သတင်းထုတ်ပြန်ချက်
ကမ္ဘာတစ်ဝှမ်းရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများက
မျှော်လင့်ချက်ကြီးမားစွာရှိနေ
A10 Networks ၏
ကမ္ဘာလုံးဆိုင်ရာသုတေသနပြုချက်က ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ၏ ဦးစားပေးမှုများ၊
မျှော်လင့်ချက်များနှင့် ရှုထောင့်များကိုဖော်ပြထား
လေ့လာချက်ကို
Opinion Matters ဆိုသည့်
လွတ်လပ်သည့်သုတေသနအဖွဲ့မှဦးစီး၍ ဒေသ၁၁ခုရှိ အကြီးတန်း CSP အိုင်တီပရော်ဖက်ရှင်နယ်
၂၇၅၀ဦးကို network
traffic များ ယခုထက်ပိုမိုတိုးပွားလာနိုင်ခြေရှိမရှိ မေးမြန်းခဲ့ရာ ၆၆ရာခိုင်နှုန်းက လာမည့် ၂နှစ်၊ ၃နှစ် အတွင်း ၅၀
မှ ၁၀၀ ရာခိုင်နှုန်း အထိ တိုးတက်လာမည်ဟု ယုံကြည်ကြသဖြင့် network traffic များ တိုးတက်လာမည်ဟု အားလုံးနီးပါးက
မျှော်မှန်းထားသည်ကိုတွေ့ရှိရပါသည်။ ဤသည်မှာ Network security တွင် ရင်းနှီးမြုပ်နှံခြင်း၊ resource အားနည်းသည့် community များအတွက် infrastructureများ တိုးချဲ့ခြင်းနှင့် ဈေးကွက်အသစ်များနှင့် ဝန်ဆောင်မှုအသစ်များကို ခွဲခြမ်းစိတ်ဖြာခြင်းအပါအဝင်
ဆောင်ရွက်မှုများစွာ ပြုလုပ်လာမည်ဟု အချက်ပေးနေခြင်းလည်းဖြစ်ပါသည်။
လေ့လာမှုစာရင်းအရ customer များအနေဖြင့် cloud ကိုကူးပြောင်းလာခြင်းနှင့် IPv4 မှ IPv6 သို့ ပြောင်းလဲခြင်းကဲ့သို့သော အဓိက market trend များက CSPs
များအပေါ် မည်ကဲ့သို့အကျိုးသက်ရောက်နေသည်ကိုလည်း စူးစမ်းရှာဖွေခဲ့ပါသည်။
အများစုမှာ cloud နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့်
အကျိုးရလဒ်များ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသော်လည်း IPv4 မှ IPv6 သို့ ကူးပြောင်းရာတွင်မူ တိုးတက်မှုသည် အနည်းငယ်မျှသာ ချောမွေ့ သည်ကို
တွေ့ရှိရပါသည်။
သုတေသနတွေ့ရှိချက်များအပေါ်
မှတ်ချက်ပေးရာတွင် A10
International မှ ဒုဥက္ကဌဖြစ်သူ Anthony Webb က
"စီးပွားရေးအရမသေချာမရေရာမှုတွေရှိနေပေမယ့် ခံနိုင်ရည်ရှိမှုနှင့်
စီးပွားရေးပြန်လည်ဦးမော့လာရေးမှာ ဒီဂျစ်တယ်ချိတ်ဆက်မှုဟာ အဓိကကျတဲ့အတွက် CSPတွေဆီက လွန်ခဲ့သောနှစ်များအတွင်းက မြင်တွေ့ခဲ့ရတဲ့
ခိုင်မာတဲ့တိုးတက်မှုကို ဆက်လက်ရရှိနေဖို့မျှော်လင့်ထားပါတယ်။ ဒါဟာ CSP တွေအကြား အဓိကကျတဲ့ infrastructureနဲ့ နည်းပညာရင်းနှီးမြုပ်နှံမှု
စီမံကိန်းတွေကိုလုပ်ကိုင်ဆောင်ရွက်ဖို့ရာ ယုံကြည်ချက်ရှိဖို့ ဖန်တီးပေးနေတာဘဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ သုတေသနမှာလည်း သူတို့ရဲ့ network security ကို
ချဉ်းကပ်ပုံဟာ အတွေ့အကြုံပိုမိုရင့်သန်လာတယ်ဆိုတာ ပြသနေပါတယ်၊ ဒါပေမယ့် IPv6 ကို ကူးပြောင်းရာမှာတော့ စိန်ခေါ်မှုတွေရှိနေပါတယ်" ဟု
ပြောကြားခဲ့ပါသည်။
ဝန်ဆောင်မှုပေးသူများမှ ဒစ်ဂျစ်တယ်ကွာဟမှုကို
ရပ်တန့်ရန်ကြိုးပမ်းနေခြင်း
CSPs များ သည် network တိုးချဲ့မှုကို ဝန်ဆောင်မှုမပေးနိုင်သေးသည့်
(သို့မဟုတ်) ဝန်ဆောင်မှုအားနည်းနေသည့် communityထံသို့ ၎င်းတို့၏ Network များကို
ရောက်ရှိရန် အဓိကရင်းနှီးမြုပ်နှံထားပါသည်။ အလှမ်းဝေးသည့် (သို့မဟုတ်)
တွက်ချေမကိုက်သည့်နေရာများထံ လုံခြုံစိတ်ချရသည့် ဆက်သွယ်မှုပံ့ပိုးခြင်းသည်
သာတူညီမျှမဖြစ်မှုကို လျော့ချရာတွင် အရေးကြီးသည်ဟု မှတ်ယူထားပါသည်။ ထို့ကြောင့် လေ့လာမှုစာရင်းကို ဖြေကြားသူအားလုံး၏ ၆၉ရာခိုင်နှုန်းသည် ၎င်းတို့၏ Networkများကို ဝန်ဆောင်မှု မပေးနိုင်သေးသည့်၊ ဝန်ဆောင်မှုအားနည်းနေသည့် communityထံသို့ တိုးချဲ့နေခြင်းမှာ ကောင်းကွက်တစ်ခုဖြစ်သည်ဟု မြင်ပါသည်။ ၄င်းတို့အနက်မှ ဖြေကြားသူထက်ဝက်ခန့်က လက်ရှိ subscriber ဦးရေ၏ ၁၀ရာခိုင်နှုန်းကျော် ပိုမိုမြင့်တက်လာမည်ဟု မျှော်မှန်းထားပြီး ဖြေကြားသူ၁၉ရာခိုင်နှုန်းကမူ
လက်ရှိ subscriber ဦးရေ၏ ၅၀ရာခိုင်နှုန်းကျော်
တိုးတက်ရရှိမည်ဟု မျှော်မှန်းထားပါသည်။
ထို့အပြင်
နောက်ထပ်ဖြေကြားသူ ၃၁ ရာခိုင်နှုန်းတွင် အများစုမှာ CSP လုပ်ငန်းကြီးများမှဖြစ်ပြီး ၎င်းတို့အနေဖြင့်
Data Center များ ထပ်မံတည်ဆောက်ရန်စီစဉ်ထားကာ အခြားသော CSP
လုပ်ငန်းငယ်များ အတွက်လည်း ပံ့ပိုးမှုများထပ်လောင်းပေးအပ်သွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့ကြပါသည်။
Networkလုံခြုံရေးမဟာဗျူဟာသည် ပိုမိုခေတ်မှီ၍ကွဲပြားလာခြင်း
အဆိုပါ
Network ချဲ့ထွင်ခြင်းစီမံကိန်းများကို
CSP များက စီစဥ်လာသည်နှင့်အမျှ လုံခြုံရေးကိုလည်း အဓိကလုပ်ဆောင်မည့်လက္ခဏာများ
တွေ့ရှိလာရပါသည်။ A10 Networks မှ ၂၀၂၁ခုနှစ်တွင် အလားတူ လေ့လာချက်တစ်ခုကို
ဆောင်ရွက်ခဲ့ရာ လုံခြုံရေးဆိုင်ရာရင်းနှီးမြုပ်နှံမှုအား firewall အဆင့်မြှင့်တင်ရေး၌သာ အထူးအလေးပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခုအခါတွင်မူ firewall
နှင့် appliances အဆင့်မြှင့်တင်ခြင်းများသည်
အရေးကြီးနေသေးသော်လည်း CSP များအနေဖြင့် Network လုံခြုံရေးအကာအကွယ်၏ ပိုမိုကျယ်ပြန့်သည့်အစိတ်အပိုင်းများကိုပါ အာရုံစိုက်လာကြပါသည်။
ဖြေကြားသူ
၂၇ရာခိုင်နှုန်းအတွက် DDoS တိုက်ခိုက်မှုကို
ထောက်လှမ်းခြင်းနှင့် စောင့်ကြည့်ခြင်းသည် ဦးစားပေးအရာတစ်ခုဖြစ်နေချိန်တွင်
ဖြေကြားသူ ၂၆ရာခိုင်နှုန်းမှာ ransomware နှင့် malware
ကာကွယ်ရေး ဝန်ဆောင်မှုအပေါ် ရင်းနှီးမြုပ်နှံနေပါသည်။ Security policy များကို အလိုအလျောက်(automate) လုပ်ဆောင်နိုင်ရန် ကြိုးစားနေကြသည့် ရာခိုင်နှုန်းနှင့် မတူညီသည့်solutionများကို ရိုးရှင်းလွယ်ကူအောင်ပေါင်းစပ်ရန်(integrate) လုပ်ဆောင်နေသည့် ရာခိုင်နှုန်းမှာ အတူတူပင်ဖြစ်ပါသည်။
Anthony Webb က
"CSP များအနေနဲ့ growth ဖြစ်လာတာနဲ့အမျှ resourceတွေကို ထိထိရောက်ရောက် အသုံးချပြီး
customerများထံ အရည်အသွေးမြင့်ဝန်ဆောင်မှုကိုပေးဖို့ရာ လုံခြုံရေးကိုမြှင့်တင်ပြီး
စည်းမျဥ်းစည်းကမ်းတွေလိုက်နာဖို့ရာ အမှန်ပင်အရေးကြီးလာပါတယ်။ လုံခြုံရေးကို မထိခိုက်စေဘဲ ဝန်ဆောင်မှုပေးသူတွေရဲ့ ယခင်စနစ်များကို
မြန်မြန်ဆန်ဆန်ချိန်ညှိနိုင် စေတဲ့ solutionတွေကို
စိတ်ဝင်စားမှုတိုးပွားလာတယ်ဆိုတာ ကျွန်ုပ်တို့တွေ့မြင်ရပြီဖြစ်ပါတယ်။ သူ့မှာ AI၊ machine learning နဲ့ automation solutions
တွေပါဝင်ပြီး managementဝန်ထုတ်ဝန်ပိုးဖြစ်မှုကို
လျော့ကျစေကာ network ကို အပြည့်အဝထိန်းချုပ်ခွင့်ပေးမှာဖြစ်ပါတယ်။ Providerတွေအတွက်လည်း ဒါက Network အရွယ်အစား ကြီးမားလာတာနဲ့အမျှ threat
ခြိမ်းခြောက်မှုတွေတိုးပွားလာမှုကိုလည်း စိတ်အေးသက်သာမှု
ပေးပါတယ်။" ဟု ထပ်လောင်း ပြောကြားခဲ့ပါသည်။
စီးပွားရေးလုပ်ငန်းကြီးများ cloud ကို ပြောင်းရွေ့ခြင်းသည် CSP များအပေါ်တွင် အပြုသဘောသက်ရောက်နေခြင်း
Customerများအနေဖြင့် cloud ကိုဆက်လက် Migrate လာကြတာ နှင့်အမျှ
CSP များအနေဖြင့် Customer တွေရဲ့ Bussiness အပေါ် impact ရှိလာပြီး သုံးပုံနှစ်ပုံနီးပါး(၆၃ရာခိုင်နှုန်း)က
Positive impact ဖြစ်တာကိုတွေ့ရပါတယ်။လေးပုံတစ်ပုံကတော့Direct revenue ဖြစ်စေတာကိုတွေ့ရပြီး
ငါးပုံ တစ်ပုံကတော့ public cloud နှင့် managed data center services ကို ပေးအပ်ရန်ပြောင်းလဲ
လာကြ တာကိုတွေ့ရပါတယ်။ အခြား ဖြေကြားသူ ၁၉ရာခိုင်နှုန်းက သူတို့ရဲ့Services ကို တစ်မူထူးခြားစေ
ကာ Customerများနှင့် ၎င်းတို့၏ဆက်စပ်မှုကိုတိုးတက်လာကြောင်းဖြေကြားပေးခဲ့ပါတယ်
။ ဖြေကြားသူ ၁၆ရာခိုင်နှုန်းခန့် ကတော့ cloud ကို ပြောင်းလဲခြင်းကြောင့် ဝင်ငွေဆုံးရှံးမှုကြုံတွေ့ခဲ့ရကြောင်းပြော
ကြားခဲ့ပါသည်။
CSP ဝယ်ယူတဲ့ Decision မှာ Cloud ရဲ့သက်ရောက်မှုတွေကလည်းရှိနေပါတယ်။ Cloud Native Form Factor ဟာ Network equipment များအသစ်ဝယ်ယူတဲ့နေရာ အဓိက Top purchasing criterion ဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ Network and System တွေနဲ့ integration လုပ်နိုင်ရန်လည်း အဓိကရေးကြီးပါတယ်။
IPv6 သို့ကူးပြောင်းမှုသည် စိန်ခေါ်မှုအဖြစ်ဆက်လက်ကျန်ရှိနေခြင်း
CSP များအနေဖြင့် IPv4
Address လိုအပ်ချက်မြင့်မားမှုနှင့် ရှားပါးလာခြင်းက IPv6 ပြောင်းလဲရန်အဓိက တွန်းအားများဖြစ်ပါတယ်။
သို့သော်လည်း လေ့လာမှုအရ ဖြေကြားသူ ၃၀ရာခိုင်နှုန်းခန့်သာ လာမည့် ၂နှစ်၊ ၄နှစ်အတွင်း
အောင်မြင်မှု ရရှိမည်ဟု မျှော်မှန်းထားပါသည်။ ယင်းအစား ဖြေကြားသူသုံးပုံ တစ်ပုံကျော်
ကတော၎င်းတို့၏ IPv4 address pools များကို ဂရုတစိုက်စီမံခန့်ခွဲ့ရန် မဟာဗျူဟာ ကိုချမှတ်ကာ
လုပ် ဆောင်နေကာ တဖြည်းဖြည်းနှင့် IPv6 သို့ကူးပြောင်းနေကြောင်းတွေ့ရပါတယ်။ ဖြေကြားသူ
၃၄ရာခိုင်နှုန်း ကမူ ၎င်းတို့၂ခုကို တပြိုင်တည်းလုပ်ဆောင်ရန် ရည်မှန်းထားပါသည်။
Providers များအနေဖြင့် IPv4 address များရရှိရန် ခက်ခဲလာသည်နှင့်အမျှရေတိုတွင် ရုန်းကန်နေရ သည် ကို တွေ့မြင်နိုင်ပါသည်။
Globalization တိုးတက်လာခြင်းနှင့် ဝယ်လိုအားတိုးပွားလာခြင်းမှ အခွင့်အလမ်းပေါများလာခြင်း
A10 Networks ၏ Global Communication Service Providers: Market Growth Fuels Security Investments အစီရင်ခံစာတွင်ဖော်ပြထားချက်အရ CSP များသည် အရေးကြီးသည့် အချိန်တစ်ခုတွင်ရှိနေပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကြီးထွားလာစေရန်နှင့် diversify ဖြစ်စေရန် ဝယ်လိုအားနှင့် အခွင့်အလမ်း များကို ဆုပ်ကိုင်၍ ရင်းနှီးမြှပ်နှံရန် ရည်ရွယ်လာကြပါသည်။ ၎င်းတို့အနေဖြင့် Globalization ဖြစ်လာခြင်း၊ cloud နည်းပညာဖြင့် DDoS တိုက်ခိုက်မှုကို ကာကွယ်ခြင်းနှင့် ယေဘူယျဝယ်လိုအား တိုးတက်လာခြင်းတို့က အကြီးမားဆုံးအခွင့်အလမ်း ၃ခုဖြစ်ကြောင်း ယုံကြည်ထားကြပါသည်။ ၎င်းတို့၏ အပြည့်အဝ လုပ်ဆောင် နိုင်စွမ်းကို နားလည်သဘောပေါက်ရန် ဝန်ဆောင်မှုပေးသူများအနေဖြင့် ၎င်းတို့၏ Networkများ ကို scaleလုပ်ဖို့နှင့် ကာကွယ်ခြင်းပြုလုပ်ရန် လိုအပ်ပါတယ် ။ သို့မှသာလျှင် infrastructureက လုံခြုံစိတ်ချမှုရှိပြီး high availabilityကို ရနိုင်မှာဖြစ်ပါတယ်။
စစ်တမ်းကောက်ယူထားသည့် နိုင်ငံများနှင့်ဒေသများအကြား ကွဲပြားခြားနားချက်များနှင့် သုံးသပ်ချက်များကို အသေးစိတ် ပိုမိုသိရှိလိုပါက အစီရင်ခံစာအပြည့်အစုံကို ဤနေရာတွင်ရယူနိုင်ပါသည် https://bit.ly/3KO3C4q
ပြီးပါပြီ
*Methodology: A10 Networks သည်
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စစ်တမ်းတစ်ခုကောက်ယူရန် လွတ်လပ်သော
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Opinion Matters အား
တာဝန်ပေးခဲ့ပါသည်။ မိုဘိုင်းလ်၊ fixed-line telecom၊
ကေဘယ်လ်၊ converged၊ MVNO နှင့် MVNA
နှင့် OTT ဝန်ဆောင်မှုပေးသူ များအပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူ
အမျိုးမျိုးရှိ အကြီးတန်း IT professionals ၂၇၅၀ ဦးထံမှ
စစ်တမ်းကောက်ယူခဲ့ပါသည်။ ၄င်းသည် ၂၀၂၁ ခုနှစ်တွင်
ပြုလုပ်ခဲ့သော ယခင်လေ့လာမှုအပေါ် ချဲ့ထွင်ထားသည့်
ဆက်သွယ်ရေးဝန်ဆောင်မှုနယ်ပယ်အတွင်း A10 Networks ၏ ကမ္ဘာတစ်ဝှမ်း ဒုတိယအကြိမ် ကောက်ယူသောစစ်တမ်းဖြစ်သည်။ စစ်တမ်းကောက်ယူသောစျေးကွက်များမှာ
ယူကေ၊ ဥရောပတောင်ပိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ အိန္ဒိယ၊
အရှေ့အလယ်ပိုင်းနိုင်ငံများ၊ Benelux နိုင်ငံများ(နယ်သာလန်နှင့်
ဘယ်ဂျီယံ)၊ အရှေ့ဥရောပနိုင်ငံများ၊ အာရှပစိဖိတ်၊ နော့ဒစ်နိုင်ငံများ (ဖင်လန်၊
နော်ဝေနှင့် ဆွီဒင်) နှင့် ဗဟိုနှင့်တောင်အမေရိကနိုင်ငံများ ဖြစ်ပါသည်။
A10 Networks (NYSE: ATEN) သည်
လုံခြုံစိတ်ချရသော application ဝန်ဆောင်မှုများ၊ multi-cloud၊ edge-cloud များကို hyperscale အဆင့် ဆောင်ရွက်ပေးနေပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဝန်ဆောင်မှုပေးသူများနှင့်
စီးပွားရေးလုပ်ငန်းများအား multi-cloud transformation နှင့် 5G readinessတို့အတွက် စိတ်ချလုံခြုံမှုရှိပြီး
ထိရောက်မှုရှိတဲ့ business
critical applicationsတွေကို
လုပ်ဆောင်ပေးချင်တာဖြစ်ပါတယ်။
ကျွန်ုပ်တို့သည် investment protection၊ လုပ်ငန်းmodelအသစ်များ နှင့် future-proof infrastructure များကို ထောက်ပံ့ကူညီပေးခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ business outcomes များကိုယူဆောင်ပေးနေပါတယ် ။ A10 Networks ကို ၂၀၀၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Jose တွင် အခြေစိုက်ကာကမ္ဘာတစ်ဝှမ်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အသေးစိတ် သိလိုပါက www.a10networks.com နှင့် Twitter တွင် @A10Networks ကို follow လုပ်ထားနိုင်ပါသည်။
Source: A10 Networks
0 Comments