Subscribe Us

header ads

တရုတ်နိုင်ငံမှ အစိုးရကွန်ပျူတာများတွင် Intel နှင့် AMD CPU များအပြင် Microsoft Windows ကို ဝယ်ယူမှုပိတ်ပင်

Image: Shutterstock

ကမ္ဘာ့အကြီးဆုံးစီးပွားရေးတွေပိုင်ဆိုင်ထားကြတဲ့နိုင်ငံတွေအကြား ဖြစ်ပွားနေတဲ့ နည်းပညာစစ်ပွဲဟာ ရပ်တံ့သွားမယ့်ပုံမပေါ်သေးပါဘူး။ ဒီတစ်ခါမှာတော့ AI ချစ်ပ်တွေကိုပိတ်ဆို့တာ (သို့မဟုတ်) ချစ်ပ်ထုတ်လုပ်ရေးစက်တွေကိုကန့်သတ်တာတွေမဟုတ်ပဲ တရုတ်နိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုဟာ သူတို့ရဲ့ အကောင်းဆုံးထုတ်ကုန်တွေကို တစ်ဖက်ကရယူသွားမှာမလိုလားကြပါဘူး။

နောက်ဆုံးတင်းမားမှုကတော့ တရုတ်နိုင်ငံဘက်ကဖြစ်ပြီး အစိုးရကွန်ပျူတာတွေမှာ Intel နဲ့ AMD CPU တွေအသုံးပြုမှုကိုတားဆီးဖို့ကြံရွယ်လာတာပါ။ ဒါတင်မက Microsoft ရဲ့ Windows OS ကိုပါပိတ်ပင်လိုနေတာပါ။ Financial Times ရဲ့ သတင်းအရ တရုတ်အစိုးရဟာ ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးဖို့ရာ အမေရိကန်နည်းပညာထုတ်ကုန်တွေကို ဖယ်ရှားလိုနေတာဖြစ်ပါတယ်။

လမ်းညွန်ချက်တွေကို အစိုးရတာဝန်ရှိသူတွေထံ ယမန်နှစ် ဒီဇင်ဘာလ၂၆ရက်နေ့က ပေးအပ်ခဲ့ပြီး ဒီနှစ်မှာ စတင်လိုက်နာဆောင်ရွက်လာတာဖြစ်ပါတယ်။ တရုတ်အစိုးရအနေနဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်မှု‌တွေကို ကိုးကားပြီး အစိုးရပိုင်ကွန်ပျူတာတွေဟာ "ဘေးကင်းစိတ်ချ"ရတဲ့ ‌ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲလ်ရှိစေလိုပါတယ်။

Financial Times အစီရင်ခံစာထဲမှာ တရုတ်အစိုးရပိုင်စီးပွားရေးလုပ်ငန်းတွေဟာလည်း တူညီတဲ့လမ်းညွှန်မှုကိုလိုက်နာဖို့လိုအပ်ကြောင်းအသိပေးထားပြီး တရုတ်နည်းပညာထုတ်ကုန်တွေကို ၂၀၂၇ခုနှစ်မှာစတင်ပြောင်းလဲအသုံးပြုရမယ်လို့ သတင်းအရင်းအမြစ်တွေကိုကိုးကားဖော်ပြထားပါတယ်။

လုံခြုံရေးအရစိုးရိမ်မှုနဲ့အတူ တရုတ်အစိုးရရဲ့ဆုံးဖြတ်ချက်ဟာ ပြည်တွင်းနည်းပညာကဏ္ဍကိုမြှင့်တင်ပေးမှာဖြစ်ပြီး အမေရိကန်ရဲ့ အလားတူဆောင်ရွက်ချက်ကိုလက်တုံ့ပြန်မှုအဖြစ် ရှုမြင်နိုင်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ TikTok ကိုပိတ်ပင်နိုင်လာချေရှိခြင်းက ၂နိုင်ငံအကြား မယုံကြည်မှုတွေတိုးပွားလာမှုရဲ့ နောက်ဆုံးဥပမာတစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ Intel၊ AMD နဲ့ Microsoft တို့ရဲ့ အဓိကဈေးကွက်တစ်ခုဖြစ်ပါတယ်။ တားမြစ်ချက်ဟာ အစိုးရဌာနတွေနဲ့သာ သက်ဆိုင်တယ်ဆိုပေမယ့် ကုမ္ပဏီ၃ခုလုံးအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာထိခိုက်မှုတွေရှိလာမှာကို သေချာစောင့်ကြည့်သွားရမှာပါ။ သတင်းတွေအရ ၂၀၂၃ခုနှစ်အတွင်း တရုတ်နိုင်ငံဟာ Intel ရဲ့ အကြီးမားဆုံးဈေးကွက်ဖြစ်ကာ ၎င်းရဲ့ဒေါ်လာ ၅၄ဘီလီယံရောင်းအားရဲ့ ၂၇% အထိရှိခဲ့ပြီး AMD အတွက်ကတော့ ရောင်းအား ဒေါ်လာ ၂၃ဘီလီယံရဲ့ ၁၅%ရှိခဲ့ပါတယ်။

Financial Times အစီရင်ခံစာအရ AMD (သို့မဟုတ်) Intel ဟာ ၎င်းတို့ရဲ့ ထုတ်ကုန်တွေရဲ့ သုတေသနနဲ့ဖွံ့ဖြိုးမှုလုပ်ငန်းနဲ့ ကုဒ်တွေပါတင်သွင်းရမှာမို့ တရုတ်အစိုးရရဲ့ အတည်ပြုဟာဒ့်ဝဲစာရင်းထဲပါဝင်လာဖို့ အလွန်ပင်ခက်ခဲကြောင်းဖော်ပြထားပါတယ်။

ကမ္ဘာကြီးဟာ ချစ်ပ်တွေအသုံးပြုပြီး ဆောင်ရွက်လည်ပတ်နေတာကြောင့် ချစ်ပ်တွေမရှိရင် အရာအားလုံးဟာရပ်တန့်သွားပါလိမ့်မယ်။ အစိုးရတွေအနေနဲ့ နောက်ဆုံးပေါ်ချစ်ပ်နည်းပညာကို ငွေရှာဖို့သာမက အမျိုးသားလုံခြုံရေးအတွက်ဦးစားပေးရှုမြင်နေတာဟာ အဆန်းမဟုတ်ပါဘူး။ ထိုင်ဝမ်ကိုဥပမာတစ်ခုအဖြစ်ယူဆမယ်ဆိုရင် ကျွန်းမှာငလျင်အကြီးအကျယ်လှုပ်ခဲ့မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာချစ်ပ်ထုတ်လုပ်ရေးအပေါ်သက်‌ရောက်မှုကြီးမားမှာဖြစ်သလို အခြားအရေးပါတဲ့စီးပွား‌ရေးကဏ္ဍတွေအပေါ်လည်း ရိုက်ခတ်လာပါလိမ့်မယ်။

အစီရင်ခံစာမှာ Nvidia ထုတ်ကုန်တွေအပေါ်ပိတ်ပင်မှုတွေမပါဝင်ပေမယ့် အမေရိကန်ဘက်ကတော့ Nvidia ရဲ့အကောင်းဆုံး AI ဟာ့ဒ်ဝဲတွေကိုရောင်းချမှုကိုတားမြစ်ထားပါတယ်။ ပိတ်ပင်ထားတဲ့စာရင်းထဲမှာ Nvidia ကို စမထည့်ထားရတာက အစိုးရကွန်ပျူတာတွေအနေနဲ့သီးခြား GPU တွေအသုံးပြုစရာမလိုတာကြောင့်လို့ဆိုနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့AI နည်းပညာပိုင်းမှာ အမေရိကန်ကိုမယှဉ်နိုင်သေးတဲ့ အချက်ကြောင့်လို့လည်းမြင်နိုင်ပါတယ်။

Source: PC Gamer

#EnThueTech
#News
#Regional
#CPU

Post a Comment

0 Comments