Subscribe Us

header ads

၃စက္ကန့်စာနမူနာအသံဖြင့် လူတိုင်း၏အသံကို ပြန်လည်တုပနိုင်သည့် Microsoft AI


Microsoft ရဲ့ သုတေသီတွေဟာ သူတို့ရဲ့ လူတစ်ဦးရဲ့အသံနမူနာကို ၃စက္ကန့်ကြာနားထောင်ပြီးတာနဲ့ အစစ်နီးပါးသွင်တူပြုလုပ်နိုင်တဲ့ Vall-E လို့အမည်ရတဲ့ အသံ AI tool ကို ကြေညာလိုက်ပါတယ်။ အသံတစ်ခုကို လေ့ကျက်ပြီးတာနဲ့ Vall-E ဟာ ပြောတဲ့သူပုံစံအတိုင်း‌လိုက်ပြောနိုင်သလို ပြောတဲ့သူရဲ့ အသံနေအသံထားကိုပါ လိုက်လံတုပနိုင်ပါတယ်။

Vall-E ကိုဖန်တီးသူတွေကတော့ အရည်အသွေးမြင့် text-to-speech အက်ပလီကေးရှင်းတွေ၊ ပြောထားတဲ့အသံကိုပြန်လည်ပြောစရာမလိုပဲ တည်းဖြတ်ဖို့ရာအသုံးပြုနိုင်သလို GPT-3 လို အခြား AI တွေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

Microsoft ဟာ Vall-E ကို Meta ကတပ်ဆင်ပေးထားတဲ့ LibriLight ဆိုတဲ့ ‌audio library နဲ့ လေ့ကျင့်ပေးထားတာပါ။ သူ့မှာ အင်္ဂလိပ်စကားပြောသူပေါင်း ၇၀၀၀ကျော်ရဲ့ ပြောစကားပေါင်းနာရီ ၆၀၀၀၀ လောက်ပါဝင်တယ်လို့ကာ အများစုက audiobook တွေကနေရရှိတာဖြစ်ပါတယ်။

Image: Microsoft

ပြောဆိုသူရဲ့ အသံထွက်နဲ့ စိတ်ခံစားမှုပါတုပနိုင်ရုံသာမက Vall-E ဟာ ပတ်ဝန်းကျင်အသံကိုပါ တုပပေးနိုင်ပါတယ်။ ဥပမာ ဖုန်းပေါ်ကအသံဆိုရင် ဖုန်းပေါ်ကအသံအတိုင်းကြားရမှာပါ။

Vall-E ရဲ့ စွမ်းပကားကိုအလွဲသုံးမှာစိုးရိမ်တဲ့အတွက် Microsoft အနေနဲ့ အခြားသူတွေကို ကုဒ်တွေမျှဝေပေးထားခြင်းမရှိလို့ ကိုယ်တိုင်စမ်းသပ်လို့မရပါဘူး။ ဒါပေမယ့် Vall-E ရဲ့ နမူနာ website မှာ‌တော့ Microsoft ဟာ အသံနမူနာဖိုင်ပေါင်းများစွာကိုတင်ထားပါတယ်။

Source: Ars Technica

#EnThueTech
#News
#Software
#AI

Post a Comment

0 Comments