Subscribe Us

header ads

သတင်းထုတ်ပြန်ချက် - A10 Networks မှ Application Delivery Solution တွင် Fastly ၏ Next-Gen WAF နှင့် ပေါင်းစပ်၍ Cloud ခုခံမှုကိုမြှင့်တင်နေ

 သတင်းထုတ်ပြန်ချက်


A10 Networks မှ Application Delivery Solution တွင်
Fastly ၏ Next-Gen WAF နှင့် ပေါင်းစပ်၍
Cloud ခုခံမှုကိုမြှင့်တင်နေ 

Application Delivery နည်းပညာနှင့် ပေါင်းစပ်ထားသည့် Next-Gen WAF က Hybrid Cloud Environment များအတွက် လုံခြုံရေးနှင့် ခံနိုင်ရည်ရှိမှုကို အာမခံရန်အကူအညီပေး


ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲခြင်း၏ နောက်ဆုံးဆယ်စုနှစ်သည် ယနေ့အဖွဲ့အစည်းအများစုကို စစ်မှန်သော ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ သို့သော် cloud လည်ပတ်မှုမော်ဒယ် များ၏ ထိရောက်နိုင်စွမ်းနှင့် တွက်ချေကိုက်မှုတို့မှာ အမြင့်မားဆုံးစိုးရိမ်စရာဖြစ်လာခဲ့ပါသည်။ မည်သို့ အကောင်းဆုံးလုံခြုံမှုပေးရန်၊ မည်သို့အကောင်းမွန်ဆုံးဖြစ်ရန်နှင့် အလိုအလျောက်လုပ်ဆောင်သည့် hybrid cloud environmentများကို မည်ကဲ့သို့ အထိရောက်ဆုံးအသုံးချရန်မှာ သိသာထင်ရှားသည့် စိန်ခေါ်မှု တစ်ခုပင်ဖြစ်ပါသည်။ ၎င်းပြဿနာကို ဖြေရှင်းရန်အတွက် A10 Networks သည် Thunder® Application Delivery Controller (ADC) နှင့် Fastly မှ အားဖြည့်ထားသည့် A10 Next-Generation Web Application Firewall (WAF) ပေါင်းစပ်ဝန်‌ဆောင်မှုအသစ်တစ်ခုကို ကြေညာလိုက်ပါသည်။ ထိုဝန်ဆောင်မှုသည် အလိုအလျောက် လုပ်ဆောင်မှု၊ လုံခြုံရေးအဆင့်ဆင့်နှင့် ခံနိုင်ရည်ရှိမှုတို့ကို စွမ်းဆောင်ပေးပါသည်။

အဖွဲ့အစည်းများအ‌နေဖြင့် စွမ်းဆောင်နိုင်ပြီး ထိရောက်သည့် cloud လည်ပတ်မှုပုံစံကို တည်ထောင်ရန် ကြိုးပမ်းသည့်အခါတွင်၊ အဆိုပါပေါင်းစပ်နည်းပညာသည် false positive များကို လျှော့ချပေးကာ မဟာဗျူဟာမြောက် အက်ပလီကေးရှင်းတစ်ခုအဖြစ် အလိုအလျောက်လုံခြုံရေး‌ဆောင်ရွက်ခြင်း၊ မြန်ဆန် ခြင်းနှင့် ထိရောက်ခြင်းတို့ကို အား‌ကောင်းစေသည့်စွမ်းဆောင်ရည်မြင့်မားသော လုံခြုံရေးဝန်‌ဆောင်မှုကို လုပ်ဆောင်ပေးပါသည်။ A10 Networks’ Solution သည် ပိုမိုကောင်းမွန်သောcloud စီးပွားရေးနှင့် လုပ်ငန်း ရလဒ်များထွက်‌ပေါ်လာရန် ကူညီပေးပါသည်။

Hybrid Cloud ၏ လုံခြုံရေးနှင့် ခံနိုင်ရည်အား မြှင့်တင်ခြင်း

ကုမ္ပဏီသည် ၎င်း၏ ဝန်‌ဆောင်မှု portfolio တွင် Fastly မှ အားဖြည့်ထားသည့် A10 Next-Gen WAF ကို A10 Thunder ADC ၏ ထပ်တိုးပေါင်းစပ်နိုင်သည့် integrated addon တစ်ခုအဖြစ် ထည့်သွင်းလိုက်ပါသည်။ A10 Thunder ADC နှင့် A10 Next-Gen WAF တို့အတူတကွပေါင်းစည်းမှုသည် hybrid cloud environment များတွင် ထည့်သွင်းထားသော software နှင့် hardware ပစ္စည်းများအားလုံး၏ web ကာကွယ်ရေးကို မြှင့်တင်ပေးနိုင်သည့် တစ်ခုတည်းသော ဝန်‌ဆောင်မှုကိုဖြစ်စေပါသည်။ အဆိုပါဝန်‌ဆောင်မှုကို virtual machines နှင့် hardware appliances များအပါအဝင် ပုံစံမျိုးစုံဖြင့် deploy လုပ်နိုင်ပါသည်။

Thunder ADC မှာ အဆင့်မြင့်ရွေးချယ်စရာများ ရရှိနိုင်သည့်အပြင် DDoS တိုက်ခိုက်မှုကာကွယ်ခြင်း၊ Authentication နှင့် Protocol Checks များကို ချိန်ညှိလုပ်ဆောင်နိုင်ပါသည်။ Integrated A10’s Next-Gen Web Application Firewall (WAF) သည် deep web application လုံခြုံရေးကို လုပ်ဆောင်နိုင်ပါသည်။ Solution သည် အက်ပလီကေးရှင်း၏ ingress point တွင် အလုပ်လုပ်သောကြောင့် သင့်အနေဖြင့် ဆာဗာ တစ်ခုခြင်းစီသတ်မှတ်ရန်မလိုအပ်ပဲ အက်ပလီကေးရှင်းများစွာကိုတပြိုင်နက် အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် သင်၏ အက်ပလီကေးရှင်းများကို လုံခြုံစွာဖြင့် ပိုမိုလျင်မြန်လွယ်ကူစွာ စျေးကွက်သို့ မိတ်ဆက်စေနိုင်ပါသည်။

“A10 Networks သည် စွမ်းဆောင်ရည်မြင့်မားသော အက်ပလီကေးရှင်းဝန်ဆောင်မှုနှင့် လုံခြုံရေးကို ပံ့ပိုးပေးထားပါသည်။ ထို့အပြင် A10 Networks Next-Gen WAF သည် hybrid cloud environment များအတွက် customers များလိုအပ်သော deep web application security ကို အကောင်းဆုံး ပံ့ပိုးကူညီပေးနိုင်သော Solution တစ်ခုဖြစ်ပါသည်။ solution သည် Fastly အတွက် software နှင့် hardware ADC implementation ကို ပထမဆုံးအကောင်အထည်ဖော်ခြင်းဖြစ်ပြီး A10 ကိုသုံးစွဲသူများထံ အဆင့်မြင့်ဆုံး WAF နည်းပညာကို ပေးအပ်နိုင်စေပါသည်” ဟု Fastly မှ global partnerships ဒုတိယဥက္ကဋ္ဌ Emily Friedberg က ပြောကြားခဲ့ပါသည်။

Protect Applications While Keeping Overhead and Disruption Low

A10 Thunder ADC နှင့် A10 Next-Gen WAF တို့ ပေါင်းစည်းမှုသည် traditional standalone သို့မဟုတ် existing Web Application Firewalls များထက် သာလွန်သည့်စွမ်းဆောင်ရည်များစွာကို ပေးအပ်နိုင်ပါသည်။ ၎င်းတို့မှာ-

  • Layered DefenseModern web threats များဖြစ်သည့် OWASP အဖွဲ့မှ ဖော်ပြထားသည့် ထိပ်တန်းလုံခြုံရေးအန္တရာယ် ၁၀ ခုကို ကာကွယ်ပေးခြင်း၊ DDoS တိုက်ခိုက်မှုကို ကာကွယ်ခြင်း၊ နှင့် Authenticationနှင့် TLS/SSL decryption features များလည်း ပါဝင်ပါသည်။
  • Simplification via Consolidation Thunder ADCသည် Advanced Load Balancing, ADC caching နှင့် A10 ၏ သုံးစွဲသူများ ရရှိနိုင်သော Fastly cloud service တို့ဖြင့် optimize လုပ်ထားသော fully integrated single appliance solution တစ်ခုဖြစ်ပါသည်။
  • အသုံးပြုရလွယ်ကူမှု – အိုင်တီteamများအဖို့ သင်ယူသည့်ကာလမလိုအပ်ဘဲ false positive မရှိသလောက်နီးပါးဖြင့် အသုံးပြုနိုင်ပါသည်။ Fastly သုံးစွဲသူများ၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် legitimate traffic ကိုမထိခိုက်ဘဲ bad traffic များကိုသာ ရပ်တန့်သွားစေရန် block mode ဖြင့် အသုံးပြုနိုင်ပါသည်။
  • ကုန်ကျစရိတ်သက်သာမှု - tuning အနည်းငယ်မျှ သို့မဟုတ် လုံးဝချိန်ညှိခြင်း(tuning)ပြုစရာမလိုပဲ Superior protection ကိုရရှိနိုင်ပါသည်။ Fastly ၏ မူပိုင် Network Learning Exchange (NLX) နှင့် SmartParse နည်းပညာတို့နှင့်အတူ ပေါင်းစပ်၍ အလွန်ထိရောက်သည့် အလိုအလျောက် ရှာဖွေခြင်း(‌automated detection)နှင့် ပိတ်ဆို့ခြင်း(blocking)တို့ဖြင့် အသုံးပြုကာ false positive များကို လျှော့ချပေးပါသည်။
  • အန္တရာယ်လျော့ချမှုModern attack verctors များဖြစ်သည့် account take over (ATO)enumerationနှင့် DDoS ကဲ့သို့သော ခေတ်မီတိုက်ခိုက်မှုများကို ကာကွယ်ပေးပါသည်။ နာမည်ကျော် DevOps နှင့် SIEM toolsများနှင့် ပေါင်းစပ်ထားသည့်အတွက် လုပ်ငန်းသုံး DevSecOps အဖွဲ့များအတွက် အလွန်ပင်သင့်လျော်‌စေပါသည်။

A10 Networks ၏ ထုတ်ကုန်စီမံခန့်ခွဲမှုမှ ဒုဥက္ကဌဖြစ်သူ Mikko Disini က “ကျွန်ုပ်တို့၏ hybrid cloud ဝန်‌ဆောင်မှုများအတွက် သာလွန်ကောင်းမွန်သော web application firewall လုံခြုံရေးကို ပေးအပ်ရန် partnerတစ်ဦးကို ရွေးချယ်သည့်အခါ Fastly ကို လျင်မြန်စွာရွေးချယ်ခဲ့ပါသည်။ Fastlyသည် လွန်ခဲ့သောငါးနှစ်တာကာလအတွင်း Gartner Peer Insights Cloud Web Application နှင့် API Protection (WAAP) အတွက် သုံးစွဲသူများ၏ ရွေးချယ်ခြင်းခံခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ combined solutionသည် security team များအတွက် operational overhead ကို လျှော့ချနိုင်သလို သုံးစွဲသူများ အတွက် security and resilience ရရှိနိုင်ရန် ကူညီပေးနိုင်ပါလိမ့်မည်” ဟု ပြောကြားခဲ့ပါသည်။

ရရှိနိုင်မှု

Fastly မှ အားဖြည့်ထားသည့် A10 Next-Gen WAF ကို ယနေ့ ရရှိနိုင်ပါပြီ။ ၎င်းသည် A10 Thunder ADC နှင့် A10 Thunder CFW တို့ကို အထောက်အပံ့ပေးပါသည်။

ကျွန်ုပ်တို့ကို လူမှုကွန်ယက်တွင် follow လုပ်ပါ

  • ကျွန်ုပ်တို့၏ ဘလော့ဂ်ကို ဝင်ရောက်ကြည့်ရှု့ပါ။
  • FacebookLinkedIn နှင့် Twitter တွင် ကျွန်ုပ်တို့နှင့်ဆက်သွယ်ပါ။

A10 Networks အကြောင်း

A10 Networks (NYSE: ATEN) သည် လုံခြုံစိတ်ချရသော application ဝန်ဆောင်မှုများ၊ multi-cloudedge-cloud များကို hyperscale အဆင့် ဆောင်‌ရွက်ပေးနေပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဝန်ဆောင်မှုပေးသူများနှင့် စီးပွားရေးလုပ်ငန်းများအား လုံခြုံစိတ်ချရသော၊ ရရှိနိုင်သော၊ multi-cloud အသွင်ပြောင်းခြင်းနှင့် 5G အတွက် အဆင်သင့်ဖြစ်ခြင်းတို့အတွက် အရေးကြီးသည့်စီးပွားရေးဆိုင်ရာ အက်ပလီကေးရှင်းများကို ထောက်ပံ့ပေးရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် ရင်းနှီးမြုပ်နှံမှုကာကွယ်ရေး၊ လုပ်ငန်းပုံစံသစ်များ နှင့် အနာဂတ်အတွက် အဆင်သင့်ဖြစ်သော အခြေခံအဆောက်အအုံများကို ထောက်ပံ့ပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဖောက်သည်များကို အလုံခြုံဆုံးရရရှိနိုင်သည့် ဒစ်ဂျစ်တယ် အတွေ့အကြုံကိုခံစားနိုင်‌စေခြင်းဖြင့် ယုံကြည်စိတ်ချမှုပေးနိုင်ရန်ဖြစ်ပါသည်။

A10 Networks ကို ၂၀၀၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ San Jose တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝှမ်းဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ‌အသေးစိတ် သိလိုပါက www.a10networks.com နှင့် Twitter တွင် @A10Networks ကို follow လုပ်ထားနိုင်ပါသည်။

Source: A10 Networks

 

Post a Comment

0 Comments