![]() |
Image: Intel |
Intel ကုမ္ပဏီနဲ့ Gordon and Betty Foundation တို့ဟာ Intel ကို တွဲဖက်တည်ထောင်သူ Gordon Moore သူ့ရဲ့ ဟာဝိုင်ရီနေအိမ်မှာ ငြိမ်းချမ်းစွာကွယ်လွန်သွားပြီဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။ သူဟာကွယ်လွန်ချိန်မှာ အသက် ၉၄နှစ်ရှိပြီဖြစ်ပါတယ်။ ၁၉၆၈ခုနှစ်မှာ Robert Moore ဟာ Intel ကုမ္ပဏီကို သူ့ရဲ့သူငယ်ချင်း Robert Noyce နဲ့တွဲဖက် တည်ထောင်ခဲ့ကြတာဖြစ်ပေမယ့် Moore's Law ကိုဖန်တီးသူအဖြစ်လူသိပိုများပါတယ်။
![]() |
Image: Intel |
Moore ဟာ "မိုက်ခရိုချစ်ပ်ပေါ်ရှိ ထရန်စစ္စတာအရေအတွက်ဟာ နှစ်စဉ်၂ဆတိုးလာလိမ့်မယ်" လို့ ၁၉၆၅ခုနှစ်မှာ ဟောကိန်းထုတ်ခဲ့တာကြောင့်လူသိများပါတယ်။ ဒီဟောကိန်းကို Moore's Law လို့လူသိများပြီး ပိုမိုမြန်ဆန်၊သက်သာပြီး ပိုမိုအားကောင်းတဲ့ချစ်ပ်တွေဖြစ်ပေါ်လာဖို့ လမ်းညွန်ပေးခဲ့ပါတယ်။
![]() |
၁၉၇၀ခုနှစ်များက တွေ့ရသည့် Gordon Moore နှင့် Robert Noyce (Image: Intel) |
Gordon Moore ဟာ ကွန်ပြူတာလောကကို သိသာစွာပြောင်းလဲခဲ့ကာ တကိုယ်ရေသုံးကွန်ပြူတာ၊ စမတ်ဖုန်းနဲ့ အင်တာနက်ကိုပေါ်ထွန်းလာစေခဲ့တဲ့ ဆီမီးကွန်ဒတ်တာနယ်ပယ်ရဲ့ စွန့်ဦးတီထွင်သူများထဲကတစ်ဦးဖြစ်ပါတယ်။ သူဟာ သူငယ်ချင်းဖြစ်သူ Robert Noyce နဲ့ Intel ကုမ္ပဏီကိုတည်ထောင်သူခဲ့ပြီးနောက် ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချူပ်နဲ့ ဥက္ကဌအဖြစ်နှစိပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပရဟိတသမားတစ်ဦးလည်းဖြစ်တဲ့ Moore ဟာ သူရဲ့ဖောင်ဒေးရှင်းကတဆင့် သိပ္ပံသုတေသန၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ ပညာရေးတို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာလှူဒါန်းခဲ့ပါတယ်။ သူဟာ နည်းပညာနဲ့ လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့ပံ့ပိုးကူညီမှုတွေကြောင့် အမေရိကန်သမ္မတကချီးမြှင့်တဲ့ လွတ်လပ်မှုဆုတံဆိပ်နဲ့ အမျိုးသားသိပ္ပံဆုအပါအဝင်ဂုဏ်ထူးဆောင်ဆုနဲ့ဆုတံဆိပ်များစွာကို ရရှိခဲ့ပါတယ်။
Moore ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ Betty၊ သား၂ဦးဖြစ်သည့် Kenneth နှင့် Steven အပြင် မြေး ၆ဦးတို့ကျန်ရစ်ခဲ့ပါတယ်။
Source: Intel, The Guardian and Reuters
#EnThueTech
#News
#SemiconductorPioneer
0 Comments