Subscribe Us

header ads

CPU အသစ်များအတွက် Cooler Master ၏ Hyper 212 Halo



Cooler Master ရဲ့ Hyper 212 ဟာ နှစ်ပေါင်းများစွာနာမည်ကျော်လာခဲ့တဲ့ air cooler တစ်ခုဖြစ်ပါတယ်။ Cooler Master အနေနဲ့ ဒီ cooler ရဲ့ heatsink နဲ့ fan တွေကို တစ်နှစ်ပြီးတစ်နှစ် နည်းပညာအသစ်တွေနဲ့ မွန်းမံလာခဲ့ပြီး အခုဆိုရင် Hyper 212 Halo ဆိုပြီး ထပ်မံမွန်းမံလာခဲ့ပါတယ်။ ဒီ cooler အသစ်မှာ သမားရိုးကျ aluminium fin နဲ့ 6mm အထူရှိတဲ့ကြေးပိုက် ၄ခုကို အောက်ခြေမှာ CPU နဲ့တိုက်ရိုက်ချိတ်ဆက်စေမှာဖြစ်ပါတယ်။ ပန်ကာတွေကလည်း rfile-bearing တွေဖြစ်ပြီး နာရီ ၁၆၀၀၀၀ ကျော်ခံနိုင်ကာ addressable RGB LED တွေကို fan အလယ်အူတိုင်နဲ့ hub မှာ ထည့်သွင်းထားပါတယ်။



fan တွေကလည်း 650~2050 rpm အထိရရှိနိုင်သလို airflow က 51.8 CFM နဲ့ အမြင့်ဆုံးဆူညံမှုက 27 dBA ရှိပါတယ်။ ဒီလိုမွန်းမံလာတဲ့ဒီဇိုင်းကြောင့် LGA1700 နဲ့ AM5 လိုနောက်ဆုံးပေါ် socketတွေကိုအထောက်အပံ့ပေးလာနိုင်ပါတယ်။ Hyper 212 Halo ကို အဖြူရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင်၂မျိုးနဲ့ရရှိနိုင်ပါတယ်။

Source: Techpowerup

#EnThueTech
#News

Post a Comment

0 Comments