Photo: Liesa Johannssen-Koppitz/Bloomberg |
တစ်ပိုင်းလျှပ်ကူးပစ္စည်းလို့ခေါ်တဲ့ ဆီမီးကွန်ဒတ်တာတွေကို ကမ္ဘာ့ဒုတိယအပေါများဆုံးဖြစ်တဲ့ စီလီကွန်ဒြပ်စင်ကနေထုတ်လုပ်နိုင်ပါတယ်။ ဆီလီကွန်ဟာ ကမ္ဘာပေါ်က လူနေထိုင်ရာနေရာဒေသတိုင်းမှာ သဲအဖြစ်တွေ့မြင်နိုင်ပါတယ်။ သို့ပင်သော်ငြား လက်ရှိကမ္ဘာပေါ်မှာ ဆီမီးကွန်ဒတ်တာတွေ ပြတ်လပ်မှုကြီးနဲ့ရင်ဆိုင်နေရပါတယ်။
ချစ်ပ်ထုတ်လုပ်ရေးဆိုတာ Samuel Coleridge ကဗျာထဲကလို "ရေတွေရေတွေ နေရာတိုင်းမှာရှိတယ် တစ်စက်မှသောက်လို့မရဘူး" ဆိုတဲ့အတိုင်းဖြစ်ပါတယ်။ နားလည်အောင်ပြောရရင် ကျနော်တို့ရဲ့လူနေမှုဘဝကို ဒီဆီမီးကွန်ဒတ်တာ အိုင်စီချစ်ပ်များစွာက လွှမ်းမိုးထားပါတယ်။ ဥပမာပြောရရင် ကားတစ်စီးမှာ IC တစ်ထောင်လောက်သုံးဖို့လိုပြီး၊ စမတ်ဖုံးတစ်လုံးမှာ IC ၁၅ခု ကနေ အခု၂၀ လောက်သုံးဖို့လိုပါတယ် ယုတ်စွအဆုံး ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်လို စက်ပစ္စည်းတွေတောင်မှ ၁၉၈၀ခုနှစ်များက ကွန်ပျူတာတွေထက်စွမ်းအားပိုကောင်းတဲ့ microcontroller ချစ်ပ်တွေ အသုံးပြုနေကြပြီဖြစ်ပါတယ်။
တင်သွင်းမှုများပြား
အိန္ဒိယမှာ fabs လို့ခေါ်တဲ့ ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးစက်ရုံတွေတစ်ခုမှမရှိပါဘူး။ ၂၀၂၀ခုနှစ်တစ်နှစ်ထဲမှာပဲ ဒေါ်လာ ၁၅ဘီလီယံတန်ဖိုးရှိတဲ့လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေတင်သွင်းခဲ့ရပြီး ၃၇ရာခိုင်နှုန်းကတရုတ်နိုင်ငံကလာတာပါ။ ဒါကြောင့် အိန္ဒိယအစိုးရဟာ တင်သွင်းလာတဲ့ ချစ်ပ်တွေကိုခြေရာခံဖို့ CHIMS စနစ်ကိုစတင်လိုက်ပါတယ်။ဒီအကြောင်းကို ကမ္ဘာနဲ့ချီပြီးပြောရင် ပိုဆိုးပါတယ်။ ထိုင်ဝမ်ဆိုတဲ့ကျွန်းနိုင်ငံလေးဟာ ကမ္ဘာအဝှမ်းအသုံးပြုမယ့်ချစ်ပ် ၅၀ရာခိုင်နှုန်းခန့်ကိုထုတ်လုပ်ပေးနေပါတယ်။ ကမ္ဘာ့ပေါ်က အိုင်စီ၁၀ခုမှာ ၇ခုလောက်ဟာ ထိုင်ဝမ်ရဲ့ TSMC နဲ့ တောင်ကိုးရီးယားရဲ့ဆမ်ဆောင်းတို့ကထုတ်လုပ်ပေးနေတာပါ။
ကိုဗစ်၁၉ ကပ်ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ခုနှစ်မှာ ထောက်ပံ့ရေးကွင်းဆက်တွေပြတ်တောက်ကုန်တာမို့ နိုင်ငံပေါင်းများစွာဟာသူတို့ရဲ့ ဆီးမီးကွန်ဒတ်တာမှုဝါဒတွေကိုပြန်လည်သုံးသပ်လာရပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုရင် Intel နဲ့ TSMC ကို အမေရိကန်ပြည်ထောင်စုထဲမှာ fabs တွေတည်ဆောက်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဂျပန်ဟာဆိုနီအတွက် TSMC နဲ့ fabs စက်ရုံအသစ်တည်ဆောက်မှာဖြစ်သလို ဂျာမနီဟာလည်း Intel နဲ့ TSMC ကိုဥရောပသမဂ္ဂထဲမှာ fabsစက်ရုံတည်ဆောက်ဖို့တွန်းအားပေးနေပါတယ်။
အိုင်စီနဲ့ ပထဝီဝင်နိုင်ငံရေး
စက်မှုလုပ်ငန်းတွေဟာ ဆီမီးကွန်ဒတ်တာအိုင်စီတွေအပေါ် မှီခိုနေရတာကြောင့် ဒီချစ်ပ်တွေဟာ တိုင်းပြည်ရဲ့ ကာကွယ်ရေးနဲ့ အာကာသစီမံကိန်းတွေအတွက် အရေးကြီးပါတယ်။ ၂၀၁၈ခုနှစ်က Bloomberg သတင်းတစ်ခုအရ Supermicro ရဲ့ မားသားဘုတ်တွေမှာ စပိုင်ချစ်ပ်တွေပါဝင်တယ်လို့ဆိုခဲ့ပါတယ်။ ဒီကိစ္စဟာ တင်းမာနေတဲ့ တရုတ်-အမေရိကန်ဆက်ဆံရေးကိုပိုမိုဆိုးရွားစေခဲ့ပါတယ်။ ဆော့ဝဲတွေနဲ့မတူတာက ဒီကုဒ်ဟာဘာအတွက်သုံးမယ်ဆိုတာကို လွယ်လွယ်ကူကူသိရှိနိုင်ပေမယ့် အိုင်စီတစ်ခုဟာဘာရည်ရွယ်ချက်နဲ့ထည့်သုံးရသလဲဆိုအဖြေရှာဖို့အတော်လေးခက်ခဲပါတယ်။အမေရိကန်ဟာ တရုတ်နိုင်ငံအခြေစိုက်ဟွာဝေးကုမ္မဏီကို 5G ထောက်ပံ့ရေးတင်သွင်းသူအဖြစ်ကနေပိတ်ပင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ သေးငယ်တဲ့ အစိုးရပိုင် fab တစ်ခုကို မိုဟာလီ(ပန်ဂျပ်ပြည်နယ်)မှာတည်ဆောက်နိုင်ခဲ့ပြီး အိန္ဒိယရဲ့ အာကာသနဲ့ကာကွယ်ရေးပိုင်းတွေအတွက် အရေးကြီးတဲ့ IC တွေကိုထုတ်လုပ်ပေးနေပါတယ်။
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းအပေါ်တိုက်ခိုက်ခဲ့ပြီးနောက် ပိတ်ဆို့အရေးယူမှုတစ်ခုကတော့ အမေရိကန်ချစ်ပ်တွေကိုရုရှားနိုင်ငံကိုရောင်းချခွင့်မရှိတော့ပါဘူး။ ဒေတာအချက်အလက်တွေကို ရေနံအသစ်လို့သဘောထားမယ်ဆိုရင် ဆီမီးကွန်ဒတ်တာအိုင်စီတွေဟာ ရေနံတူးစင်တွေနဲ့တူညီတယ်လို့ဆိုနိုင်ပါတယ်။ အင်္ဂါဂြိုလ်သွားယာဉ်၊ အန္တာတိကတိုက်က လေ့လာရေးစင်တာမှအစ ဆေးရုံပေါ်က စီတီစကင်စက်အဆုံး ကမ္ဘာပေါ်က software တွေအားလုံးဟာ ဆီမီးကွန်ဒတ်တာအိုင်စီတွေပေါ်မှာသာအလုပ်လုပ်တာပါ။
နည်းလေ ရှားလေ
ဆီမီးကွန်ဒတ်တာတွေဟာ ဒီလောက်အရေးကြီးရင် နိုင်ငံတိုင်းက ဘာလို့အရေးမပေးကြတာပါလိမ့်?လွန်ခဲ့တဲ့ဆယ်စုနှစ်၂ခုနီးပါးလောက်က ကျနော်က ဒီဆီမီးကွန်ဒတ်တာနယ်ပယ်ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ် အဲဒီအချိန်က fabs တွေဟာ အခုလို ထိုင်ဝမ်နဲ့တောင်ကိုးရီးယားမှာသာရှိခဲ့တာမဟုတ်ပါဘူး။ ကုမ္ပဏီငယ်လေးတွေဖြစ်တဲ့ Analog Devices ရဲ့ fabs ဟာ ဖင်လန်နိုင်ငံနဲ့ အစ္စရေးမှာတောင်ရှိခဲ့ပါတယ်။ ဥရောပမှာလည်း ဂျာမနီ၊ အီတလီနဲ့ ပြင်သစ်တို့မှာ STM၊ Philips (NXP)နဲ့ Siemens (Infineon) တို့ရဲ့fabs စက်ရုံတွေအများအပြားရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း Motorola၊ AMDနဲ့ Texas Instruments တို့ဟာ fabs စက်ရုံတွေအများကြီးပိုင်ခဲ့ပါတယ်။
သို့သော်လည်း နည်းပညာတိုးတက်လာတာနဲ့အမျှ ချစ်ပ်များပေါ်က ထရန်စစ္စတာတွေဟာ 250nm မှ 5nm အထိ သေးငယ်လာပါတယ်။ အခုဆိုရင် ထရန်စစ္စတာရဲ့ 'ချန်နယ်' တစ်ခုမှာ အက်တမ်တွေလက်တစ်ဆုပ်စာသာ ကျန်ပါတော့တယ်။ ဒီလိုချစ်ပ်တွေထုတ်လုပ်ဖို့ fabs တွေတည်ဆောက်ဖို့ဆိုတာ ဒေါ်လာဘီလီယံဆယ်နဲ့ချီသုံးရမှာဖြစ်သလို စီးပွားရေးအရတွက်ချေကိုက်ဖို့လည်းလိုပါသေးတယ်။
ဒီလိုကြောင့် ဆီမီးကွန်ဒတ်တာလုပ်ငန်းဟာ၂ပိုင်းကွဲသွားပါတယ်။ ဒီဇိုင်းရေးဆွဲတဲ့ ကုမ္ပဏီတွေဟာ ဒီဇိုင်းကိုသာအာရုံစိုက်ထားပြီး ထုတ်လုပ်ဖို့အတွက် TSMC လိုကုမ္ပဏီကိုအပ်နှံကြပါတယ်။ ဒီလိုနဲ့ TSMC၊ UMC၊ SMIC နဲ့ ဆမ်ဆောင်းတို့လိုကုမ္ပဏီတွေဟာ အမြတ်များစွာရလာပြီး ပိုကောင်းတဲ့ချစ်ပ်တွေပြုလုပ်ပေးလာနိုင်ပါတယ်။
ကမ္ဘာ့ဟာရွာကြီးတခုလိုဖြစ်လာတဲ့အခါ အမေရိကန်၊ အစ္စရေးနဲ့ အိန္ဒိယ၊ အာရှအရှေ့ဖျားက fabs တွေမှာ စမ်းသပ်၊ တပ်ဆင်ပြီး အရှေ့တောင်အာရှမှာ ထုပ်ပိုးခြင်းဟာ စက်မှုလုပ်ငန်းအတွက် ကောင်းမွန်ပြီး အလုပ်အကိုင်တွေအများကြီးဖန်တီးပေးနိုင်ပေမယ့် COVID-19 ကပ်ရောဂါဖြစ်ပွားလာတဲ့အခါ ဒီထောက်ပံ့ရေးကွင်းဆက်ကြီးထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့် အခုအခါ နိုင်ငံအများအပြားဟာ ပြည်တွင်းမှာသာ ဆီမီးကွန်ဒတ်တာတွေထုတ်လုပ်နိုင်ဖို့ ကြိုးစားတည်ဆောက်နေကြပါတယ်။
စီမီးကွန်ဒတ်တာတွေကို ထုတ်လုပ်ရတာ ရှုပ်ထွေးခက်ခဲတာမို့ နောင်အနာဂတ်မှာထုတ်လုပ်တော့မှာမဟုတ်ဘူးလို့ လူတွေနှစ်ပေါင်းများစွာ ခန့်မှန်းလာခဲ့ကြပါတယ်။ ပျောက်ကွယ်သွားရမယ့်အစား ဆီမီးကွန်ဒတ်တာထုတ်လုပ်ခြင်းဟာ ပိုမိုကြီးထွားလာပြီး မရှိမဖြစ် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုလည်း ဖြစ်လာပါတော့တယ်။
Money Control ၏ Gaurav Goel ရေးသားသော Semiconductors | A handful of atoms of great strategic, geopolitical importance ဆောင်းပါးကိုဘာသာပြန်သည်။ ယခုဆောင်းပါးရှင် Gaurav Goel သည် အိန္ဒိယနိုင်ငံရှိ Digital Design Architect တစ်ဦးဖြစ်ပြီး ဆီမီးကွန်ဒတ်တာနယ်ပယ်တွင် ၁၈နှစ်အတွေ့အကြုံရှိသူဖြစ်ကာ လက်ရှိတွင် AMD တွင်အလုပ်လုပ်နေသူဖြစ်ပါသည်။

0 Comments