Subscribe Us

header ads

ChatGPT ကိုတုံ့ပြန်မှုအဖြစ် Google မှ Bard ကိုထုတ်ဖော်ပြသ၊ တရုတ်နိုင်ငံမှလည်း Ernie ကိုမိတ်ဆက်ရန်ပြင်ဆင်နေ

Image: Getty

လွန်ခဲ့တဲ့တစ်လကျော်လောက်က ChatGPT ကြောင့် Google ရဲ့ အနေအထားဟာအတော်လေးလှုပ်ခပ်သွားခဲ့ပြီး ကိုယ်ပိုင် AI chat bot ကိုဖန်တီးမယ်လို့ဆိုလာခဲ့ပါတယ်။ အခုဆိုရင် Google ဟာ Dubbed Bard လို့အမည်ရတဲ့ AI tool အသစ်ကို လူအနည်းငယ်နဲ့စမ်းသပ်နေခဲ့ပြီဖြစ်ကာ ရက်သတ္တပတ်အနည်းငယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်အောင်ဖြန့်ချီသွားမယ်လို့ဆိုလာပါတယ်။

Image: Google

Google နဲ့ Alphabet ရဲ့ အမှုဆောင်ချုပ် Sundar Pichai က "မိမိတို့အနေနဲ့ Bard လို့ အမည်ရတဲ့ စကားအပြန်အလှန်ပြောဆိုနိုင်မယ့် AI ဝန်ဆောင်မှုကိုစမ်းသပ်နေပါပြီ။ ဒီနေ့မှာ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ ယုံကြည်ရတဲ့စမ်းသပ်အသုံးပြုသူတွေကို သုံးစွဲခွင့်ပြုလိုက်ပါပြီ လာမယ့်ရက်သတ္တပတ်အတွင်း လူအများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာပါ" လို့ဆိုပါတယ်။

Bard ဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်က Google ကြေညာခဲ့တဲ့ AI engine တစ်ခုဖြစ်တဲ့ LaMDA(Language Model for Dialogue Applications) ရဲ့ ပိုမိုသေးငယ်ပေါ့ပါးတဲ့ version နဲ့ မောင်းနှင်ထားပါတယ်။ Google အနေနဲ့ သန်းပေါင်းများစွာရှိတဲ့ အသုံးပြုသူတွေအတွက် ဆက်ချဲ့ထွင်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

"Bard ရဲ့တုန့်ပြန်မှုဟာ အရည်အသွေး၊ ဘေးကင်းလုံခြုံမှုနဲ့ လက်တွေ့ကမ္ဘာက အချက်အလက်အပေါ်အခြေခံဖို့ရာ မြင့်မားတဲ့အဆင့်အတန်းဖြစ်အောင် သေသေချာချာစမ်းသပ်နေတယ်" လို့ Pichai က‌ဆိုပါတယ်။

ရှာဖွေရေးကုမ္ပဏီကြီးဟာ ၂၀၁၈ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ AI နိယာမထဲက တစ်ခုဖြစ်တဲ့ "မမျှတဲ့ ဘက်လိုက်မှုကိုဖန်တီးခြင်း သို့ အားပေးအားမြှောက်ပြုခြင်း" ကိုထုတ်နှုတ်တင်ပြခဲ့ပြီး ChatGPT မှာ အသုံးပြုသူက‌ သမ္မတဒေါ်နယ်ထရမ့်အကြောင်း ကဗျာတစ်ပုဒ်စပ်ဆိုစေရာမှာ ငြင်းဆန်မှုတွေပြုလုပ်ခဲ့ပေမယ့် သမ္မတဂျိုးဘိုင်ဒင်အကြောင်း စပ်ဆိုစေခဲ့ရာမှာ ဝမ်းမြောက်ဝမ်းသာစွာနဲ့ စာသားအနည်းငယ်စပ်ဆိုပေးခဲ့တာကို ပြန်လည်ထောက်ပြခဲ့ပါတယ်။

Bard ကိုဖြန့်ချီတဲ့အခါ Google ရဲ့ homepage အပြောင်းအလဲဖြစ်သွားနိုင်တာကို သင့်အနေနဲ့မျှော်လင့်နိုင်ပါတယ်။ ကုမ္ပဏီရဲ့ ဝဘ်ဒီဇိုင်းရေးဆွဲသူတွေဟာ ChatGPT လိုမျိုးဆင်တူတဲ့ chat အခြေခံ search ကိုဖန်တီးနေတယ်လို့ CNBC ကတင်ပြထားပါတယ်။ လူသားဆန်တဲ့မေးခွန်းတွေမေးမြန်းနိုင်ကာ ပိုမိုပြည့်စုံတဲ့အဖြေကိုရရှိနိုင်ခြင်းက ယနေ့ခေတ် Google သုံးစွဲသူတွေကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်မယ်လို့ရည်ရွယ်ထားပါတယ်။

လူတွေအနေနဲ့ အကြောင်းအရာတွေကိုပိုမိုသိရှိနားလည်ဖို့အတွက် Google ကိုအသုံးပြုကြတာများပါတယ်။ ဒီလိုအချိန်မှာ AI ဟာ အဖြေမှန်မရှိတဲ့အချိန်မှာ အကြံဉာဏ်တွေပေါင်းစပ်ပေးနိုင်ပါတယ်။ မကြာခင်မှာ AI စွမ်းပကားပါဝင်တဲ့ ရှာဖွေမှုဟာ ရှုပ်ထွေးတဲ့အချက်အလက်ကို ရိုးရှင်းအောင်ဖန်တီးပေးနိုင်ကာ မတူညီတဲ့အမြင်ရှု‌ထောင့်တွေကနေ အကြောင်းအရာတစ်ခုကို လွယ်လွယ်ကူကူခြုံငုံမိလာ‌စေပြီး ဝဘ်ကနေပိုမိုလေ့လာနိုင်လာမယ်ဆိုတာ တွေ့မြင်လာရမယ်လို့ဆိုပါတယ်။

Image: Getty Images/Future Publishing

Ernie သို့ တရုတ်နိုင်ငံ၏ ChatGPT

ပထမဆုံး Microsoft ကျောထောက်နောက်ခံပေးထားတဲ့ ChatGPT နဲ့ Google ရဲ့ Bard ကိုကြေညာပြီးတဲ့နောက်မှာ AI ကြိုးဝိုင်းထဲကို ဝင်ရောက်လာသူကတော့ တရုတ်နိုင်ငံရဲ့ Ernie Bot ပဲဖြစ်ပါတယ်။

ရိုက်တာရဲ့သတင်းမှာ Ernie ဆိုတာ Enhanced Representation through Knowledge Integration လို့ အဓိပ္ပာယ်ရပြီး တရုတ်နည်းပညာကုမ္ပဏီ Baidu ကဖန်တီးနေတယ်လို့ဆိုပါတယ်။

Baidu ဟာ Ernie ရဲ့ AI သုံး language model ကို ၂၀၁၉ခုနှစ်ကတည်းက ပြုလုပ်နေခဲ့ပြီး သီးခြားဝန်ဆောင်မှု/အက်ပလီကေးရှင်းတစ်ခုအဖြစ် မတ်လလောက်မှာထွက်ရှိမယ်လို့ယူဆထားပါတယ်။

Ernie အနေနဲ့ ဘာသာစကားကိုနားလည်နိုင်ခြင်း၊ ပြောဆိုနိုင်ခြင်းနဲ့ စာသားမှရုပ်ပုံများကိုဖန်တီးနိုင်ခြင်း ဆိုတဲ့အချက်အနည်း‌ငယ်လောက်သာ သိရှိရတာဖြစ်ပါတယ်။ နောက်ဆုံးမှာ Baidu အနေနဲ့ Microsoft က ChatGPTကို Bing မှာပေါင်းစပ်ဖို့ ကြံရွယ်ထားသလို Baidu ရှာဖွေရေးအင်ဂျင်မှာ Ernie ကိုပေါင်းစပ်လာနိုင်ပါတယ်။

လက်ရှိမှာ ChatGPT ဟာ အခြား chatbot တွေအနေနဲ့ကြိုးစားယှဉ်ပြိုင်ဖို့စံနှုန်းတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ Google အနေနဲ့လည်း Bard ကိုလူအနည်းငယ်နဲ့စမ်းသပ်နေချိန်လည်းဖြစ်တာမို့ Ernie အနေနဲ့ Bard ထက်စောပြီး ပွဲထွက်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လတ်တလောအတွင်း Ernie ဟာ တရုတ်နိင်ငံပြင်ပကိုရောက်လာနိုင်ဦးမှာမဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ OpenAI ဟာ ၁လကိုဒေါ်လာ ၂၀ကျသင့်မယ့် ChatGPT ရဲ့ အခပေး version ဖြစ်လာမယ့် ChatGPT Plus ကို ထုတ်ဝေဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။

Source: PCMag

#EnThueTech
#News
#AI

Post a Comment

0 Comments