![]() |
Image via TechSpot |
စျေးနှုန်းသင့်တင့်ပြီး ကောင်းမွန်တဲ့ Audio ထုတ်ကုန်တွေဖန်တီးလေ့ရှိတဲ့ တရုတ်နိုင်ငံအခြေစိုက် Edifier က Gaming PC လိုပုံစံနဲ့ desktop စပီကာအသစ်တစ်ခုကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။ ဒီစပီကာကို New Cyber လို့ နာမည်ပေးထားပြီး၊ ဖောက်ထွင်းမြင်ရတဲ့ case အတွင်းမှာ စပီကာရဲ့အတွင်းပိုင်း အစိတ်အပိုင်းတွေကို ဖော်ပြထားပါတယ်။ RGB မီးရောင်တွေနဲ့ အရောင်အစုံပါတဲ့ မျက်နှာပြင်သေးသေးလေးကိုလည်း ထည့်သွင်းပေးထားတာမို့ တကယ့် Gaming PC လေးတစ်လုံးလိုထင်မှတ်ရပါတယ်။
New Cyber ရဲ့ ဒီဇိုင်းကတော့ Gamer တွေနဲ့ PC ဝါသနာအိုးတွေကို ရည်ရွယ်ထားတာ ထင်ရှားပါတယ်။ ဒါပေမဲ့ Edifier ရဲ့ New Cyber က ရည်မှန်းချက် ပိုကြီးပုံပေါ်ပါတယ်။ Gaming Rig တွေရဲ့ အပြင်အဆင်လှလှလေးတွေကို အသံပိုင်းဆိုင်ရာ အစိတ်အပိုင်းကောင်းတွေနဲ့ ချိတ်ဆက်မှု အမျိုးမျိုးတို့နဲ့ ပေါင်းစပ်ပြီး၊ desktop စပီကာတွေဟာ သူတို့တွဲသုံးတဲ့ ကွန်ပျူတာတွေလိုပဲ ခံစားချက်ကို ဖော်ပြနိုင်သလားဆိုတာကို စမ်းသပ်နေတာဖြစ်ပါတယ်။ နိုင်ငံခြားဈေးကွက်အထိ ရောက်မရောက်ဆိုတာကတော့ ထူးခြားတဲ့ ပုံပန်းသဏ္ဌာန် အပြင် အသံပိုင်းစွမ်းဆောင်ရည်ဘယ်လောက်ကောင်းမလဲဆိုတာပေါ်မှာ မူတည်နေပါတယ်။
Huazai New Cyber ရဲ့ စျေးနှုန်းက ၁,၄၉၉ ယွမ် (ဒေါ်လာ ၂၁၀ ဝန်းကျင်) ရှိပြီး Aurora White နဲ့ Phantom Black ဆိုပြီး နှစ်ရောင် ၂မျိုးထွက်ရှိထားပါတယ်။ လောလောဆယ်မှာတော့ Edifier က တရုတ်နိုင်ငံပြင်ပမှာ ရောင်းချဖို့ အစီအစဉ်ရှိမရှိကို အတည်ပြုခြင်း မရှိသေးပါဘူး။ ဒီစပီကာကို Bluetooth၊ USB၊ ဒါမှမဟုတ် analog audio cable တွေကတစ်ဆင့် ချိတ်ဆက်နိုင်တာမို့ ဘယ်လို setup မျိုးနဲ့မဆို လိုက်လျောညီထွေရှိမှာဖြစ်ပါတယ်။
![]() |
Image via TechSpot |
စပီကာရဲ့အတွင်းပိုင်းမှာတော့ နည်းပညာပိုင်းဆိုင်ရာ ဒီဇိုင်းကို အသံပိုင်းဆိုင်ရာ ဟာ့ဒ်ဝဲကောင်းတွေနဲ့ မျှတအောင် ပေါင်းစပ်ထားပါတယ်။ Bass အတွက် 4-inch Subwoofer က ကိုင်တွယ်ပေးပြီး၊ passive radiators ပုံစံ driver သုံးခုကတော့ အပို driver မပါဘဲ အသံနိမ့်ပိုင်းတွေကို ပိုကောင်းအောင် ကူညီပေးမှာဖြစ်ပါတယ်။ 52mm mid-high drivers နှစ်ခုကတော့ အသံမြင့်ပိုင်းတွေကို ကြည်လင်ပြတ်သားအောင် ပေးစွမ်းစေမှာပါ။ အပေါ်ပိုင်းကတော့ ဖောက်ထွင်းမြင်ရတဲ့ အပိုင်းဖြစ်ပြီး၊ အဲဒီမှာ amplifiers၊ ပpower supply၊ braided wiringတွေ နဲ့ signal processor တို့ကို ဂရပ်ဖစ်ကတ် (graphics card) ဒါမှမဟုတ် memory slots လိုမျိုး ကွန်ပျူတာအစိတ်အပိုင်းတွေနဲ့ ဆင်တူအောင် စီစဉ်ပြသထားပါတယ်။
![]() |
Image via TechSpot |
ဒီစပီကာရဲ့ အထူးခြားဆုံး မြင်ကွင်းကတော့ လည်ပတ်နေတဲ့ အအေးပေးပန်ကာတွေကို ပုံဖော်ထားတဲ့ စက်ဝိုင်းပုံ RGB မီး ၅ ခု ပါပဲ။ ဒီမီးလုံးတွေက အရောင်တွေနဲ့ ပုံစံတွေ ပြောင်းလဲကာ PC ပုံစံကို ပိုမိုပေါ်လွင်စေပါတယ်။ နောက်ထပ် အားသာချက်ကတော့ 2.8-inch screen ပဲ ဖြစ်ပါတယ်။ ဒီ screenက ဓာတ်ပုံတွေ၊ အန်နီမေးရှင်းတွေ ဒါမှမဟုတ် message တွေ ကို ပြသပေးနိုင်ပါတယ်။ USB နဲ့ ကွန်ပျူတာကို ချိတ်ဆက်ထားရင် CPU၊ GPU၊ RAM တွေရဲ့ live system information တွေကိုပါ ပြသနိုင်ပါတယ်။ ဖုန်း ဒါမှမဟုတ် တခြား audio source တွေနဲ့ ချိတ်ဆက်ထားတဲ့အခါမှာဆိုရင် သီချင်းစာသားတွေကို အချိန်နဲ့တပြေးညီ ပြသပေးတာကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
![]() |
Image via TechSpot |
ဒီ Huazai New Cyber စပီကာဟာ Desktop PC တွေမှာဆိုရင် စားပွဲပေါ်မှာ သိသိသာသာနေရာယူလေ့ရှိတဲ့ bookshelf စပီကာတွေနဲ့ အရွယ်အစား တူညီပါတယ်။ ဒီနေရာလွတ်ကို အကျိုးရှိရှိ အသုံးချဖို့အတွက် Edifier က USB-A နဲ့ USB-C ပေါက်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် desktop hub သေးသေးလေးတစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပြီး ချိတ်ဆက်ထားတဲ့ စက်ပစ္စည်းတွေကို အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: TechSpot
0 Comments