![]() |
Image credit: Creative Technology |
Sim Wong Hoo ဟာ Creative Technology ကို ၁၉၈၁ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး သူမကွယ်လွန်ခင်အချိန်အထိ အကြီးအကဲအဖြစ်တာဝန်ယူခဲ့ပါတယ်။ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ Sim Wong Hoo ဟာ ဇန်နဝါရီလ ၄ရက်မှာ ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့တယ်လို့ဆိုထားပါတယ်။
Creative Technology (မြောက်အမေရိကတွင် Creative Labs အဖြစ်လူသိများ)ဟာ ကွန်ပျူတာခေတ်ဦးပိုင်းမှာ PC ဂိမ်းတွေအတွက် audio ကတ်တွေများစွာထုတ်လုပ်ပေးခဲ့ပါတယ်။ ၁၉၈၇ခုနှစ်မှာ Creative Music System ကိုစတင်မိတ်ဆက်ခဲ့ပြီး ၁၉၈၉ခုနှစ်မှာ နာမည်ကျော် Sound Blaster ထုတ်ကုန်နဲ့ပွဲဦးထွက်လာကာ ဈေးကွက်ကိုလျင်မြန်စွာသိမ်းပိုက်နိုင်ခဲ့သလို ထိုစဉ်က PC gaming audio အတွက် စံနှုန်းတစ်ခုဖြစ်နေတဲ့ Ad Lib ဟာ ဝေစုများစွာဆုံးရှုံးခဲ့ရပြီး ၁၉၉၂ခုနစ်မှာ ဒေဝါလီခံခဲ့ရပါတယ်။နောက်ပိုင်း ကွန်ပျူတာတွေမှာ onboard audio ပါလာတဲ့အတွက် consumer အဆင့် sound card ရောင်းအားကိုများစွာထိခိုက်စေခဲ့တာမို့ Creative ဟာ CD-ROM drive နဲ့ video accelerator တွေလို အခြားနည်းပညာဘက်ကိုကူးပြောင်းဖို့ကြံရွယ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကုမ္ပဏီဟာ သူတို့ကျွမ်းကျင်တဲ့ အသံပိုင်းကိုသာပြန်လည်အာရုံစိုက်ခဲ့ကာ အောင်မြင်မှုတွေဆက်လက်ရရှိခဲ့ပါတယ်။ ကျနော်ဆိုရင်လည်း Creative ရဲ့ Sound BlasterX G6 ကိုအသုံးပြုနေသူဖြစ်ပါတယ်။
![]() |
Creative Zen Touch Mp3 Player |
Creative ဟာ ၂၀၀၆ခုနှစ်မှာ Appleရဲ့ ဖန်တီးမှုအသစ်ဖြစ်တဲ့ iPod ပတ်သက်ပြီး မူပိုင်ခွင့်အငြင်းပွားခဲ့မှုကြောင့်လည်း လူတွေသတိထားမိစေခဲ့ပါတယ်။ ထိုအချိန်က Creative မှာ Zen audio player တွေထုတ်လုပ်နေတာဖြစ်ပြီး music library ကို scroll လုပ်လို့ရတဲ့ interface ပါဝင်ပါတယ်။ ဒီအမှုမှာ Creative ဟာ အနိုင်ရခဲ့ပြီး ဒေါ်လာသန်း၁၀၀ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ iPod ရဲ့အောင်မြင်မှုက သက်တမ်းမရှည်တဲ့ Zen player ကို နောက်ဆုံးမှာရယ်မောလို့ရတယ်ဆိုပေမယ့် Creative ဟာ ယနေ့အချိန်အထိ PC ထုတ်ကုန်တွေ ဆက်လက်ဖန်တီးပေးနေပါတယ်။
မိမိအနေဖြင့် Mr. Sim နဲ့ သိကျွမ်းလက်တွဲခဲ့တာ အနှစ်၃၀ကျော်ပါပြီ ဒီကိစ္စဟာ ဝမ်းနည်းစရာကောင်းပြီး ရုတ်တရက်ဖြစ်ပေါ်ခဲ့တာမို့ မိမိတို့အနေဖြင့် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်အဖြစ်ခံစားရကြောင်း ယာယီ CEO Song Siow Hui က ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။
Creative ရဲ့ website မှာ Sim Wong Hoo ဟာ အမျှော်အမြင်ရှိသူ၊ တီထွင်သူနဲ့ PC မှာ အသံကြားရရအောင် စွန့်ဦးတီထွင်ခဲ့သူဖြစ်ပါတယ်။ သူ့ကို လွန်စွာလွမ်းဆွတ်သတိရနေမှာဖြစ်ကြောင်း ရေးသားထားပါတယ်။
ကွယ်လွန်တဲ့အကြောင်းရင်းကို ကုမ္ပဏီကထုတ်ဖော်ပြောကြားတာမရှိပါဘူး။ Sim Wong Hoo ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇နှစ်ရှိပြီဖြစ်ပါတယ်။
Source: PC Gamer
#EnThueTech
#News
0 Comments