EA Sports ဟာ ယူကရိန်းပြည်သူတွေနဲ့တစ်သားတည်းဖြစ်ကြောင်းပြသတဲ့အနေနဲ့ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံအသင်းတွေကို FIFA 22 နဲ့ NHL 22 ကနေထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
EA Sports ဟာ ဒီဇင်ဘာမှာ အပြည်ပြည်ဆိုင်ရာရေခဲပြင်ဟော်ကီအဖွဲ့ချုပ်(IIHF) နဲ့ ပူးပေါင်းပြီး နိုင်ငံအသင်းတွေကို NHL 22 မှာထည့်သွင်းလာတာပါ။ သဘောတူညီချက်အရ ရုရှားအသင်းနဲ့ ဘီလာရုစ်အသင်းတွေကို လာမယ့် အပတ်တွေထဲမှာ ဖယ်ရှားသွားမယ်လို့ဆိုပါတယ်။
အရောင်းရဆုံးဘောလုံးဂိမ်းဖြစ်တဲ့ FIFA 22မှာ CSKA မော်စကို၊ လိုကိုမိုးတစ်မော်စကို၊ စပါးတပ်စ်မော်စကို နဲ့ ဇင်းနစ်စိန့်ပီတာစဘတ်အသင်းတို့ပါဝင်ခဲ့ပြီး ယခုဖြုတ်ချလိုက်ပြီဖြစ်ပါတယ်။ ဒီအသင်းတွေဟာ FIFA Mobile နဲ့ FIFA Online မှာလည်း ဖယ်ရှားပြီးဖြစ်ပါတယ်။
EA Sports အနေနဲ့ အားကစားသမားတစ်ယောက်ခြင်းစီကိုတော့ဖယ်ရှားသွားမှာမဟုတ်ဘူးလို့သိရပြီး အခြားအသင်းမှာကစားနေတဲ့ ရုရှားအားကစားသမားတွေကတော့ ဂိမ်းမှာဆက်ရှိနေမှာပါ။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ကလည်း လွန်ခဲ့တဲ့အပတ်က ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကို စိန့်ပီတာစဘတ်မြို့ကနေ ပဲရစ်မြို့ကိုရွေ့ပြောင်းကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကို ကစားခွင့်ပိတ်ပင်ခြင်းခံထားရပါတယ်။
IHHF ကတော့ ဘီလာရုစ်နဲ့ ရုရှားနိုင်ငံအသင်းတွေကို သူတို့ရဲ့ကစားပွဲတွေကနေ ရာသတ်ပန်ပိတ်ပင်ပြီး ၂၀၂၃ခုနှစ် ရုရှားနိုင်ငံ နိုဗိုစီဘက်စ် မှာကျင်းပမဲ့ ကမ္ဘာ့လူငယ်ရေခဲပြင်ဟော်ကီကစားပွဲ ရွေ့ဆိုင်းလိုက်ပါတယ်။
အခြားသောအားကစားတွေမှာလည်း ဒီကိစ္စလို ရုရှားနဲ့သက်ဆိုင်တဲ့အရာတွေကိုဖယ်ရှားလာဖွယ်ရှိနေပါတယ်။ Polygon ကအဆိုအရ စက်တင်ဘာလထဲမှာကျင်းပမယ့် ဖော်မြူလာဝမ်းရုရှားဂရင်းပရီပြိုင်ပွဲကို ပြီးခဲ့တဲ့အပတ်ကဖျက်သိမ်းလိုက်တဲ့အတွက် EA Sports ပိုင် Codemasters က ထုတ်မယ့် F1 2022 ဂိမ်းကိုလည်း သက်ရောက်မှုရှိလာမှာပါ။
အခြားရုရှားသတင်းတွေကတော့ Apple ဟာ ဒီအပတ်အစောပိုင်းမှာ ရုရှားကိုရောင်းချမှုရပ်ဆိုင်းထားပြီး Intel နဲ့ AMD ကတော့ လုပ်ငန်းသုံးချစ်ပ်တွေရောင်းချမှုရပ်ထားပါတယ်။
Source: Techspot
0 Comments