Valve ဟာ သူတို့ရဲ့ Steam client အနေနဲ့ feature အသစ်တွေ လုံခြုံရေးဆိုင်ရာ update တွေကြောင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကစတင်ပြီး Windows 7/8/8.1 တွေမှာ အသုံးပြုလို့ရနိုင်တော့မှာမဟုတ်ကြောင်းအတည်ပြုခဲ့ပါတယ်။
လက်ရှိမှာ ၂% ထက်လျော့နည်းတဲ့ Steam အသုံးပြုသူတွေဟာ Windows 7/8/8.1 တွေကိုအသုံးပြုနေတာမို့ Valve ရဲ့အထောက်အပံ့ပေးမှုရပ်ဆိုင်းခြင်းဟာ PC ဂိမ်းကစားသူအများစုကိုထိခိုက်စေမှာမဟုတ်ပါဘူး။ ဒီလိုပြောင်းလဲမှုကြောင့် ၂၀၁၅ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Windows 10 ဟာ Steam အထောက်အပံ့ပေးတဲ့ အအိုဟောင်းဆုံး OS ဖြစ်လာမှာပါ။
Valve အနေနဲ့ အဆိုပါ Windows အဟောင်းတွေအပေါ်အထောက်အပံ့ပေးမှုရပ်ဆိုင်းရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုက နောက်ဆုံးထွက်ရှိလာမယ့် Steam feature တွေဟာ Google Chrome ကိုတပါတည်းထည့်သွင်းအခြေခံထားတာကြောင့်ပါပဲ။ Chrome အနေနဲ့ ယခင် Windows OS တွေအပေါ်အထောက်အပံ့ပေးမှုရပ်ဆိုင်းရတဲ့အခါ Valve အနေနဲ့လိုက်ပါဆောင်ရွက်ရတော့တာပါပဲ။ နောက်ထပ်အချက်တစ်ခုကလည်း အနာဂတ်မှာပြောင်းလဲသွားမယ့် Steam ရဲ့ လုံခြုံရေး feature တွေဟာ Windows 10 နဲ့ အထက်မှာသာပါတာကြောင့်လည်းဖြစ်ပါတယ်။
Valve အနေနဲ့ Windows OS အဟောင်းတွေကို အထောက်အပံ့မပေးတော့တာဟာ စိတ်မကောင်းစရာပါပဲ ဒါပေမယ့် သိထားသင့်တဲ့အချက်က Windows 10 ဟာလည်း ၂၀၁၅ခုနှစ်မှာစတင်ထွက်ရှိလာတာမို့ အိုဟောင်းနေပြီလို့ဆိုနိုင်ပြီး ဂိမ်းကစားဖို့အတွက် Windows 7 သို့ 8/8.1 ကို အသုံးမပြုကြတော့ပါဘူး။ အခုချိန်ဟာ Valve အနေအတွက် Windows OS အဟောင်းတွေကို စွန့်ခွာသင့်တဲ့အချိန်ကောင်းပါပဲ။
Source: OC3D
#EnThueTech
#News
#Gaming
0 Comments