Subscribe Us

header ads

MSIology: Determine to Succeed March 2022


မနေ့ကကျင်းပခဲ့တဲ့ MSIology ပွဲမှာ MSI ဟာ laptop အသစ်တွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ MSI ဟာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့laptop တွေကိုအခြေတည်ထားကာ သူ့တို့ရဲ့ Business Series Laptop တွေကိုတော့ ဘယ်လို အလုပ်ခွင်မှာမဆိုလုပ်နိုင်အောင်ဖန်တီးထားပါတယ်။

Summit E14 Flip Evo
စဉ်ဆက်မပြတ်ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်ဖို့ဆိုတာပထမဦးစားပေးဖြစ်ပါတယ်။ ဆူညံတဲ့အသံ၊ video conferencing မှာ အရုပ်တွေမကြည်လင်တာ၊ laptop ဘက်ထရီအားမခံတာနဲ့ လုံခြုံရေးပိုင်းကိုပူပန်ရတာတွေဟာ လုပ်ငန်းစွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်ပါတယ်။






MSI Summit Series တွေဟာ productivity နဲ့ efficiency ပိုင်းတွေကိုမြှင့်တင်ပေးထားပါတယ်။ မနှစ်က 13လက်မနဲ့ 16လက်မ convertible laptop တွေကိုမိတ်ဆက်ပေးခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ပိုမိုကောင်းမွန်တဲ့ MSI Summit E14 Flip Evo ကိုမိတ်ဆက်ပေးလိုက်ပါတယ်။

MSI Summit E14 Flip Evo မှာ နောက်ဆုံးပေါ်Intel ရဲ့ 12th Gen P- Series processor တွေတပ်ဆင်ထားပြီး မနှစ်က 11th Genထက် 250%နီးပါးနဲ့ H-series တွေထက်တောင် 15~20% ပိုမြန်ဆန်လာပါတယ်။ 12th Gen P-series CPU တွေဟာ Evo အနွယ်ဝင်တွေဖြစ်ပြီး နောက်ဆုံးထွက် Iris Xe Graphics ပါဝင်မှာဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုကောင်း၊ ပိုမြန်ဆန်သွက်လက်ကာ ဘက်ထရီလည်းပိုခံမှာပါ။


Screen ဟာ ဆိုရင်လည်း အလုပ်လုပ်တဲ့သူတွေအကြိုက် 16:10 Golden Ratio ဖြစ်ပြီး 360° လှန်လို့ရကာ Pen ပါသုံးနိုင်တဲ့အတွက် လုပ်ငန်းအခြေအနေမျိုးစုံအတွက်အဆင်ပြေစေပါတယ်။ အလေးချိန်က 1.6kg သာရှိပြီး ဘက်ထရီဟာ ၁၀နာရီလောက်အသုံးခံမယ်လို့ဆိုပါတယ်။ PD နဲ့ အမြန်အားသွင်းတဲ့စနစ်ကြောင့် ကြိုးတန်းလန်းဖြစ်နေမှာစိတ်ပူစရာမလိုပါဘူး။ သင့်ရဲ့ privacy နဲ့ လုံခြုံတဲ့လုပ်ငန်းခွင်ဖြစ်ဖို့အတွက်လည်း fingerprint နဲ့ IR Cameraလို biometric loginစနစ်တွေအပြင် မျက်နှာကို screen ပေါ်ကနေလွဲလိုက်တာနဲ့ screen ကိုဝါးလိုက်ပြီး lock ချလိုက်မှာမို့ သင့်ပရောဂျက်တွေကိုတပါးသူဝင်ကြည့်လို့မရတော့ပါဘူး။ ဒါ့အပြင် အခြားတစ်ယောက်က သင့် screen ကိုစိုက်ကြည့်နေမယ်ဆိုရင်တောင် သင့်ကိုအသိပေးနေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာကိုကွယ်ထားရုံတင်မဟုတ်ပဲ ပါဝါပေးတာကိုပါပိတ်လိုက်နိုင်တဲ့ သီးခြားခလုပ်လည်းထည့်သွင်းထားပါသေးတယ်။

နောက်ထပ်ပြောရရင် MSI Summit E14 Flip မှာ laptop ဘယ်နားထားမိသလဲဆိုတာမှတ်သားထားပေးနိုင်တဲ့ Tile Technology ပါဝင်ပါတယ်။ သူကနောက်ဆုံး အင်တာနက်ချိတ်ဆက်ထားတဲ့နေရာကိုမှတ်ထားပေးတာပါ။


သူ့ရဲ့ ညီနောင်လို့ပြောလို့ရတဲ့ Summit E16 Flip ကတော့ RTX 3050Ti အထိပါဝင်လာပါမယ်။

Modern Series
MSI Modern Series ကတော့ မော်ဒန်လူနေမှုဘဝအတွက်ထုတ်ထားတာပါ။ MSI Modern Series တွေကို work, love and travel ဆိုတဲ့အယူအဆအပေါ်အခြေခံပြီး ယခင်ထက် ပိုမိုလှပတဲ့အရောင်အသွေးတွေနဲ့ပွဲထုတ်လာပါတယ်။ အနက်ရောင်ဆိုတာ ဖက်ရှင်လောကမှာ classic အဖြစ်ဆုံး အရောင်မို့ matte black အရောင်ကိုဖန်တီးလိုက်ပါတယ်။ Urban Silver ကတော့ အနာဂတ်ဆန်ဆန်တောက်ပနေတယ်ဆိုတဲ့အယူအဆကိုအခြေခံထားပါတယ်။


Modern Series တွေဟာ အလုပ်အတွက်အဆင်ပြေစေတဲ့ 180°ထိလှန်လို့ရတဲ့ screen ကိုလည်းတပ်ဆင်ထားပါတယ်။ Modern Series အသစ်တွေကို Intel ရဲ့ 12th Gen CPU တွေနဲ့ Iris Xe Graphics တို့ပေါင်းစပ်ဖန်တီးထားပါတယ်။ 1.4kg သာရှိတဲ့ အလေးချိန်က လက်ထဲသကိတောင့်သက်သာကိုင်နိုင်မှာဖြစ်သလို အလုပ်အတွက်အဆင်ပြေအောင် IO port တွေကိုလည်းအများအပြားထည့်ထားပေးပါတယ်။

Prestige Series
ရိုးရှင်းသလောက်လှပတဲ့ MSI Prestige Series တွေဟာ သေးငယ်တဲ့ကိုယ်ထည်အတွင်းမှာ ကြီးမားတဲ့စွမ်းဆောင်ရည်တွေထည့်သွင်းပေးလာပါတယ်။

Prestige Series တွေမှာ Intel ရဲ့ 12th Gen CPU တွေနဲ့ Nvidia RTX Graphics တို့ပေါင်းစပ်ဖန်တီးထားပါတယ်။

Ambient Silent AI
သင့် laptop မှာ fan သံတွေဆူညံနေတာကိုသဘောမကျဘူးဆိုရင် MSI ရဲ့ Ambient Silent AI ကဖြေရှင်းပေးနိုင်ပါတယ်။ ပုံမှန်ဆိုရင် စွမ်းဆောင်ရည်များများလိုအပ်လာချိန်မှfan အသံတွေဆူလာလေ့ရှိပါတယ်။
Ambient Silent AI မှာက AI ကိုသုံးပြီး fan အသံကိုတက်နိုင်သမျှတိုးစေမှာဖြစ်သလို စွမ်းဆောင်ရည်ကိုလည်းရသလောက်ဆွဲတင်ပေးမယ့် နည်းပညာဖြစ်ပါတယ်။

Noise Cancellation
သူက Video Call တွေမှာ မိမိအသံကိုရောတစ်ဖက်ကပြောတဲ့အသံကိုပါ ဆူညံသံတွေထိန်းညှိပေးမှာဖြစ်သလို group ထဲမှာ အဖွဲ့သားတစ်ယောက်ရဲ့အသံဟာ အခြားသူတွေထက်တိုးနေခဲ့ အတူတူဖြစ်လာအောင်ချိန်ညှိပေးမှာပါ။ ဒါကြောင့် သင်ဖြစ်ဖြစ်သင့်ပါတနာပဲဖြစ်ဖြစ် ဆူညံတဲ့နေရာသို့ တိုးတိုးလေးပြောနေလင့်ကစား ရှင်းလင်းတဲ့အသံကိုထုတ်ပေးနိုင်ပါတယ်။

Noise Reduction
ရုပ်ပုံတွေအတွက် video call ကအရုပ်တွေမှာ noise ကိုလျော့ချပေးကာ အလင်းအမှောင်ကိုပါချိန်ညှိပေးမှာမို့ သင်ဟာဘယ်လိုနေနေ ပိုချောပို‌ကြည့်ကောင်းနေစေမှာဖြစ်ပါတယ်။

#EnThueTech
#News
#MSI
#MSIology

Post a Comment

0 Comments