Subscribe Us

header ads

Meta မှ ၎င်းတို့၏ Quest OS ကို third-party VR များအတွက်လမ်းဖွင့်လာ၊ Asus နှင့် Lenovo တို့စတင်အသုံးပြုဖွယ်ရှိ

 

Image: Meta

Meta ဟာ သူတို့ရဲ့ Quest VR headset တွေမှာ အသုံးပြုထားတဲ့ OS ကို third-party VR တွေမှာအသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ ဒီကြေညာမှုနဲ့အတူ operating system ကို အမည်အသစ်ပေးခဲ့တာအပြင် software distribution ဆိုင်ရာမူဝါဒတွေမှာလည်း သိသာတဲ့အပြောင်းအလဲတွေပြုလုပ်ခဲ့ပါတယ်။

Meta ရဲ့ ပလက်ဖောင်းကိုအသုံးပြုတဲ့ VR တွေဟာ Meta Horizon OS(ယခင် Quest OS) ကိုအသုံးပြုလည်ပတ်မှာဖြစ်ပါတယ်။ ဒါတင်မက Quest App store ကိုလည်း Meta Horizon Store လို့ပြောင်းလဲခေါ်ဆိုမှာဖြစ်သလို Meta Quest companion app ကိုလည်း Meta Horizon app လို့ခေါ်ဆိုမှာဖြစ်ပါတယ်။

ပထမဆုံးမိတ်ဖက်ထဲမှာ ဂိမ်းအသားပေးထုတ်လုပ်တဲ့ Asus ရဲ့ ROG headset၊ Lenovo ရဲ့ mixed-reality headset နဲ့ Microsoft က Xbox အမည်နာမနဲ့ပွဲထွက်လာမယ့် Meta Quest တို့ ဖြစ်ပါတယ်။ အဆိုပါထုတ်ကုန်အားလုံးဟာ Quest တွေမှာအသုံးပြုနေတဲ့ Qualcomm ချစ်ပ်တွေနဲ့လည်ပတ်မှာဆိုပေမယ့် lens သို့မဟုတ် အခြားအတွင်းအစိတ်အပိုင်းတွေကွာခြားသွားဖွယ်ရှိပါတယ်။

Image: REUTERS/Annegret Hilse

ဒါတင်မက Meta ရဲ့ software ecosystem ဟာလည်း ပိုမိုပွင့်လင်းလာမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ sideloading အကြောင်းဖော်ပြထားတာမျိုးမရှိပေမယ့် Meta Store မှာ App Lab software ရောက်ရှိလာမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်။ Google ရဲ့ Play Store ကိုလည်း Horizon OS ပေါ်မှာရရှိလိုပေမယ့် ရှာဖွေရေးအင်ဂျင်ကုမ္ပဏီကြီးဘက်ကဘယ်လိုတုန့်ပြန်လာမလဲဆိုတာ ရှင်းရှင်းလင်းမသိရသေးပါဘူး။

Meta ရဲ့ platform မှာ app တွေအများပြားယူဆောင်လာဖို့ နောက်ထပ်ကြိုးပမ်းမှုတစ်ရပ်က ကုမ္ပဏီ ရဲ့ spatial app framework ဖြစ်ပြီး ၄င်းဟာ mobile software တွေကို Horizon ကို port လုပ်ပြီး mixed reality အဖြစ်ပြောင်းလဲအသုံးပြုရာမှာ အဆင်ပြေဖို့ရည်ရွယ်ထားပါတယ်။

Meta အနေနဲ့ ဒီလို app တွေဘယ်တော့ရရှိနိုင်မလဲဆိုတာကိုဖော်ပြမထားပေမယ့် developer တွေအနေနဲ့ လက်ရှိမှာအဆိုပါ tool ကိုအသုံးပြုဖို့လျှောက်ထားနိုင်ပါပြီ။

အကယ်၍ Meta ရဲ့ open-platform မဟာဗျုဟာသာအောင်မြင်သွားခဲ့ရင် Meta အနေနဲ့ augmented reality လောကမှာ Android (သို့မဟုတ်)Windows လိုအနေအထားရရှိသွားနိုင်ပြီး ဒီလောကမှာ Apple ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမှာပါ။ ဒီမဟာဗျုဟာအပြောင်းအလဲနဲ့အတူ Meta ဟာ သူတို့ရဲ့ Meta Quest 2 headset ကို မကြာသေးခင်က $199 အထိစျေးချထားခဲ့ပြီဖြစ်ပါတယ်။

Source: TechSpot

#EnThueTech
#News
#ARVR

Post a Comment

0 Comments