![]() |
Image: DJI |
နာမည်ကျော် ဒရုန်းထုတ်လုပ်သူ DJI ဟာ မနေ့က Mavic 3 Pro ကိုကြေညာခဲ့ပြီး ဒါဟာ ၂ပတ်အတွင်း ဒုတိယမြောက်ဒရုန်းကိုမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Inspire 3 အနေနဲ့ စီးပွားရေးလုပ်ငန်းသုံးအတွက်ပစ်မှတ်ထားသလို Mavic 3 Pro က prosumer တွေအတွက်ပစ်မှတ်ထားထုတ်လုပ်တာဖြစ်ပါတယ်။ မျှော်လင့်ခဲ့တဲ့အတိုင်း ဒီဒရုန်းအသစ်ဟာ Mavic 3 ကိုအပြောင်းအလဲပြုလုပ်ပြီး တတိယမြောက်ကင်မရာကိုထပ်မံပေါင်းထည့်ထားပါတယ်။ micro four thirds ဆင်ဆာအရွယ်အစားကမပြောင်းလဲပေမယ့် 20MP resolution နဲ့ Hasselblad က tuning လုပ်ပေးထားပါတယ်။
Mavic 3 Pro မှာ 12MP ရှိတဲ့ 1/2 in CMOS telephoto ကင်မရာလည်းပါဝင်ပြီး field of view(FoV) 15° ရရှိမှာပါ။ သို့ပင်သော်ငြား DJI အနေနဲ့ ကင်မရာဟာ 162mm ရှိတဲ့ Mavic 3နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် focal length ဟာ 166mm ရှိမယ်လို့ဖော်ပြထားပါတယ်။ အလားတူ Mavic 3 နဲ့ဆင်တူတယ်ဆိုပေမယ့် Mavic 3 မှာ f/4.4 ရှိတဲ့ဆိုပေမယ့် Mavic 3 Pro မှာ f/3.4 ရှိကာ 4K ဗီဒီယိုတွေကို 60FPS နဲ့ရိုက်ကူးနိုင်ပါတယ်။![]() |
Image: DJI |
နောက်ထပ် Mavic 3 Pro မှာ DJI medium telephoto ကင်မရာလို့ ဖော်ပြထားတဲ့ ကင်မရာပါရှိပြီး 48MP နဲ့ 70mm focal length ကိုတပ်ဆင်ထားပါတယ်။ ဒီ 1/2 in CMOS ဆင်ဆာဟာ f/2.8 aperture ရှိမှာလည်းဖြစ်ပါတယ်။ ဒီလိုကင်မရာပိုင်းမှာအားကောင်းလာမှုက ပျံသန်းနိုင်တဲ့အချိန်ကိုတိုတောင်းစေခဲ့ပြီး ၃မိနစ်ကနေ ၄၃မိနစ်အထိလျော့ကျသွားမှာဖြစ်ပါတယ်။ အလားတူ လေထဲအမြင့်မားဆုံးပျံသန်းချိန်ဟာ ၃၇မိနစ်ဖြစ်ပြီ Mavic 3 မှာ မိနစ် ၄၀ရခဲ့တာပါ။ ပျံသန်းနိုင်တဲ့အကွာအဝေးကလည်း Mavic 3 Pro မှာ ၂၈ ကီလိုမီတာရှိတာမို့ Mavic 3 ထက် ၂ကီလိုမီတာလျော့နည်းသွားပါတယ်။
နောက်ထပ် Mavic 3 Pro အနေနဲ့ Mavic 3 နဲ့ Mavic 3 Classic ထက် အရွယ်အစားအနည်းငယ်ပိုများပါတယ်။ DJI ကအချက်အလက်တွေအရ ပန်ကာမပါဘဲ ခေါက်သိမ်းထားချိန်မှာ 231.1 98 95.4mm နဲ့ ဖြန့်ထားချိန်မှာ 347.5 290.8 107.7mm ရှိမှာပါ။ အလေးချိန်ကလည်း ပိုမိုများပြားပြီး ပုံမှန်မော်ဒယ်က 958g နဲ့ Mavic 3 Pro Cine က 963g ရှိမှာပါ။
Mavic 3 Pro ကို $2199 နဲ့ရောင်းချမှာဖြစ်ကာ DJI RC controller နဲ့ အခြား accessory တွေပါဝင်မှာပါ။ ဒါတင်မက Fly More Combo ဆိုပြီး ရွေးချယ်စရာ ၂ခုကိုပေးထားကာ DJI RC နဲ့ DJI RC Pro controller ဆိုပြီးရွေးချယ်နိုင်သလို ဘက်ထရီအပို၂ခု၊ charging hub၊ ND Filter set နဲ့ အခြားအပို accessories တွေလည်းပါဝင်ပါတယ်။ Mavic 3 Pro Cine Premium combo ကတော့ $4799 ရှိကာ Apple ProRes အထောက်အပံ့နဲ့ 1TB SSD တို့ပါဝင်ပါတယ်။
Source: Notebookcheck
#EnThueTech
#News
#Drones
0 Comments