အမေရိကန်ပြည်ထောင်စု လပ်ဗီးဂပ်စ်မှာကျင်းပခဲ့တဲ့CES 2023 ပွဲမှာ AMD ဟာ CPU နဲ့ GPU ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။
3D V-Cache CPU များ
မနှစ်က AMD ဟာ consumer ဈေးကွက်အတွက် 3D V-Cache CPU ကို Ryzen 7 5800X3D နဲ့ပွဲဦးထွက်လာခဲ့ပါတယ်။ အခုအခါမှာတော့ AMD Zen 4 မှာဆိုရင်တော့ 3D V-Cache CPU ၃ခုကို မိတ်ဆက်လာခဲ့ပါတယ်။Ryzen 7 7800X3D
8 Cores 16 Threads
Base Clock 4.X GHz
Boost 5.0 GHz
104MB Cache
TDP 120W
Ryzen 9 7900X3D
12 Cores 24 Threads
Base Clock 4.4 GHz
Boost 5.6 GHz
140MB Cache
TDP 120W
Ryzen 9 7950X3D
16 Cores 32 Threads
Base Clock 4.4 GHz
Boost 5.6 GHz
140MB Cache
TDP 120W
ဒီထဲမှာ 7800X3D ကလွဲရင် ကျန်တဲ့ CPU ၂ခုဟာ non 3D version တွေနဲ့ Boost Clock အတူတူပဲဖြစ်သလို Base Clock ကလည်း TDP လျော့ထားလို့ ပိုနည်းတာကိုတွေ့ရပါတယ်။
AMD ကကြေညာတဲ့ benchmark တွေအရ 7800X3D ဟာ ယခင် 5800X3D ထက် 1080Pနဲ့ ဂိမ်း ၄ခုမှာ ၂၁% ကနေ ၃၀% အထိပိုမြန်တယ်လို့ဆိုပါတယ်။ 7950X3D ကတော့ Core i9 13900K ထက် ၁၃% ကနေ ၂၄%အထိမြန်တယ်လို့ဆိုပြန်ပါတယ်။ ဒါဟာ AM5 အနေနဲ့ AM4 တုန်းကလို ရောင်းအားမကောင်းလို့ ရုန်းကန်နေရတာကို အနည်းငယ်အသက်ရှုချောင်စေမယ်လို့မျှော်လင့်ရပါတယ်။ Zen 4 3D V-Cache CPU တွေကို လာမယ့်ဖေဖော်ဝါရီလမှာ စတင်ဝယ်ယူနိုင်ပါတယ်။
Non-X Ryzen 7000 CPU များ
AMD ဟာ 3D V-Cache CPU တွေသာမက Clock Speed လျော့ချထားတဲ့ Non-X Ryzen CPU ၃မျိုးကိုလည်းကြေညာလိုက်ပါတယ်။Ryzen 9 7900
12 Cores 24 Threads
Boost 5.4 GHz
76MB Cache
TDP 65W
$429
Ryzen 7 7700
8 Cores 16 Threads
Boost 5.3 GHz
40MB Cache
TDP 65W
$329
Ryzen 5 7600
6 Cores 12 Threads
Boost 5.1 GHz
38MB Cache
TDP 65W
$229
7900X နဲ့နှိုင်းယှဉ်မယ်ဆိုရင် 7900 ရဲ့ Boost Clock ဟာ 5.6GHz ကနေ 5.4GHz ကိုလျော့ကျသွားသလို TDP လည်း 175Wကနေ 65W အထိကျဆင်းသွားပါတယ်။ ဈေးနှန်းကလည်း $430 မို့ 7900X ထွက်ခါစတုန်းက $550 နဲ့ယှဉ်ရင် အများကြီးသက်သာတယ်ဆိုနိုင်ပါတယ်။
Ryzen 7 7700 နဲ့ Ryzen Ryzen 5 7600 မှာတော့ TDP ဟာ 105W ကနေ 65W အထိသာကျဆင်းသွားသလို Boost Clock ဟာလည်း 100MHz သို့ 200MHz လောက်ကျဆင်းသွားပါတယ်။ ဈေးနှုန်းကတော့ 7700 ကို $330 နဲ့ 7600 ကို $230 မို့ X model တွေထက် $70သက်သာတယ်လို့ဆိုနိုင်ပါတယ်။
non-X CPU တွေကိုဝယ်ယူတဲ့အခါ box cooler လည်းရရှိမှာဖြစ်ပြီး Ryzen 7 နဲ့ Ryzen 9 ကို Wraith Prism ရရှိမှာဖြစ်ကာ Ryzen 5 7600 ဝယ်ရင် Wraith Stealth ကိုရရှိမှာဖြစ်ပါတယ်။
Thin and Light Laptop များအတွက် Ryzen 7035 Series
Thin and Light Laptop ဈေးကွက်ကိုအလိုရှိလာတဲ့ AMD ဟာ 28W ဝန်းကျင်ရှိတဲ့ Ryzen 7035 series ကိုမိတ်ဆက်လာပါတယ်။ ဒီ CPU တွေဟာ Zen 3+ Core နဲ့ RDNA 2 Compute Unit တွေနဲ့တွဲဖက်ထားပါတယ်။7035 ရဲ့ U Series တွေဟာ Intel ရဲ့ 13th Gen P Series CPU တွေနဲ့ယှဉ်ပြိုင်မှာမို့ Thin and Light Laptop ဈေးကွက်ဟာပိုကြည့်ကောင်းလာမှာပါ။
0 Comments