Tom's Hardware ရဲ့အဆိုအရ AMD ဟာ X670 နဲ့ B650 Motherboard တွေမှာ chiplet အခြေခံဒီဇိုင်းကိုသုံးမှာဖြစ်ပြီး B650 ကတော့ chipset တစ်ခုသာပါဝင်ကာ X670 ကတော့ chipset ၂ခုပါဝင်လာမှာပါ။ ဒီအတွက် AMD ဟာ motherboardအတွက် chipset ၂ခုဖန်တီးဖို့မလိုတော့ပါဘူး။ AM5 ဟာ ယခင် AM4 လို ကာလရှည်ကြာအထောက်အပံ့ပေးမှာဖြစ်ပြီး Gen ၂ဆက်စာထက် ပိုမိုအသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။
DDR5 Memory ကိုoverclocking လုပ်နိုင်မယ့်နည်းပညာကိုတော့ Extended Profiles for Overclocking (EXPO) လို့ခေါ်ဆိုမှာဖြစ်ကာ ဖေဖော်ဝါရီလကမှတ်ပုံတင်ခဲ့ပါတယ်။ Intel အနေနဲ့ ဒီလို memory overclock လုပ်တဲ့နည်းပညာကို Extreme Memory Profiles(XMP)လို့ခေါ်ဆိုပါတယ်။ Intel နဲ့ အခေါ်အဝေါ်ကွဲပြားစေဖို့ AMD အတွက် Asus က Direct Overclock Profile (DOCP) လို့ခေါ်ဆိုပြီး Gigabyte ကတော့ Extended Overclock Profile (EOCP) လို့ခေါ်ဆိုကြပါတယ်။ EXPO အနေနဲ့ အခြား memory overclock နည်းပညာဖြစ်တဲ့ RAMP နဲ့စပ်ဆက်မှုရှိသလားမရှိလားဆိုတာကတော့ မသိရသေးပါဘူး။
Source: club386, OC3D, Tom's Hardware and Techspot
0 Comments