Subscribe Us

header ads

Core i အမှတ်တံဆိပ်ကို စွန့်ခွာဖွယ်ရှိသည့် Intel



Intel ဟာ သူတို့ရဲ့ Core iဆိုတဲ့ အမှတ်တံဆိပ်ကိုပြောင်းလဲဖို့ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ ဒီအကြောင်းကို Intel ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Bernard Fernandes က မျိုးဆက်သစ် Meteor Lake ထွက်ရှိချိန်မှာ အမှတ်တံဆိပ်အချို့ကိုကြီးကြီးမားမားပြောင်းလဲသွားဖို့ရှိ‌ကြောင်း Twitter မှာ အတည်ပြုထားပါတယ်။ ဒီအတွက် Meteor Lake CPU တွေမှာ ယခင်လို့ i3၊ i5၊ i7 နဲ့ i9 ဆိုပြီးရှိလာမှာမဟုတ်ပါဘူး။
သူ့ရဲ့ပြောကြားချက်ထဲမှာ Meteor Lake ဟာ Intel ရဲ့ လမ်းပြမြေပုံထဲမှာ ကြီးမားတဲ့အချိုးအကွေ့ကို ကိုယ်စားပြုမှာဖြစ်ကြောင်းနဲ့ လာမယ့်ရက်သတ္တပတ်တွေအတွင်းစိတ်လှုပ်ရှားစရာတွေကိုချပြသွားမယ်လို့ဆိုပါတယ်။
Intel ရဲ့ Core i-series ဟာ နာမည်ကျော်ကြားလှပြီး သုံးစွဲသူတွေဟာ မြင်တာနဲ့ ဒီအမှတ်တံဆိပ်ကဘာကိုဆိုလိုလည်းဆိုတာကိုသဘောပေါက်ကြပါတယ်။ ဒီလိုအမည်နာမကနေဖယ်ခွာသွားတယ်ဆိုတာ အတော်လေးအန္တရာယ်များလှပါတယ်။ Meteor Lake ဟာ chiplet အခြေခံ architecture မို့ Intel အတွက်ကြီးမားတဲ့အပြောင်းအလဲတစ်ခုလို့ဆိုနိုင်ပေမယ့် နာမည်‌ကျော်ကြားတဲ့ အမှတ်တံဆိပ်ကို စွန့်ပယ်ရလောက်တဲ့အထိ စွမ်းဆောင်ရည်ကွာခြားမှုက လုံ လောက်မှာလားဆိုတာ‌မေးခွန်းထုတ်စရာပါ။


ပုံထဲက benchmark list ထဲမှာ Intel Ultra 5 mobile processor ကိုဖော်ပြထားကာ Core i-series တံဆိပ်ကိုစွန့်လွှတ်‌ဖို့ကြံရွယ်နေတယ်ဆိုတာပြသနေပါတယ်။ 

Intel ဟာ Core i-series အမှတ်တံဆိပ်ကို ၂၀၀၈ခုနှစ်မှာ စတင်အသုံးပြုခဲ့ကာ သူတို့ရဲ့ core အနွယ်ဝင် CPU တွေကို i3၊ i5နဲ့ i7 ဆိုပြီးအဆင့်သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Intel ဟာ i9 ကိုထပ်မံဖြည့်သွင်းပြီး လက်ရှိ flagship desktop processor ဟာ 13th Gen Core i9-13900K ဖြစ်ပါတယ်။ ဒီအမည်နာမကို မျိုးဆက် ၁၃ခုလောက်အသုံးပြုခဲ့အပြီးမှာ Intel အနေနဲ့ Core i-series ကို အနားပေးဖို့အချိန်‌ကောင်းလို့ ယူဆပုံရပါတယ်။

Source: OC3D

Post a Comment

0 Comments