Subscribe Us

header ads

ရုရှားကုမ္ပဏီမှ ChatGPT ကဲ့သို့ Chatbot ကို ထုတ်ဖော်ပြသ



မော်စကိုအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Sistemma ဟာပြည်တွင်းဆာဗာတွေကိုသာ လုံးဝအသုံးပြုထားကာ ရုရှားဘာသာနဲ့ အသုံးပြုနိုင်တဲ့ OpenAI ရဲ့ ChatGPT ပြိုင်ဘက်ကို ဖန်တီးခဲ့ပါတယ်။ စီမံကိန်းကို တနင်္ဂနွေနေ့မှာ အဆိုပါ IT ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ထုတ်ဖော်ပြသခဲ့တာပါ။

AI နာမည်က SistemmaGPT (Generative Pre-trained Transformer) လို့ခေါ်ဆိုပြီး ကုမ္ပဏီရဲ့ ဖန်တီးမှုတွေနဲ့ စတန်းဖို့ဒ်တက္ကသိုလ် သုတေသနပြုချက် တွေကို အခြေခံထားပါတယ်။ ဒီ chatbot ဟာ ရုရှားစီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအေဂျင်စီတွေအတွက် ရည်ရွယ်ပါတယ်။

ဒီ AI ဟာ အရည်အသွေးမြင့် စာသားများ ရေးသားနိုင်ပြီး “စွယ်စုံကျမ်းလိုအသိပညာ” ကို ပိုင်ဆိုင်ကြောင်း Sistemmaက အခိုင်အမာဆိုထားပါတယ်။ ကုမ္ပဏီက chatbot ဟာ “ကျူတိုရီရယ်တွေဖန်တီးတာ၊ စာစီစာကုံးတွေ၊ ပရိုဂရမ်းမင်းကုဒ်၊ ကိုယ်ရေးရာဇဝင် ရေးသားတာ သို့မဟုတ် ကျော်ကြားသူဆယ်လီတစ် ယောက်လိုပုံစံနဲ့လည်း စကားပြောပေးနိုင်တယ်” လို့ ကုမ္ပဏီက ဆိုပါတယ်။

Source: SendStory

#EnThueTech
#News
#AI

Post a Comment

0 Comments