![]() |
Image: Getty |
မြန်ဆန်ပြီးပါဝါစားသက်သာတာ၂ခုလုံးရနိုင်တဲ့ graphics card ထက် ပိုကောင်းတာဘာများရှိပါလိမ့်။ သင့်အနေနဲ့ အကောင်းဆုံး graphics card တွေထဲကတစ်ခုကိုပိုင်ဆိုင်ထားတောင်မှ အချိန်တိုင်းစွမ်းအားပြည့်အသုံးပြုနေစရာမလိုအပ်ပါဘူး။ လွတ်လပ်တဲ့ developer တစ်ဦးဖြစ်သူ simonmancer ဟာ advance user တွေအဖို့ သူတို့ရဲ့ GeForce graphics စွမ်းအားကိုချိန်ညှိမှုပြုလုပ်နိုင်တဲ့ Nvidia Power Management(NVPMM) ဆိုတဲ့ software ကိုဖန်တီးထားပါတယ်။ ဒီ softwareက Nvidia ရဲ့ တရားဝင်ထုတ်ပေးထားတဲ့ tool မဟုတ်တာကိုတော့ အသုံးပြုသူတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။
NVPMM က command line ကိုအသုံးပြုပြီး GeForce၊ Quadro၊ Tesla နဲ့ Grid ကတ်တွေရဲ့ Nvidia System Management Interface (SMI) ထဲဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒီအတွက် NVPMM ဟာ command line interface အစား GUI ကိုပေးအပ်လာတာဖြစ်ပါတယ်။
GeForce control panel မှာ power management mode ကိုထည့်သွင်းပေးထားပြီးသားဖြစ်ကာ Nvidia graphics card တွေရဲ့ frame rate တွေကို ကန့်သတ်ထားနိုင်ပါတယ်။ Windows 11 အနေနဲ့လည်း graphics card တွေရဲ့ ပါဝါသုံးစွဲမှုကို ကန့်သတ်မှုအချို့ပြုလုပ်ခွင့်ပေးထားပါတယ်။ သို့ပင်သော်ငြား NVPMM က ဒီထက်ပိုအဆင်မြင့်မားတဲ့ ရွေးချယ်မှုတွေပေးအပ်ထားတာပါ။
NVPMM မှာ သီးခြား power profile တွေဖန်တီးတာနဲ့ graphics card ရဲ့ memory ကို သီးခြားထိန်းချုပ်နိုင်တာတွေပါဝင်ပါတယ်။ စွမ်းဆောင်ရည်ကိုစောင့်ကြည့်မယ့် utility လည်းပါဝင်ပါသေးတယ်။ သို့ပင်သော်ငြား ဒီ software နဲ့ GeForce graphics card တွေရဲ့ power limit ကို ကန့်သတ်မှုတွေမလုပ်နိုင်ပါဘူး။ အဲဒီအစားကတ်ရဲ့ အမြင့်ဆုံးနဲ့အနိမ့်ဆုံးစွမ်းဆောင်ရည်ပမာဏကိုတော့ပြောင်းလဲခွင့်ပြုထားပါတယ်။
Software မှာ developerက Power Group Limit Management (PGLM) လို့ခေါ်ဆိုတဲ့ feature ပါဝင်ပါတယ်။ ၎င်းအနေနဲ့ အသုံးပြုသူတွေကို A၊ B နဲ့ C ဆိုပြီး အုပ်စု၃ခု ထားရှိခွင့်ပေးပါတယ်။ ဒီအတွက်သင့်ဟာ Group A မှာ power limit ကို 320W အဖြစ်သတ်မှတ်ပြီး Cyberpunk 2077.exe ဖိုင်ကိုထည့်ထားနိုင်ပါတယ်။ NVPMM software က Cyberpunk 2077 ကိုဖွင့်လိုက်ပြီဆိုတာသိရှိသွားတာနဲ့ graphics card ရဲ့ power limit ကို 320 မှာထားလိုက်မှာပါ။ ဂိမ်းကိုပိတ်လိုက်တဲ့အချိန်မှာတော့ မူလအခြေအနေအတိုင်းပြန်လည်ထားရှိသွားမှာဖြစ်ပါတယ်။
အသုံးပြုသူတွေအနေနဲ့ power limit ကိုစိတ်ကြိုက်ထားခွင့်ပေးထားတယ်ဆိုပေမယ့် setting တွေဟာ software မှာသာသိမ်းဆည်းထားတာမို့ စက်ကို restart ချလိုက်မယ်ဆိုရင် မူလအတိုင်းပြန်ဖြစ်သွားမှာပါ။ ဒါက MSI Afterburner သို့ EVGA Precision X1 လို software တွေကတဆင့် manual overclock လုပ်သလိုမျိုးနဲ့ဆင်တူပြီး restart လုပ်ပြီးတိုင်း ပြန်ချိန်ရမှာဖြစ်ပါတယ်။
Guru3D ဖိုရမ်တွေမှာ အသုံးပြုသူတစ်ချို့က NVPMM ကို Norton နဲ့ Windows Defender တွေက trojan အဖြစ်ပြသနေတာကိုကြုံတွေ့ရတယ်လို့ဆိုပါတယ်။ သို့ပင်သော်ငြား software ရဲ့ပုံစံကြောင့် false positive အဖြစ်ပုံဖော်နေတာဖြစ်နိုင်ပါတယ်။ Version 2.5 မှာတော့ Eset Antivirus ကိုကျော်ဖြတ်ခဲ့ပြီးဆိုပေမယ့် နာမည်ကြီး Antivirus ကတော့ malicious software အဖြစ်ပုံဖော်နေဆဲဖြစ်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#Software
0 Comments