Subscribe Us

header ads

MSI အနေဖြင့် Afterburner software ကို စွန့်လွှတ်ဖွယ်ရှိ



ရုရှား-ယူကရိန်းစစ်ပွဲကြောင့် MSI Afterburner software ဖန်တီးမှုမှာ အဆုံးသတ်ကာလရောက်လုနီးပြီဖြစ်ကြောင်း Unwinder လို့လူသိများတဲ့ ရုရှား developer Alexey Nicolaychuk ကအတည်ပြုလိုက်ပါတယ်။

MSI Afterburner ဟာ PC ဂိမ်းမာတွေအသုံးပြုနေတဲ့ နာမည်ကျော် GPU overclocking software တစ်ခုဖြစ်ပြီး graphics card ရဲ့အပူချိန်၊ သီးသန့် fan profile ဖန်တီးခြင်း၊ ဂိမ်းစွမ်းဆောင်ရည်ကိုတိုင်းတာခြင်း စတာတွေကိုပြုလုပ်ပေးနိုင်ပါတယ်။ အခြား Overclocking software တွေရှိတယ်ဆိုပေမယ့် MSI Afterburner လောက် feature တွေမစုံလင်ကြပါဘူး။ MSI Afterburner မရှိတော့တဲ့အခါ PC ဂိမ်းမာတွေအနေနဲ့ ဒီလိုစုံလင်တဲ့ software ကိုရနိုင်တော့မှာမဟုတ်ပါဘူး။


MSI Afterburner ရဲ့ အခြေအနေဆိုးရွားနေမှုကို မေးမြန်းကြည့်ရာမှာတော့ MSI အနေနဲ့ လိုင်စင်သဘောတူညီကို လွန်ခဲ့တဲ့တစ်နှစ်နီးပါးကတည်းက ရပ်ဆိုင်းထားတယ်လို့ ရုရှား developer ကဆိုပါတယ်။ MSI အနေနဲ့ လိုင်စင်ချထားပေးဖို့ရာမှာ ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် အခက်တွေ့နေရတယ်လို့ဆိုပါတယ်။ Unwinder အနေနဲ့ MSI ရဲ့ အထောက်အပံ့မရပဲ MSI Afterburner software ကို၁၁လ‌ လောက် ဆက်လက်ဖန်တီးနေခဲ့တယ်ဆိုပေမယ့် ငွေကြေးအထောက်အပံ့မရတာမို့ အမြဲတမ်းဖန်တီးနေဖို့မဖြစ်နိုင်ပါဘူး။ သူ့အနေနဲ့ အားလပ်ချိန်မှာ ဆက်လက်ဖန်တီးနေမယ်ဆိုပေမယ့် စားဝတ်နေရေးအတွက် အခြားပရောဂျက်တွေကိုရောက်ရှိသွားနိုင်ပါတယ်။

MSI အနေနဲ့ကလည်း ရုရှားနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတွေကြောင့် Afterburner ကို အထောက်အပံ့ပေးဖို့မဖြစ်နိုင်ပြန်ပါဘူး။ ယူကရိန်းမှာစစ်ပွဲတွေဆက်ဖြစ်နေမယ်ဆိုရင် MSI Afterburner ရဲ့အထောက်အပံ့ဟာရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ သို့ပင်သော်ငြား
Unwinder အနေနဲ့ RivaTuner Statistic Server ကိုတော့ သီးခြား ပရောဂျက်ဖြစ်တာမို့ ဆက်လက်ဖန်တီးမှာဖြစ်တယ်လို့ဆိုပါတယ်။


Source: OC3D

#EnThueTech
#News
#Software

Post a Comment

0 Comments