Subscribe Us

header ads

80+ ထက်ပိုမိုကောင်းမွန်လာမည့် Cybernetics ရဲ့ PSU Rating အသစ်



သင့်အနေနဲ့ PC ဆင်ဖူးတယ် ဒါမှမဟုတ် PSU ဝယ်ဖူးတယ်ဆိုရင် 80+ စနစ်တွေကိုရင်းနှီးပြီးသားဖြစ်မှာပါ။ PSU တွေမှာ 80+ ပါမပါဆိုတာကိုသတိထားသင့်တယ်ဆိုပေမယ့်လည်း အကယ်၍များ 80+ rating တွေမှာကိုက အားနည်းချက်တွေရှိနေခဲ့ရင်ရော။ ဒါကြောင့် Cybernetics ဟာ PSU Rating ကို အပြောင်းအလဲလုပ်လိုနေတာဖြစ်ပြီး သူတို့ရဲ့ ETA (power efficiency) နဲ့ LAMBDA (PSU noise) စနစ်တွေနဲ့ PSU ထုတ်လုပ်သူတွေကို ပိုကောင်းတဲ့ PSU တွေထုတ်လုပ်လာအောင် တွန်းအားပေးမှာပဲဖြစ်ပါတယ်။

PSU တွေဟာဘာလို့ ပိုကောင်းတဲ့ Rating စနစ် လိုအပ်ရတာလဲ

80+စနစ်ဟာ PSU ထုတ်လုပ်သူတွေကို ပို Efficient ဖြစ်တဲ့ PSU တွေထုတ်လာ‌အောင် အားပေးနိုင်ခဲ့ပေမဲ့
လွန်ခဲ့တဲ့နှစ်တွေမှာ PSU ထုတ်လုပ်သူတွေဟာ အချို့အဆင့်တွေကို သေချာချိန်ညှိထားပြီး ပို efficient ဖြစ်လာသဟန် ဖန်တီးလာပါတယ်။ ဒီလိုချိန်ညှိလိုက်တဲ့အခါ PSU ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ PSU ဟာ ရှိသင့်တဲ့ efficiency ထက်ပိုကောင်းနေကြောင်းပြလို့ရနေပါတယ် ဒီအချက်ဟာ Cybernetics အနေနဲ့ ပြောင်းအလဲလုပ်လိုတဲ့ဆန္ဒကိုဖြစ်လာစေပါတယ်။

Cybernetics ရဲ့ ETA Standard မှာ 80+PSU စနစ်မှာလို သီးခြားသတ်မှတ်ထားတဲ့ အဆင့် ၃ဆင့် ၄ဆင့်လောက်ကိုစမ်းသပ်မယ့်အစား PSU ရဲ့ Wattage ထဲရှိသလောက် အဆင့်အားလုံးကိုစမ်းသပ်သွားမှာဖြစ်ပါတယ်။ စမ်းသပ်မယ့်အဆင့်ပေါင်း ၁၄၅၀လောက်ရှိပြီး တိုင်းတာထားသမျှအဆင့်အားလုံးရဲ့ ပျမ်းမျှကိုသာဖော်ပြထားမှာဖြစ်ပါတယ်။ ဒါကြောင့် PSU ထုတ်လုပ်သူတွေက အချို့အဆင့်တွေမှာမြင့်မားစွာချိန်ညှိထားခြင်းကနေကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Cybernetics ဟာ power efficiency အပြင် ဗို့အားတုန်ခါမှု၊ ဆူညံမှု၊ အပူချိန်တိုင်းတာခြင်းတွေကိုပါ အာရုံစိုက်လာပါတယ်။

Cybernetics ရဲ့ PSU rating အသစ်တွေက ဘယ်လိုပုံစံနဲ့လာမလည်းဆိုတာ အောက်မှာဖော်ပြထားပါတယ်။ PSU ထုတ်လုပ်သူတွေက ဒီစနစ်ကိုအသုံးပြုလာမယ်ဆိုရင် မြင်ရတာပိုယဉ်ပါးလာမှာပါ။

ERA Rating (Power Efficiency)

Cybernetics ဟာ ERA Rating ကိုကို ယခင် 80+နဲ့ အရမ်းမကွဲပြားသွားအောင် ပြုလုပ်ထားတာတာတွေ့ရပါတယ်။ Cybernetics ရဲ့ Bronze, Silver, Gold, Platinum နဲ့ Titanium Standard တွေဟာ ယခင် 80+ နဲ့ နာမည်တွေဆင်တူပါတယ်။ သို့ပင်သော်ငြား power factor, 5VSD Efficiency နဲ့ Vampire Power စတဲ့ အချို့သောအချက်လေးတွေကို ထပ်မံထည့်သွင်းစဉ်းစားထားပါတယ်။


Vampire Power ဆိုတာ သင့် PC ပိတ်ထားချိန်မှာ PSU ကပါဝါသုံးစွဲနေတာကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလို ပါဝါသုံးစွဲမှုဟာ စွမ်းအင်လေလွင့်မှုသက်သက်သာဖြစ်ပြီး ယနေ့ခေတ် 80+စနစ်တွေမှာ မထည့်သွင်းထားပါဘူး။ Cybernetics ရဲ့ ERA Rating မှာ PSU တစ်ခုဟာ သီးခြားသတ်မှတ်ထားတဲ့ Vampire Power အတွင်းရှိနေဖို့လိုအပ်ပြီး သင့် PC ပိတ်ထားချိန်မှာ 0.25 Watt ထက်ပိုသုံးနေလို့မရပါဘူး။

5V rail ဆိုတာ‌ ခေတ်ပေါ် PSU တွေမှာ အားနည်းချက်တစ်ခုဖြစ်နေပြီး Cybernetics ရဲ့ ETA. Rating ဟာ 5V Rail အတွက်လည်း efficiency တစ်ခုသတ်မှတ်ထားလိုနေပါတယ်။ ဒါဟာ 80+ rating မှာ ထည့်သွင်းတွက်ချက်ထားခြင်းမရှိနောက်ထပ်အရာတစ်ခုဖြစ်ပါတယ်။

ဒီလိုစံနှုန်းအသစ်တွေနဲ့ Cybernetics ဟာ PSU ထုတ်လုပ်သူတွေအနေနဲ့ ပိုမိုအရည်အသွေးကောင်းမွန်တဲ့ PSU တွေဖန်တီးဖို့အား‌ပေးလိုပြီး ယနေ့ခေတ် 80+ စံနှုန်းမှာ ကိုလှည့်စားထားခြင်းကိုလည်းစိတ်ပျက်နေပုံရပါတယ်။

Lambda Rating(Noise Rating)


ဘယ်သူမှ Power Supply တစ်ခုဟာ သတ်မှတ်ထားတဲ့ Wattage မှာ run နေတုန်း တစ်ဝူးဝူးအသံမြည်နေတာကိုကြားလိုမယ်မထင်ပါဘူး။ ယနေ့ခေတ်မှာ PC ဆင်တဲ့သူတွေဟာ အသံတိတ်ဆိတ်နေတာကို သဘောကျကြပြီး Cybernetics အနေနဲ့ PSU တွေမှာ အသံဘယ်လောက်ပဲဆူသင့်တယ်ဆိုတာကို စံနှုန်းသတ်မှတ်လိုနေပါတယ်။



ဒီ Lambda Rating နဲ့ဆိုရင် သတ်မှတ်ထားတဲ့Wattage မှာဘယ်PSU ကအသံဆူပြီး ဘယ်PSU ကဖြင့် အသံတိုးတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါဟာ PC ဆင်မည့်သူအတွက် အသံမဆူတဲ့ PC တွေကို လွယ်လွယ်ကူကူဆင်လာနိုင်ကာ PSU ထုတ်လုပ်သူတွေအနေနဲ့လည်း နောက်ပိုင်းမှာ အသံမဆူလာအောင်လုပ်ဖို့ တွန်းအားပေးပြီးသားဖြစ်လာပါတယ်။

Cybernetics အနေနဲ့ PSU ထုတ်လုပ်သူတွေကိုပိုမိုတင်းကျပ်တဲ့စံနှုန်းတွေနဲ့တွန်းအားပေးခြင်းဖြင့် PSU ဈေးကွက်ကိုမြှင့်တင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အချိန်တစ်ခုရှိလာတဲ့အခါ Cybernetics ရဲ့ standard တွေက ယနေ့ 80+ကိုအစားထိုးလာမှာဖြစ်ကာ အ‌နာဂတ်PSU တွေမှာ ပိုမိုမြတ်မားတဲ့စံနှုန်းတွေနဲ့ရှိလာမှာဖြစ်ပါတယ်။

Source: OC3D

#EnThueTech
#News

Post a Comment

0 Comments