TrojAI သည် AI လုံခြုံရေးကို အလွှာ နှစ်ခုဖြင့် ကာကွယ်ပေးပါသည်။ ပထမအလွှာမှာ AI စနစ်ကို တည်ဆောက်ချိန်၌ AI မော်ဒယ်များ၊ အေးဂျင့်များနှင့် Applicationများကို အားနည်းချက်ရှိမရှိ စူးစမ်းစစ်ဆေးသည့် Red Teaming စနစ်ဖြစ်ပြီး၊ ဒုတိယအလွှာမှာ Runtimeတွင် ကာကွယ်ပေးသည့် Real-time Threat Protection စနစ် ဖြစ်ပါသည်။ ဤအလွှာနှစ်ခုကို ပေါင်းစပ်ခြင်းဖြင့် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် Generative နှင့် Agentic AI များကို လျင်မြန်စွာနှင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
A10 Networks ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Dhrupad Trivedi က " AI က လုပ်ငန်းတွေ တည်ဆောက်ဖန်တီးတဲ့အရာတွေရော၊ သူတို ကာကွယ်ရမယ့် တိုက်ခိုက်ခံရနိုင်ခြေရှိတဲ့ နယ်ပယ် (Attack surface) ကိုပါ ပြောင်းလဲပစ်နေပါတယ်။ သမားရိုးကျ ထိန်းချုပ်မှုစနစ်တွေဟာ ကြိုတင်ခန့်မှန်းရခက်တဲ့ မော်ဒယ်တွေ (Non-deterministic models) နဲ့ အလိုအလျောက် အလုပ်လုပ်တဲ့ အေးဂျင့်တွေ (Autonomous agents) အတွက် ဒီဇိုင်းလုပ်ထားတာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့ပါသည်။ "TrojAI ဟာ A10 အတွက် မဟာဗျူဟာအရရော လုပ်ငန်းလည်ပတ်မှုပိုင်းမှာပါ သဘာဝကျကျ အံဝင်ခွင်ကျဖြစ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ Hardware အခြေပြု AI Firewall စနစ်ကို TrojAI ရဲ့ Software အခြေပြု Red Teaming၊ Runtime Protection တို့ကို ပေါင်းစည်းလိုက်ခြင်းဖြင့် သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ မော်ဒယ်တွေ၊ ဒေတာတွေနဲ့ အေးဂျင့်တွေကို လုံခြုံအောင် ကာကွယ်ထားနိုင်ရုံသာမက၊ AI ကိုလည်း လျင်မြန်ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တဲ့ အခွင့်အလမ်းကို ရရှိလာမှာဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်ရာမှာ ကျွန်ုပ်တို့အပေါ် သုံးစွဲသူတွေ ယုံကြည်အားကိုးထားတဲ့ တုံ့ပြန်မှုမြန်ဆန်ခြင်းနဲ့ အမြဲရရှိနိုင်ခြင်း ကိုလည်း ထိခိုက်မှုအလျင်းမရှိစေဘဲ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒေတာလုံခြုံမှုဆိုင်ရာ တင်းကျပ်သောစည်းမျဉ်းတွေရှိတဲ့ သုံးစွဲသူတွေအတွက်ကတော့ ၎င်းတို့ရဲ့ အထိခိုက်မခံနိုင်ဆုံး ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ထိန်းချုပ်တဲ့ ပတ်ဝန်းကျင်တွေမှာ ထားရှိရင်း AI နည်းပညာကို အသုံးပြုနိုင်ပါမယ်" ဟု ပြောကြားခဲ့ပါသည်။
ဤဝယ်ယူမှုအပြီးတွင် A10 အနေဖြင့် TrojAI ၏ စွမ်းဆောင်ရည်များကို ၎င်း၏ အဆက်မပြတ်တိုးတက်ပြောင်းလဲနေသော လုံခြုံရေးစနစ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းသွားမည်ဖြစ် ပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ဒေတာရှိနေသည့် နေရာတိုင်းတွင် AI ကို လုံခြုံစွာ လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားပါသည်။
TrojAI ၏ အမှုဆောင်အရာရှိချုပ် Lee Weiner က "စီးပွားရေးလုပ်ငန်းတွေနဲ့ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေဟာ AI ကို မကြုံဖူးတဲ့ အရှိန်အဟုန်နဲ့ အသုံးပြုလာကြပြီး သူတို့ရဲ့ AI လုံခြုံရေး အခြေခံအဆောက်အအုံအပေါ် စီမံပိုင်စိုးခွင့်ကို ထိန်းသိမ်းထားရင်း လုံခြုံစွာ တီထွင်ဆန်းသစ်ဖို့ လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။ A10 နဲ့အတူ ကျွန်ုပ်တို့ဟာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းလည်ပတ်မှုမှာ အဓိကျလာတဲ့ မော်ဒယ်တွေ၊ Agent တွေနဲ့ App တွေကို လုံခြုံအောင် စီမံခန့်ခွဲနိုင်ပါတယ်။ ကျွန်ုပ်တို့အဖွဲ့ တည်ဆောက်ခဲ့တာတွေအတွက် ဂုဏ်ယူမိသလို ဒီစွမ်းရည်တွေကို A10 ရဲ့ သုံးစွဲသူတွေနဲ့ ဖြန့်ဖြူးရေးလမ်းကြောင်းတွေဆီ ယူဆောင်လာရခြင်းအတွက်လည်း စိတ်လှုပ်ရှားမိပါတယ်" ဟု ပြောကြားခဲ့ပါသည်။
A10 အနေဖြင့် ယခုဝယ်ယူမှုက ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ၎င်း၏ ဘဏ္ဍာရေးရလဒ်များအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိလိမ့်မည်ဟု မမျှော်လင့်ထားပါ။ လာမည့် ၂ နှစ်မှ ၅ နှစ်အတွင်း AI တည်ဆောက်မှုများနှင့် အက်ပလီကေးရှင်း ဖြန့်ကျက်မှုများကို လုံခြုံစေရန် ကူညီပေးနိုင်မည့် အနေအထားတွင် တိကျသေချာစွာ နေရာယူထားပါသည်။
မိမိတို့အား လူမှုကွန်ယက်တွင် follow လုပ်ပါ
· A10 Networks ၏ Blog သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်
· LinkedIn နှင့် Facebook မှတဆင့် ဆက်သွယ်ပါ
A10 Networks အကြောင်း
A10 Networks (NYSE: ATEN) သည် on-premises၊ hybrid cloud နှင့် edge ပတ်ဝန်းကျင်များ တစ်လျှောက် လုပ်ငန်းအရေးပါသော စနစ်များကို ကာကွယ်ခြင်း၊ ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းနှင့် ချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်ပေးသည့် လုံခြုံရေး အက်ပလီကေးရှင်းနှင့် ကွန်ရက် solution များကို ပံ့ပိုးပေးလျက်ရှိသည့်ကုမ္ပဏီ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်အစုအဝေးသည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းကြီးများ၊ ဝန်ဆောင်မှုပေးသူများနှင့် Cloud ပလက်ဖောင်းများအား စွမ်းဆောင်ရည်၊ ယုံကြည်စိတ်ချရမှုနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများမှ ကာကွယ်ပေးမှုတို့ကို ပံ့ပိုးပေးနိုင်ပြီး တစ်ချိန်တည်းမှာပင် AI နှင့် မျိုးဆက်သစ် Applications၏ လိုအပ်ချက်များအတွက် ၎င်းတို့၏ ကွန်ယက်များကို ပြင်ဆင်ပေးလျက်ရှိပါသည်။ A10 Networks ကို ၂၀၀၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူပေါင်း ၇,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက A10networks.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး LinkedIn တွင်လည်း A10Networks ကို follow လုပ်ထားနိုင်ပါသည်။
###
A10 အမှတ်တံဆိပ်နှင့် A10 Networks တို့သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများရှိ A10 Networks, Inc. ၏ ကုန်အမှတ်တံဆိပ်များ သို့မဟုတ် မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်များ ဖြစ်ကြပါသည်။ အခြားသော ကုန်အမှတ်တံဆိပ်များအားလုံးသည် သက်ဆိုင်ရာပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများသာ ဖြစ်ပါသည်။
မျှော်မှန်းထားသော ထုတ်ပြန်ချက်များ
ဤသတင်းထုတ်ပြန်ချက်တွင် အမြတ်ဝေစုများနှင့် အရင်းအနှီးပြန်လည်ရရှိမှု၊ ဝယ်လိုအားနှင့် စျေးကွက်လမ်းကြောင်းများ၊ မဟာဗျူဟာနှင့် ယှဉ်ပြိုင်မှုအနေအထား၊ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်နှင့် အကျိုးအမြတ်ရရှိနိုင်မှု၊ ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုနှင့် ၂၀၂၆ ခုနှစ်အတွက် ဘဏ္ဍာရေးဆိုင်ရာ လမ်းညွှန်ချက်တို့နှင့် စပ်လျဉ်းသည့် ပြောကြားချက်များအပါအဝင် "မျှော်မှန်းထားသော ထုတ်ပြန်ချက်များ" ပါဝင်ပါသည်။ ဤ မျှော်မှန်းထားသော ထုတ်ပြန်ချက်များသည် သိရှိပြီးနှင့် မသိရှိရသေးသော အန္တရာယ်များနှင့် မရေရာမှုများအပေါ် မူတည်နေပြီး၊ မှားယွင်းနိုင်ချေရှိသည့် ယူဆချက်များအပေါ် အခြေခံထားသောကြောင့်၊ လက်တွေ့ရလဒ်များသည် မျှော်မှန်းထားသော ထုတ်ပြန်ချက်များတွင် မျှော်လင့်ထားသည့် သို့မဟုတ် ညွှန်ပြထားသည့် ရလဒ်များနှင့် လက်တွေ့ရလဒ်များ သိသာထင်ရှားစွာ ကွဲလွဲသွားနိုင်ပါသည်။
လက်တွေ့ရလဒ်များကို ကွဲလွဲသွားစေနိုင်သည့် အကြောင်းရင်းများမှာ-အမြတ်ဝေစု အစီအစဉ် သို့မဟုတ် စတော့ရှယ်ယာ ပြန်လည်ဝယ်ယူရေး အစီအစဉ်အတွက် အသုံးပြုနိုင်မည့် ရန်ပုံငွေများကို လမ်းကြောင်းလွှဲသုံးစွဲရန် လိုအပ်လာနိုင်သည့် မမျှော်မှန်းနိုင်သော အရင်းအနှီးလိုအပ်ချက်များနှင့် ၎င်းကိစ္စရပ်က သုံးလတစ်ကြိမ် အမြတ်ဝေစုပေးအပ်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ သာမန်စတော့ရှယ်ယာများကို ပြန်လည်ဝယ်ယူခြင်းအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုရှိလာနိုင်ခြင်း၊ ကျွန်ုပ်တို့၏ စီးပွားရေးနှင့် ဘဏ္ဍာရေးရလဒ်များအပေါ် ဆိုးရွားစွာ သက်ရောက်မှုဖြစ်စေသည့် ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေး သို့မဟုတ် နိုင်ငံရေးအခြေအနေများ သိသာစွာကျဆင်းလာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ပဋိပက္ခတိုးပွားလာခြင်း သို့မဟုတ် အခြားသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဥပဒေစည်းမျဉ်းများ ပြောင်းလဲခြင်း၊ ကျွန်ုပ်တို့၏ ထောက်ပံ့ရေးကွင်းဆက်နှင့် ဆက်စပ်နေသော လုပ်ငန်းတုန့်ဆိုင်းမှုများ၊ သုံးစွဲသူများမှ အော်ဒါများကို ပယ်ဖျက် သို့မဟုတ် ရွှေ့ဆိုင်းပါက ကျွန်ုပ်တို့၏လုပ်ငန်းနှင့် ကုန်ကျစရိတ်များကို စီမံခန့်ခွဲနိုင်စွမ်း၊ အဓိကကျသော အရောင်းအဝယ်များကို ပိတ်သိမ်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု တိုးတက်စေခြင်းတို့နှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အန္တရာယ်များ၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ဈေးကွက်မှ ဆက်လက်လက်ခံသုံးစွဲခြင်း၊ ဈေးကွက်လိုအပ်ချက်များနှင့် အခွင့်အလမ်းများကို ကျွန်ုပ်တို့မှ အောင်မြင်စွာ ကြိုတင်ခန့်မှန်းနိုင်စွမ်း၊ ထုတ်ကုန်သစ်များနှင့် လုပ်ဆောင်ချက်သစ်များကို အချိန်ကိုက် ဖန်တီးနိုင်စွမ်း၊ အကျိုးအမြတ်ရရှိရန် သို့မဟုတ် ထိန်းသိမ်းထားရန် ကျွန်ုပ်တို့၏ စွမ်းဆောင်နိုင်မှု၊ ကျွန်ုပ်တို့၏ အကြီးမားဆုံး အသုံးပြုသူသုံးစွဲသူများထံမှ မျှော်လင့်ထားသည့် ဝယ်ယူမှုများ ဆုံးရှုံးခြင်း သို့မဟုတ် နှောင့်နှေးခြင်း၊ ယှဉ်ပြိုင်မှုအနေအထားကို ထိန်းသိမ်းရန် သို့မဟုတ် တိုးတက်စေရန် စွမ်းဆောင်နိုင်မှု၊ Cloud အခြေပြု ကွန်ပျူတာနည်းပညာ လမ်းကြောင်းများနှင့် ပတ်သက်သည့် ယှဉ်ပြိုင်မှုနှင့် အကောင်အထည်ဖော်မှုဆိုင်ရာ အန္တရာယ်များ၊ အသုံးပြုသူဖောက်သည်အသစ်များနှင့် အကြီးမားဆုံး သုံးစွဲသူများကို ဆွဲဆောင်ထိန်းသိမ်းနိုင်စွမ်း၊ ကျွန်ုပ်တို့၏ ကုန်အမှတ်တံဆိပ်နှင့် ဂုဏ်သတင်းကို ထိန်းသိမ်းမြှင့်တင်နိုင်စွမ်း၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များအတွက် အသုံးပြုချထားမှုနှင့် ငွေပေးချေမှုပုံစံများတွင် သုံးစွဲသူများမှ တောင်းဆိုလာသည့် အပြောင်းအလဲများ၊ ကွန်ရက်လုံခြုံရေးဆိုင်ရာ ဈေးကွက်များတွင် ဆက်လက်တိုးတက်မှုနှုန်းများ၊ အနာဂတ်တွင် ဝယ်ယူထားသော သို့မဟုတ် ရင်းနှီးမြုပ်နှံထားသော အပြန်အလှန်အကျိုးပြုကုမ္ပဏီများ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် နည်းပညာများ၏ အောင်မြင်မှု၊ ကျွန်ုပ်တို့၏ အရောင်းအဖွဲ့၏ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း၊ အရောင်းပိတ်သိမ်းမှု ကြာချိန်ကို တိုတောင်းအောင် လုပ်ဆောင်နိုင်စွမ်း၊ ကျွန်ုပ်တို့၏ ချန်နယ်မိတ်ဖက်များမှ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ရောင်းချနိုင်စွမ်း၊ ကျွန်ုပ်တို့၏ ရောင်းချမှုနှင့်ဆိုင်သော ထုတ်ကုန်ရောနှော ကွဲပြားမှုများ သို့မဟုတ် ပထဝီဝင်တည်နေရာများ ပြောင်းလဲမှုများ၊ နိုင်ငံတကာဈေးကွက်များတွင် ကျွန်ုပ်တို့၏ ရပ်တည်မှုနှင့် ဆက်စပ်နေသော အန္တရာယ်များ၊ ဘဏ္ဍာရေး အစီရင်ခံမှုအပေါ် ကုမ္ပဏီအတွင်း ထိန်းချုပ်မှု အားနည်းချက်များ သို့မဟုတ် ချို့ယွင်းချက်များ၊ ၁၉၃၄ ခုနှစ် Securities Exchange Act အရ တင်သွင်းရန် လိုအပ်သည့် ကာလအပိုင်းအခြားအလိုက် အစီရင်ခံစာများကို အချိန်မီ တင်သွင်းနိုင်စွမ်းနှင့် ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် Securities and Exchange Commission ထံ တင်သွင်းခဲ့သော ကျွန်ုပ်တို့၏ Form 10-K အပါအဝင် Securities and Exchange Commission ထံ အချိန်အပိုင်းအခြားအလိုက်တင်သွင်းသည့် ကျွန်ုပ်တို့၏စာရွက်စာတမ်းများရှိ “အန္တရာယ်အကြောင်းရင်းခံများ” တွင် ဖော်ပြထားသော အခြားအန္တရာယ်များ ပါဝင်ပါသည်။
ကျွန်ုပ်တို့သည် သတင်းအချက်အလက်အသစ်များကြောင့်၊ အနာဂတ်ဖြစ်ရပ်များကြောင့် သို့မဟုတ် အခြားကိစ္စရပ်များကြောင့်ဖြစ်စေ သက်ဆိုင်ရာဥပဒေအရ လိုအပ်သည့်အခါမှအပ ကျွန်ုပ်တို့၏ အနာဂတ်မျှော်မှန်းချက် ကြေညာချက်များကို ပြင်ဆင်ရန် သို့မဟုတ် ပြောင်းလဲရန် ရည်ရွယ်ထားခြင်း မရှိပါ။
Source: A10 Networks
0 Comments