Subscribe Us

header ads

Crypto ငွေကြေးများသည် လူ့အဖွဲ့အစည်းအတွက် အသုံးမဝင်ဟု NVIDIA ဆို

ChatGPT ၏ ပထမဆုံး version သည် Nvidia GPU ၁သောင်းပါဝင်သော စူပါကွန်ပြူတာဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သည်။ Image: Tyrone Siu/Reuters

NVIDIA ရဲ့ Chief Technical Officer ဖြစ်သူ Michael Kagan က "Crypto ငွေကြေးတွေဟာ လူ့အဖွဲ့အစည်းအတွက် အသုံးမဝင်ကြောင်း" The Guardian နဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။ သို့ပင်သော်ငြား NVIDIA အနေနဲ့ Crypto ကြောင့် ပြီးခဲ့သည့်နှစ်များမှာ စံချိန်တင်အမြတ်အစွန်းတွေရရှိခဲ့တာပါ။ "အခုအခါမှာ တွက်ချက်မှုစွမ်းအားကို crypto တွေတူးမယ့်အစား လူအများအကျိုးဖြစ်ထွန်းမယ့် AI လိုကဏ္ဍတွေမှာသာ အသုံးချဖို့အာရုံစိုက်နေတယ်" လို့ သူကထပ်လောင်းပြောကြားခဲ့ပါတယ်။

AI သည် NVIDIA အတွက် အာရုံစိုက်စရာဖြစ်လာ

လက်ရှိမှာ AI ဟာ NVIDIA ရဲ့ ငွေတွင်းအသစ်ဖြစ်လာပါတယ်။ ဒီအချက်ကြောင့် NVIDIA GTC 2023 Keynote မှာ AI ရဲ့ အလားအလာနဲ့ လက်ရှိအသုံးချမှုတွေကိုသာ အများအပြားပြောဆိုသွားတာကြောင့်ပါပဲ။ လက်ရှိမှာ crypto miner တွေဟာ NVIDIA ထံက ကတ်အများအပြားကိုမဝယ်ယူကြပေမယ့် AI ဖောက်သည်တွေကတော့ GPU ထောင်ပေါင်းများစွာလိုအပ်နေတာပါ။

ChatGPT ရဲ့ ပထမဆုံး version ဟာ Nvidia GPU ၁သောင်းပါဝင်တဲ့ စူပါကွန်ပြူတာနဲ့ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ Nvidia အနေနဲ့ AI ကငွေတွင်းကြီးဖြစ်လာမယ်ဆိုတာသိရှိနေခဲ့ပြီး ဒီလိုဖြစ်လာအောင်နှစ်ပေါင်းများစွာကြံရွယ်ကာ အခုအချိန်မှာ AI ဈေးကွက်ကို ယခင်ကထက်ကိုပိုပြီး တွန်းအားပေးလာခဲ့တာပါ။ NVIDIA အနေနဲ့ အများက ရိုးရှင်းတဲ့ GPU ဖန်တီးတဲ့ကုမ္ပဏီအစား AI Hardware တွေထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် မြင်စေလိုတာလည်းဖြစ်ပါတယ်။

NVIDIA အနေနဲ့ crypto ဟာ လူ့အဖွဲ့အစည်းအတွက် အသုံးမဝင်ဘူးဆိုလိုက်တာကဝမ်းသာစရာဆိုပေမယ့် gaming hardware တွေရဲ့ဈေးနှုန်းက လက်ရှိအချိန်ထိမြင့်မားနေဆဲပါပဲ။ သမိုင်းတလျောက်မှာအမြင့်မားဆုံးဖြစ်လာတဲ့ GPU ဈေးနှုန်းတွေပြန်လည်ကျဆင်းစေဖို့က ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ပဲမဟုတ်ပါလား...

Source: OC3D and Videocardz

#EnThueTech
#News
#AI

Post a Comment

0 Comments