![]() |
Image via Microsoft Designer |
မေလ၄ရက်နေ့က သမ္မတဂျိုးဘိုင်ဒင်နဲ့ ဒုသမ္မတကာမလာဟဲရစ်စ်တို့အပါအဝင် အိမ်ဖြူတော်အစိုးရအဖွဲ့ဝင်တွေဟာ AI ကိုရှေ့တန်းကနေဦးဆောင်နေကြတဲ့ ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်ချက်အရ တွေ့ဆုံရတဲ့အကြောင်းက AI တိုးတက်မှုနဲ့ အန္တရာယ်အကြောင်းကိုဆွေးနွေးဖို့ဖြစ်ပါတယ်။ ဆွေးနွေးမှုမှာ ပါဝင်ကြတဲ့ အမှုဆောင်အရာရှိချုပ်တွေထဲမှာ Open AI က Sam Altman၊ Antropic က Dario Amodei Microsoft က Satya Nadella နဲ့ Alphabet(Google) က Sundar Pichi တို့ပါဝင်ကြပါတယ်။
ဘိုင်ဒင်အစိုးရဟာ ဆွေးနွေးပွဲမှာ အဓိကအကြောင်းအရာ ၃ခုဖြစ်တဲ့ အများပိုင်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ပုံ၊ AI စနစ်တွေရဲ့ လုံခြုံရေးကိုအကဲဖြတ်ဖို့လိုအပ်ပုံနဲ့ AI စနစ်တွေကို ပြင်ပကနေတိုက်ခိုက်မှုကနေ ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာတွေပဲဖြစ်ပါတယ်။ ဒီလိုစိုးရိမ်မှုတွေအပြင် ဘိုင်ဒင်အစိုးရဟာ AI ဖွံ့ဖြိုးရေးအတွက် ငွေကြေးပိုင်းရော ဥပဒေပိုင်းပါအထောက်အပံ့ပေးဖို့ အစီအမံတွေကိုပါကြေညာခဲ့ပါတယ်။
အမျိုးသားသိပ္ပံဖောင်ဒေးရှင်းဟာ National AI Research Institute ၇ခုတည်ထောင်ဖို့ ငွေကြေးမတည်သွားမယ့်အကြောင်းကိုကြေညာခဲ့ပါတယ်။ ဖောင်ဒေးရှင်းဟာ ဒီ institute တွေကို ဒေါ်လာ သန်း၁၇၀ထောက်ပံ့ပေးပါလိမ့်မယ်။ ဒီကြေညာချက်အရ အမေရိကန်မှာ AI Institute ၂၅ခုအထိ တိုးတက်လာမှာဖြစ်တယ်လို့သိရပါတယ်။
ကြေညာချက်တစ်ခုအနေနဲ့ အပေါ်မှာပြောခဲ့တဲ့ AI ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အကဲဖြတ်မှုအပေါ် အဓိကစိုးရိမ်ပူပန်မှုအချို့ကို DEF CON 31 ရဲ့ AI Village မှာ AI Developer အချို့ရဲ့ လွတ်လပ်စွာကတိပြုမှုတွေအကြောင်းလည်းပါဝင်သေးပါတယ်။
ဥပဒေကြောင်းအရ စတင်ဆောင်ရွက်လာတာနဲ့အမျှ စီမံခန့်ခွဲရေးနှင့်ဘက်ဂျက်ရုံးဟာ AI စနစ်တွေအပေါ် အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုချဥ်းကပ်ပြီးကိုင်တွယ်သင့်သလဲဆိုတာကို လမ်းညွန်ချက်မူကြမ်းထုတ်ပေးဖို့စီစဉ်နေပါတယ်။ ဒါကိုဒီနှစ်နွေရာသီနှောင်းပိုင်းမှာကြေညာပြီး အများပြည်သူကိုမှတ်ချက်ပေးခွင့်ပြုထားမယ်လို့သိရပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#AI
0 Comments