Subscribe Us

header ads

အခမဲ့အသုံးပြုနိုင်တဲ့ Photoshop ကိုစမ်းသပ်နေတဲ့ Adobe



Adobe ဟာ သူတို့ရဲ့နာမည်ကျော် software တစ်ခုဖြစ်တဲ့ Photoshop ရဲ့အခမဲ့အသုံးပြုနိုင်တဲ့ version ကို စဝင်စမ်းသပ်နေပြီး အသုံးပြုသူပိုများပြားလာအောင် မိတ်ဆက်ပေးလာဖို့ကြံရွယ်နေပါတယ်။


Photoshop ရဲ့ အခမဲ့ version ကို လက်ရှိကနေဒါနိုင်ငံမှာ စမ်းသပ်နေပြီဖြစ်ပြီး အသုံးပြုသူတွေဟာ web browser ကနေနဆင့် အခမဲ့သုံးနိုင်တဲ့ Adobe အကောင့်နဲ့သုံးနိုင်ပါတယ်။ Adobe ကတော့ ဒီဝန်ဆောင်မှုကို Freemium လို့ခေါ်ဆိုပြီး အချို့features တွေအတွက်ငွေကြေးကောက်ခံသွားမှာပါ။ Photoshop ရဲ့ အဓိက core feature တွေကိုအခမဲ့လုံလောက်စွာသုံးနိုင်မယ်လို့ဆိုပါတယ်။



"ကျနော်တို့ဟာ Photoshop ကို ပိုလက်လှမ်းမှီလာအောင်နဲ့ စမ်းသုံးကြည့်လိုသူ‌ တွေအတွက် အသုံးပြုရတာလွယ်ကူအောင် ဖန်တီးလိုတယ်" လို့ Adobe ရဲ့ digital imaging ဌာနက ဒုဥက္ကဌဖြစ်သူ Maria Yap ကဆိုပါတယ်။

Photoshop ရဲ့ မြင့်မားလှတဲ့လစဉ်ကြေးကြောင့် အသုံးပြုသူအများအပြားဟာ Affinity Photo၊ GIMP သို့ Pixalmator တို့လိုဆင်တူတဲ့ software တွေသုံးလာကြပါတယ်။ အခမဲ့သုံးနိုင်တဲ့ Photoshop version ဟာ အမှန်တကယ်ထွက်လာတဲ့အခါ အဆိုပါ software တွေနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် web အခြေခံ Photoshop ဟာ Chromebook တို့လို device တွေအတွက်သင့်တော်ပါတယ်။ ဒီအပတ်ထဲမှာ Adobe ဟာ Lightroom အတွက် အခြေခံ video editing toolတွေထည့်သွင်းပေးလာကာ setting တွေ adjustment တွေကို ဓာတ်ပုံနဲ့ဗီဒီယိုအကြား Copy Paste လုပ်လာနိုင်စေခဲ့ပါတယ်။

Source: The Verge and TechSpot

#EnThueTech
#News
#Software

Post a Comment

0 Comments