Subscribe Us

header ads

မနက်ဖြန်မှာ အဆုံးသတ်တော့မယ့် Internet Explorer

Image: The Telegraph

IE လို့ခေါ်ကြတဲ့ Internet Explorer ကို ကွန်ပျူတာသုံးတဲ့သူတော်တော်များများသိကြပါလိမ့်မယ်။ Microsoft ဟာ IE ကို ၁၉၉၅ခုနှစ်ကစတင်ပြီးထည့်သွင်းလာခဲ့တဲ့အတွက် အခုဆို ၂၇နှစ်တောင်ရှိနေပါပြီ။ ဒါ့ပေမယ့် Microsoft ဟာ မနက်ဖြန်ကစပြီး IE ကိုတရားဝင်အဆုံးသတ်တော့မှာဖြစ်ကြောင်းကို မေလတုန်းကဆိုထားပါတယ်။ အခုဆိုရင် ဆယ်စုနှစ် ၃ခုစာနီးပါး software ဟာ အနားပေးခံရတော့မှာပါ။

ဒီအတွက် မနက်ဖြန်ကစပြီး Internet Explorer desktop app ဟာ အထောက်အပံ့ပေးမှုကို မကြာခင်ကထွက်ရှိထားတဲ့ Windows 10 version တွေမှာရပ်ဆိုင်းမှာဖြစ်ပါတယ်။ ပြီးတာနဲ့ Microsoft ဟာ Windows update နဲ့ Internet Explorer ကို လုံးဝဖယ်ရှားလိုက်မှာဖြစ်ပြီး သုံးလိုတယ်ဆိုရင် Edge browser ကိုသာပြသမှာဖြစ်ပါတယ်။

Internet Explorer ဟာ သမိုင်းစာမျက်နှာမှာ လုံးဝပျောက်ကွယ်သွားမှာမဟုတ်ပဲ legacy Internet Explorer အခြေခံဝဘ်ဆိုက်တွေနဲ့ app တွေအတွက် Chromium အခြေခံ browser အသစ်ဖြစ်တဲ့ Microsoft Edge မှာ Internet Explorer mode အနေနဲ့ဆက်လက်ပါဝင်နေမှာပါ။ ဒီ mode ကို ၂၀၂၉ခုနှစ်အထိ နောက်ဆုံးထားထောက်ပံ့ပေးမှာပါ။ Windows 8.1 နဲ့ Windows 7 တို့ရဲ့ Extended Security Update နဲ့ IE mode ကို ၂၀၂၃ခုနှစ်ဇန်နဝါရီအထိထောက်ပံ့ပေးသွားမှာပါ။

Edge မှာ IE mode ကိုဖွင့်ဖို့က edge://settings/defaultbrowser မှာ allow လုပ်ပေးပြီးနောက် browser ကိုrestart လုပ်ပေးရပါမယ်။

Microsoft အထောက်အပံ့‌တွေရပ်ဆိုင်းတော့မယ်ဆိုပေမယ့် စီးပွားရေးလုပ်ငန်းအများအပြားဟာ Internet Explorer ကိုဆက်လက်သုံးစွဲသွားမယ်လို့ဆိုပါတယ်။ Lansweeper ရဲ့အချက်အလက်တွေအရ အဖွဲ့အစည်းပေါင်း ၃၃၀၀၀ ရဲ့ Windows 10 PC ၉သန်းကျော်ရဲ့ ၄၇%ခန့်ဟာ Internet Explorer ကိုသုံးစွဲနေကြပြီး 79%ခန့်ဟာ Windows 11 ဖြစ်ဖို့ဝေးစွ Windows 10 latest version တောင်ဖြစ်မနေကြဘူးလို့ဆိုပါတယ်။

Source: TechSpot

#EnThueTech
#News
#Microsoft

Post a Comment

0 Comments