Subscribe Us

header ads

FAA ခွင့်ပြုချက်ရရှိပြီးနောက် SpaceX ၏ Starlink Internet ကို United Airlines လေယာဉ်များတွင် ပိုမိုတပ်ဆင်သွားမည်

Image Lukas Souza | Simple Flying

SpaceX ရဲ့ Starlink ဂြိုဟ်တု အင်တာနက်ကို United Airlines ရဲ့ လေယာဉ်တွေ၊ အထူးသဖြင့် လေယာဉ်ကြီးတွေမှာပါ ပိုမိုတပ်ဆင်အသုံးပြုနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၂၇ ရက်) မှာ United Airlines က သူတို့ရဲ့ Boeing 737-800 လေယာဉ်တွေမှာ Starlink ကို စတင်အသုံးပြုဖို့အတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက် ရရှိခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ (FAA) က လေယာဉ်တွေအတွက် Starlink hardware ကို ပြုပြင်မွမ်းမံဖို့ လိုအပ်တဲ့ ခွင့်ပြုချက်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Starlink Wi-Fi ကို ပထမဆုံး တပ်ဆင်ထားတဲ့ 737-800 လေယာဉ်ဟာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ Newark/New York ကနေ စတင်ပျံသန်းမှာ ဖြစ်ပါတယ်။ United Airlines ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ ဒေသတွင်း ပျံသန်းတဲ့ လေယာဉ်တစ်ဝက်ကျော် မှာ Starlink ကို စတင်တပ်ဆင်ပြီးစီးနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက Embraer 175 ဆိုတဲ့ ဒေသတွင်း ပျံသန်းပြေးဆွဲတဲ့လေယာဉ် တွေမှာ ဂြိုဟ်တုအင်တာနက်ကို စတင်အသုံးပြုနိုင်ခဲ့တာပါ။

United ဟာ သူတို့ရဲ့ လေယာဉ်အားလုံးမှာ Starlink ကို တပ်ဆင်နိုင်ဖို့အတွက် FAA ရဲ့ STC (Supplemental Type Certificates) ကို ရယူဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်အရ ဒေသတွင်းနဲ့ ပင်မ လေယာဉ်မော်ဒယ်ပေါင်း ၁၆ မျိုးကျော် မှာ Starlink စက်ပစ္စည်းအသစ်တွေ တပ်ဆင်သွားမှာပါ။


Image: United Airlines

ဒါပေမဲ့ စစချင်းမှာတော့ United ဟာ Embraer 175 လေယာဉ်တွေမှာ Starlink ပစ္စည်းတွေနဲ့ static interference ပြဿနာ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဒီပြဿနာက Starlink အင်တင်နာကို လေယာဉ်မှူးတွေ လေကြောင်းထိန်းချုပ်ရေးတာဝါနဲ့ ဆက်သွယ်ဖို့ အသုံးပြုတဲ့ အခြားအင်တင်နာနဲ့ အရမ်းနီးကပ်စွာ ထားမိရာကနေ ဖြစ်ပေါ်တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက SpaceX က Starlink ဟာ ကမ္ဘာတစ်ဝန်းက လေယာဉ် ၁,၀၀၀ ကျော် မှာ စတင်အသုံးပြုနေပြီလို့ ကြေညာခဲ့ပါတယ်။ Hawaiian Airlines နဲ့ Qatar Airways လို လေကြောင်းလိုင်းတွေက Starlink ကို အသုံးပြုနေကြပြီး Air France လို တခြားလေကြောင်းလိုင်းတွေကလည်း တပ်ဆင်ဖို့ ပြင်ဆင်နေကြပါတယ်။

Ookla's Speedtest ရဲ့ အချက်အလက်တွေအရ Starlink ဟာ ပျံသန်းနေစဉ်အတွင်း တစ်စက္ကန့်ကို 120Mbps ကနေ 160Mbps အထိ download မြန်နှုန်း ပေးနိုင်ပြီး ပြိုင်ဘက် လေယာဉ်ပေါ်က Wi-Fi စနစ်တွေထက် အများကြီး ပိုမြန်နေပါတယ်။

သို့ပေမဲ့ SpaceX ဟာ Amazon ရဲ့ Project Kuiper လို့ခေါ်တဲ့ အခြား ဂြိုဟ်တုအင်တာနက် စနစ်သစ်တစ်ခုနဲ့ မကြာခင်မှာ ပြိုင်ဆိုင်ရတော့မှာပါ။ လေကြောင်းလိုင်း JetBlue က ဒီလအစောပိုင်းမှာ လေယာဉ်ပေါ်က Wi-Fi ဝန်ဆောင်မှုပေးဖို့ Kuiper ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ Kuiper က ၂၀၂၇ ခုနှစ်လောက်မှ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး Amazon ကတော့ လာမယ့်နှစ်ရဲ့ ပထမသုံးလပတ် အစောပိုင်းမှာ တကယ့်အသုံးပြုသူတွေကို စတင်ဝန်ဆောင်မှုပေးမယ်လို့ အရိပ်အမြွက် ပြောကြားထားပါတယ်။

Source: PC Mag

Post a Comment

0 Comments