့ လုပ်ငန်းအမြတ်ငွေတွေကလည်း တရုတ်ကွန်မြူနစ်ပါတီကိုအားကောင်းစေမယ်လို့ စိုးရိမ်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။

နယူးယောက်အထက်လွှတ်တော်အမတ်ဖြစ်သူ Elise Stefanik က "DJI မှာ လက်မခံနိုင်စရာအမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်တစ်ရပ်အဖြစ်ရှိနေပြီး ဒီကွန်မြူနစ်တရုတ်ကထုတ်တဲ့ဒရုန်းတွေကို အမေရိကန်မြေပေါ်ကနေဖယ်ရှားဖို့အချိန်လွန်နေပြီ"လို့ပြောကြားခဲ့ပါတယ်။ DJI ဘက်က ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Regina Lin ကတော့ ဒီအကြောင်းကို‌ ချေပခဲ့ပြီး သူတို့ရဲ့ဒရုန်းတွေဟာ စောင့်ကြည့်အကဲခတ်ဖို့ဖန်တီးထားတာမဟုတ်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အသုံးချခဲ့တာမရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ဒရုန်းတွေကို စစ်ဘက်အတွက်ရောင်းချမှုမရှိပေမယ့် DJI ဒရုန်းတွေဟာ ရုရှား၊ ယူကရိန်းစစ်ပွဲမှာ အသုံးချနေတာကိုတွေ့မြင်နေရပါတယ်။ ရှင်ကျန်းဒေသမှာရှိတဲ့ ဝီဂါမွတ်စလင်တွေအပေါ်စောင့်ကြည့်ရာမှာအသုံးပြုနေခဲ့ပေမယ့် ထိုအချိန်ကတိုက်ရိုက်တုန့်ပြန်တဲ့အနေနဲ့ ပိတ်ပင်မှုတွေမထုတ်ပြန်ခဲ့ပါဘူး။ တကယ်လို့ ဒီလိုသာပစားပေးနေခဲ့ရင် အခြားကုမ္ပဏီတွေဟာလည်းဒီပုံစံအတိုင်းလုပ်လာနိုင်ပါတယ်။ ဘယ်ဘက်ကပဲဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တက်တက်ကြွကြွပါဝင်နေတဲ့ ကုမ္ပဏီတွေကို အခွင့်အရေးတွေရုတ်သိမ်းခြင်း (သို့မဟုတ်) ဟန့်တားခြင်းဟာ အင်မတန်အရေးကြီးပါတယ်။

ကိုယ်ရေးကိုယ်တာဆိုတာ အရေးကြီးတဲ့အချက်အလက်တစ်ခုဖြစ်ပြီး နိုင်ငံတစ်ခုတည်းက ကုမ္ပဏီတွေအတွက် သီးသန့်ဖြစ်မနေသင့်ပါဘူး။ ဘယ်လိုအကြောင်းအရင်းတွေရှိနေပါစေ နည်းပညာကုမ္ပဏီတွေကို ရောင်းချခွင့်နဲ့ လုပ်ငန်းလည်ပတ်ခွင့်ပိတ်ပင်ခြင်းဟာ ရေရှည်မှာ ကုမ္ပဏီတွေနဲ့ နိုင်ငံတွေအပေါ် သက်ရောက်မှု အနည်းငယ်မျှသာ ရှိပုံရပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေရှိလင့်ကစား ရုရှားမှာအသုံးပြုနေတဲ့ချစ်ပ်ရဲ့ ၉၀ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကနေလာတာဖြစ်ပါတယ်။

အကယ်၍ဥပဒေကို အတည်ပြုနိုင်ခဲ့ရင် DJI ဒရုန်းတွေကို သာမန်သုံးစွဲသူတွေတောင် ဝယ်ယူနိုင်တော့မှာမဟုတ်ပါဘူး။ ဘယ်လိုပိတ်ပင်မှုပဲဖြစ်ဖြစ် ယခင် DJI ဝန်ထမ်းဟောင်းတစ်ဦးမျှဝေခဲ့တဲ့ ၂၀၂၂ကအချက်အလက်တွေအရ သူ့ရဲ့ ဈေးကွက် ၅၈ရာခိုင်နှုန်းကို ဆိုးရွားစွာသက်ရောက်လာမှာဖြစ်ပါတယ်။ ဒီကိစ္စဟာ လက်ရှိအမေရိကန်မှာ လက်ဝယ်ရှိပြီးသား ဒရုန်းတွေအပေါ်သက်ရောက်မှာမဟုတ်ပေမယ့် ကုမ္ပဏီအနေနဲ့ ဈေးကွက်မှာရောင်းချမှုမရှိတော့တဲ့အခါ ဝန်ဆောင်မှုနဲ့ အပိုပစ္စည်းပိုင်းမှာပါထိခိုက်လာမှာမို့ ဈေးကွက်ကနေထွက်ခွာသွားနိုင်ပါတယ်။ ဒါဟာ Huawei၊ NAND memory ထုတ်လုပ်သူ YMTC နဲ့ လက်ရှိပိတ်ပင်ဖို့ကြိုးပမ်း နေတဲ့ TikTok တို့ကို ပိတ်ပင်ခြင်းမျိုးနဲ့ ကွာခြားမှုရှိမှာမဟုတ်ပါဘူး။

Source: Tom's Hardware

#EnThueTech
#News
#Drones

Post a Comment

0 Comments