![]() |
Image: Qualcomm |
Qualcomm ဟာ မိုဘိုင်းလ်ဂိမ်းနဲ့ expanded-reality ဂိမ်းတွေမှာ စွမ်းဆောင်ရည်နဲ့ ဘက်ထရီကိုကြာရှည်ခံစေနိုင်တဲ့ Snapdragon Game Super Resolution (GSR) upscaling နည်းပညာကိုမိတ်ဆက်လိုက်ပါတယ်။ ကုမ္ပဏီအနေနဲ့ အဆိုပါနည်းပညာဟာ PC နဲ့ console တွေမှာအသုံးပြုနေတဲ့ AMD ရဲ့ FSR၊ Nvidia ရဲ့ DLSS နဲ့ Intel ရဲ့ XeSS လိုမျိုးနှိုင်းယှဉ်ပြသွားပါတယ်။
AMD Nvidia Intel တို့ရဲ့ upscaling နည်းလမ်းဟာ ဂိမ်း resolution ကို မူလအတိုင်းမြင့်မားစွာထားရှိရမယ့် အစား supersampling လုပ်ပေးခြင်းဖြင့် စွမ်းဆောင်ရည်တိုးတက်လာစေတာဖြစ်ပါတယ်။ AMD ရဲ့ FSR 1.0 နဲ့ 2.0 မှာတော့ ပလက်ဖောင်းမရွေးဘူးဆိုပေမယ့် Nvidia ရဲ့ DLSS နဲ့ Intel ရဲ့ XeSS ကတော့ machine learning ပါဝင်လာလို့ AI hardware တွေကို လိုအပ်ပါတယ်။ Qualcomm ကတော့ သူတို့ရဲ့နည်းပညာဟာ GPU အများစုကိုအထောက်အပံ့ပေးတယ်ဆိုပေမယ့် အကောင်းဆုံးလုပ်နိုင်ဖို့ Snapdragonရဲ့ Adreno GPU တွေမှာသာအကောင်းဆုံးအလုပ်လုပ်မယ်လို့ဆိုတဲ့အတွက် အနည်းငယ်သံသယဝင်စရာကောင်းပါတယ်။
![]() |
Image: Qualcomm |
Qualcomm က သူ့ရဲ့ GSR နည်းပညာကို DLSS နဲ့ FSR performance mode ထားပြီး 1080p နဲ့ 4K resolutionမှာ နှိုင်းယှဉ်ပြသကာ resolution ကို ၂ဆ upscale လုပ်ပြသွားခဲ့ပါတယ်။ Demo တစ်ခုမှာတော့ 540p ကနေ 1080p ကို upscale လုပ်ပြသွားပြီး နောက်တစ်ခုက 1080p ကနေ 4K ကိုပြသသွားပါတယ်။ Qualcomm အနေနဲ့ GSR နည်းပညာဟာ 30fps ကနေ 60fps အထိကွားခြားသွားစေမှာဖြစ်ကြောင်း အခိုင်အမာဆိုထားပြီး FSR နဲ့ DLSS တို့ရဲ့ performance mode လိုစွမ်းဆောင်ရည်တိုးတက်လာမယ်လို့ပြသသွားပါတယ်။
![]() |
Image: Qualcomm |
Snapdragon GSR မှာ edge sharpening နဲ့ အကွာအဝေးပေါ်မူတည်ကာ upscaling လုပ်တဲ့ dynamic scaling လည်းတစ်ပါတည်းပါဝင်ပါတယ်။ နောက်ပိုင်းမှာသူက tone mapping လုပ်ဖို့ စွမ်းဆောင်ရည်တိုးတက်စေဖို့ စတဲ့သီးခြားပြုလုပ်ရမယ့်အရာတွေကို ပေါင်းစပ်ပေးနိုင်တယ်လို့ဆိုပါတယ်။ GSR ရဲ့ 12-kernel window ဟာ လူ့မျက်လုံးရဲ့ သတိအပြုမိဆုံးအရောင်ဖြစ်တဲ့ အစိမ်းရောင် channel ကိုသာပိုအာရုံစိုက်အောင်ပြုလုပ်ထားပါတယ်။
GSR အထောက်အပံ့ပေးလာမယ့်ဂိမ်းစာရင်းတွေမှာ Call of Duty Mobile၊ Farming Simulator 23 Mobile၊ Jade Dynasty: New Fantasy၊ Return to Empire၊ Justice Mobile နဲ့ Nakara Mobile စတဲ့ဂိမ်းတွေပါဝင်ပါတယ်။
Qualcomm ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Snapdragon 8 Gen 2 ကိုထုတ်ဖော်ပြသခဲ့ပြီး နောက်ဆုံးပေါ် API နဲ့ feature တွေဖြစ်တဲ့ Vulkan 1.3 OpenGL ES 3.2 OpenCL 2.0 FP Unreal Engine 5 နဲ့ real-time ray tracing ကိုအထောက်အပံ့ပေးပါတယ်။ ဖေဖော်ဝါရီလမှာ စာသားသို့ ပုံမှတဆင့် အရည်အသွေးမြင့်မားတဲ့ ပုံတွေဖန်တီးပေးနိုင်တဲ့ open source AI မော်ဒယ်တစ်ခုဖြစ်တဲ့ Stable Diffusion ကိုလည်းကြေညာခဲ့ပါသေးတယ်။
Source: TechSpot
#EnThueTech
#News
0 Comments