Subscribe Us

header ads

ထိုင်ဝမ်အ‌နေဖြင့် တရုတ်နိုင်ငံနှင့်စစ်ဖြစ်ပွားချိန်တွင် TSMC ကို အမေရိကန်၏ဗုံးကြဲတိုက်ခိုက်ခြင်းမှကာကွယ်သွားမည်

Image: VCG via Getty Images

တနင်္လာနေ့က ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng ဟာ ထိုင်ဝမ်ရဲ့နယ်မြေစိုးမိုးမှုနဲ့ပတ်သက်တဲ့ ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။ Taiwan News ရဲ့အဆိုအရ တရုတ်နိုင်ငံနဲ့စစ်မက်ဖြစ်ပွားတဲ့အချိန်မှာ အမေရိကန်အနေနဲ့ TSMC ကိုဖျက်ဆီးဖို့ကြိုးပမ်းတာမျိုးကိုခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ပုံမှန်အားဖြင့် ထိုင်ဝမ်နဲ့တရုတ်နိုင်ငံအကြား စကားလုံးစစ်ပွဲတွေဟာ ကြမ်းကြမ်းတမ်းတမ်းပြောဆို‌လေ့ရှိပေမယ့် ထိုင်ဝမ်နဲ့အမေရိကန်ဟာ မိတ်ဆွေတွေမို့ ဘာတွေဖြစ်နေကြပါလိမ့်။

အမေရိကန်၊ ထိုင်ဝမ်နဲ့တရုတ်နိုင်ငံတို့ကြားက ပထဝီဝင်နိုင်ငံရေးဟာရှုပ်ထွေးပွေလီလှပြီး သူတို့အသီးသီးကြားမှာ စံနှုန်း၊ နားလည်မှု၊ ရှုပ်ထွေးမှုနဲ့ မူဝါဒကွဲပြားခြားနားကြပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်နဲ့ထိုင်ဝမ်ကို မဟာမိတ်တွေအဖြစ်ရှုမြင်ကြပေမယ့် မကြာသေးခင်က အမေရိကန်ကွန်ဂရက်အမတ် Seth Moulton ရဲ့ပြောကြားချက်က စည်းကျော်ဘောင်ကျော်တွေဖြစ်ခဲ့ပါတယ်။

Moulton အနေနဲ့ အမေရိကန်ချစ်ပ်မူဝါဒနဲ့ တရုတ်နိုင်ငံအကြောင်းကိုပြောဆိုခဲ့ရာမှာ "တရုတ်နိုင်ငံအနေနဲ့ထိုင်ဝမ်ကိုကျူးကျော်လာမယ်ဆိုရင် TSMC ကိုဖောက်ခွဲမယ့်‌အကြောင်း တရုတ်နိုင်ငံကိုရှင်းရှင်းလင်းလင်းအသိပေးထားသင့်တယ်" လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုမူဝါဒကိုပွင့်ပွင့်လင်းလင်းပြောဆိုလိုက်တာဟာ ထိုင်ဝမ်အတွက်မျက်မှောင်ကြုံ့စရာဖြစ်ခဲ့တာမို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဟာ ထိုင်ဝမ်မီဒီယာတွေရဲ့မေးမြန်းချက်ကိုခုလိုထုတ်ပြန်ချက်နဲ့တုန့်ပြန်လိုက်တာဖြစ်ပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက "ထိုင်ဝမ်တပ်ဖွဲ့တွေဟာ ထိုင်ဝမ်ရဲ့ ပြည်သူ၊ ပစ္စည်းနဲ့ ဗျူဟာမြောက်အရင်းအမြစ်တွေအပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးကနေမဆိုကာကွယ်ပေးဖို့တာဝန်ရှိပါတယ်။ သူတို့အနေနဲ့ ဟိုနေရာ (သို့မဟုတ်)ဒီနေရာမှာ ဗုံးကြဲတိုက်ခိုက်မယ်ဆိုရင် ထိုင်ဝမ်တပ်ဖွဲ့တွေအနေနဲ့ခွင့်ပြုမှာမဟုတ်ပါဘူး"လို့ ဆိုပါတယ်။

အမေရိကန်ကွန်ဂရက်အမတ် Seth Moulton ဟာ အမေရိကန်ကမ်းတက်တပ်ဖွဲ့က အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်တာမို့ သူ့ရဲ့ TSMC ရဲ့ ချစ်ပ်ထုတ်လုပ်ရေးစက်ရုံတွေကိုဖျက်ဆီးမယ်လို့ပြောကြားမှုဟာ အသစ်အဆန်းတစ်ခုတော့မဟုတ်ပါဘူး။

Image: EPA-EFE/RITCHIE B. TONGO

မနှစ်က TSMC ဥက္ကဌဖြစ်သူ Mark Liu က "TSMC ကိုဘယ်သူမှ အင်အားသုံးထိန်းချုပ်နိုင်မှာမဟုတ်ကြောင်းပြောကြားခဲ့ပြီး ထိုင်ဝမ်သာကျုးကျော်ခံခဲ့ရရင် TSMC အနေနဲ့ လည်ပတ်နိုင်မှာမဟုတ်ဘူး" လို့ဆိုခဲ့ပါတယ်။ သို့နည်းတူ ယခင်နှစ်အောက်တိုဘာလမှာလည်း ထိုင်ဝမ်လုံခြုံရေးဗျူရိုအကြီးအကဲ Chen Ming-Tong က "TSMC အနေနဲ့ထိပ်တန်းအဆင့်ချစ်ပ်တွေဖန်တီးဖို့ရာ ASML၊ Applied Materials နဲ့ KLA တို့ရဲ့ထိပ်တန်းအဆင့်ချစ်ပ်ထုတ်လုပ်ရေးစက်တွေကိုလိုအပ်ပါတယ်။ အကယ်၍တရုတ်အနေနဲ့ထိုင်ဝမ်ကျွန်းကိုကျုး‌ကျော်ပြီး TSMCစက်ရုံတွေကိုသိမ်းပိုက်ခဲ့ရင်‌တောင် နည်းပညာမြင့်စက်တွေနဲ့ အလွန်တရာသန့်စင်တဲ့ကုန်ကြမ်းတွေကိုမရရှိနိုင်တာမို့ တရုတ်နိုင်ငံအနေနဲ့ အဆင့်မြင့်node တွေဆက်လက်ဖန်တီးနိုင်မှာမဟုတ်သလို လက်ရှိနည်းပညာနဲ့ထုတ်လုပ်‌ပေးနေတဲ့စက်ရုံတွေကိုလည်း အခက်အခဲမရှိလည်ပတ်ဖို့ရာမဖြစ်နိုင်ပါဘူး။ ASML ရဲ့ lithography စက်တွေနဲ့ အရေးကြီးတဲ့စက်ပစ္စည်းတွေကိုသာမရခဲ့ဘူးဆိုရင် TSMC အနေနဲ့ထုတ်လုပ်မှုဆက်လက်လုပ်ဆောင်နိုင်မှာမဟုတ်ပဲ တရုတ်နိုင်ငံအနေနဲ့ ရွှေဥမဥတဲ့ငန်းကိုသာရနိုင်လိမ့်မယ်"လို့ ထိုင်ဝမ်အမတ်တွေကို ပြောကြားခဲ့ကြောင်း သတင်းတွေမှာပြောဆိုခဲ့ဖူးပါတယ်။

အ‌ထက်မှာဖော်ပြခဲ့တဲ့အချက်တွေဟာ ဘယ်တော့မှဖြစ်ပွားလာမှာမဟုတ်လို့မျှော်လင့်ရတဲ့အတွက် TSMC လို မဟာဗျူဟာမြောက်အရေးကြီးတဲ့ အဆောက်အအုံတွေကို ဖျက်ဆီးဖို့ (သို့မဟုတ်) ကာကွယ်ဖို့နဲ့ပတ်သက်တဲ့ မူဝါဒအစစ်အမှန်ကို အကောင်အထည်ဖော်ဖို့ရာမလိုအပ်ပါဘူး။

Source: Tom's Hardware

#EnThueTech
#News
#Semiconductors



Post a Comment

0 Comments