![]() |
| Image: AMD |
AMD ဟာ ဒီနေ့မှာ Socket AM5 အသုံးပြုထားတဲ့ desktop ပရိုဆက်ဆာအသစ် Ryzen 9 9950X3D2 Dual Edition ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒီပရိုဆက်ဆာဟာ လူကြိုက်များခဲ့တဲ့ Ryzen 9 9950X3D ရဲ့ အထက်မှာ ရှိနေမှာဖြစ်ပြီး အားလုံးက မျှော်လင့်နေကြတဲ့ 3D V-Cache နည်းပညာကို ပရိုဆက်ဆာရဲ့ CPU complex dies ဆိုတဲ့ CCD နှစ်ခုစလုံးမှာ ပထမဆုံးအကြိမ် ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။
![]() |
| Image: AMD |
Zen 5 microarchitecture ကို အခြေခံထားတဲ့ ဒီ 16-core/32-thread ပရိုဆက်ဆာမှာ စုစုပေါင်း L3 Cache 192 MB အထိ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါဟာ CCD တစ်ခုချင်းစီမှာရှိတဲ့ မူရင်း L3 Cache 32 MB နဲ့ 3D V-Cache 64 MB တို့ကို ပေါင်းစပ်ထားတာဖြစ်ပြီး ဂိမ်းကစားတဲ့အခါမှာ ဘယ် CCD မှာပဲဖြစ်နေပါစေ အရွယ်အစားကြီးမားတဲ့ cache ရဲ့ အကျိုးကျေးဇူးကို ရရှိစေမှာဖြစ်လို့ ဂိမ်းစွမ်းဆောင်ရည်ကို အမြင့်ဆုံးပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
![]() |
| Image: AMD |
Ryzen 9 9950X3D2 Dual Edition ရဲ့ အမြန်နှုန်းပိုင်းမှာတော့ Base clock 4.30 GHz နဲ့ Boost clock 5.60 GHz ရှိမှာဖြစ်ပါတယ်။ ဒါဟာ 9950X3D ထက် Boost clock 100 MHz လောက် လျော့နည်းပေမဲ့ 9850X3D နဲ့တော့ တူညီတယ်လို့ဆိုနိုင်ပါတယ်။ AMD ဟာ ဒီ Ryzen 9 9950X3D2 Dual Edition ကို Zen 5 စီးရီးရဲ့ ထိပ်တန်း Flagship CPU အနေနဲ့ သတ်မှတ်ထားပါတယ်။ Cache အများဆုံးရရှိဖို့သာမက မြင့်မားတဲ့ အမြန်နှုန်းနဲ့ Overclocking လုပ်နိုင်စွမ်းတွေကိုပါ ထိန်းသိမ်းထားနိုင်ဖို့အတွက် TDP (Thermal Design Power) ကို 200 W အထိ တိုးမြှင့်ပေးထားပါတယ်။ ဒါဟာ AMD Ryzen သမိုင်းတစ်လျှောက်မှာ အမြင့်ဆုံး TDP သတ်မှတ်ချက်လို့ဆိုနိုင်ပါတယ်။
![]() |
| Image: AMD |
စွမ်းဆောင်ရည်ပိုင်းမှာတော့ AMD ဟာ သူတို့ရဲ့ နောက်ဆုံးထွက် Ryzen 7 9850X3D ကို ယှဉ်နိုင်တဲ့ ဂိမ်းစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သလို၊ Software development၊ AI training နဲ့ Video production လို အချက်အလက်အများကြီးကို Cache လုပ်ပြီး အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေမှာလည်း သိသိသာသာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိမှာဖြစ်ပါတယ်။ AMD ရဲ့ ကိုယ်ပိုင်စမ်းသပ်ချက်တွေအရ 9950X3D2 ဟာ 9950X3D ထက် Productivity ပိုင်းမှာ single-digit စွမ်းဆောင်ရည် တိုးတက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ AMD အနေနဲ့ ဈေးနှုန်းကိုတော့ တရားဝင်မကြေညာသေးပေမဲ့ 9950X3D2 Dual Edition ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ကစပြီး ဝယ်ယူရရှိနိုင်မယ်လို့ ဆိုပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Techpowerup




0 Comments