![]() |
Image: Microsoft |
အခမဲ့ Security Update တွေကို ဘယ်လိုရယူမလဲ
ESU program က သင့်ကို အရေးကြီးတဲ့ လုံခြုံရေး update တွေပဲ ပေးမှာဖြစ်ပြီး feature အသစ်တွေ၊ bug ပြင်ဆင်ချက်တွေ ဒါမှမဟုတ် နည်းပညာအကူအညီတွေတော့ ပါမှာမဟုတ်ပါဘူး။ Windows 10 (22H2) version ကို သုံးနေတဲ့သူတိုင်း ဒီ program ကို စာရင်းပေးသွင်းနိုင်ပါတယ်။
ဒီနေ့နောက်ပိုင်းမှာလည်း စာရင်းသွင်းလို့ရပေမယ့်၊ စာရင်းမသွင်းခင် ကြားကာလမှာတော့ သင့်ကွန်ပျူတာက လုံခြုံမှုမရှိတဲ့ အခြေအနေမှာ ရှိနေမှာဖြစ်လို့ အမြန်ဆုံးလုပ်ဆောင်သင့်ပါတယ်။ စာရင်းပေးသွင်းဖို့အတွက် သင့် PC ရဲ့ Settings ထဲ ဒါမှမဟုတ် Notifications တွေမှာ enrollment wizard ပေါ်လာပါလိမ့်မယ်။
ESU program ကို ရယူဖို့ အောက်ပါနည်းလမ်း (၃) ခုထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်...
- Microsoft Rewards ပိုင့်နဲ့ လဲလိုက်ပါ (ဒါက အခမဲ့ဖြစ်ပါတယ်)သင့်ရဲ့ Microsoft Rewards ပိုင့် 1,000 ကိုသုံးပြီး တစ်နှစ်စာ ESU ကို လဲလှယ်နိုင်ပါတယ်။ Bing app ကို ဒေါင်းလုဒ်လုပ်ရုံနဲ့ ပိုင့် 500 ရနိုင်သလို၊ Microsoft ဝန်ဆောင်မှုတွေကို သုံးရင်းနဲ့လည်း ပိုင့်တွေ စုဆောင်းနိုင်ပါတယ်။
- Windows Backup ကို OneDrive နဲ့ Sync လုပ်လိုက်ပါသင့်ရဲ့ Windows Backup ကို Microsoft OneDrive နဲ့ sync လုပ်လိုက်ရုံနဲ့လည်း ESU ကို အခမဲ့ ရယူနိုင်ပါတယ်။ ဒါပေမဲ့ သတိပြုစရာက OneDrive က အခမဲ့ 5GB သာပေးတာကြောင့် သင့် backup ဖိုင်အရွယ်အစားက ပိုကြီးနေရင်တော့ OneDrive storage အပိုထပ်ဝယ်ရနိုင်ပါတယ်။
- အပေါ်က နည်းလမ်းနှစ်ခုကို အသုံးမပြုချင်ဘူးဆိုရင်တော့ မူလအစီအစဉ်အတိုင်း ဒေါ်လာ ၃၀ ပေးပြီး တစ်နှစ်စာ လုံခြုံရေး update တွေကို ဝယ်ယူနိုင်ပါတယ်။
Windows 11 ကိုပဲ အသုံးပြုသင့်နေပြီလား ဒါမှမဟုတ် Windows 10 ကိုပဲ ဆက်သုံးသင့်လား
Windows 11 မှာ တင်းကျပ်တဲ့ hardware လိုအပ်ချက်တွေရှိတာကြောင့် PC အဟောင်းတချို့က upgrade လုပ်လို့မရပါဘူး။ (Microsoft က တရားဝင်အသိအမှတ်မပြုတဲ့ workaround နည်းလမ်းတွေတော့ ရှိပါတယ်)။
ဘယ်လိုပဲဖြစ်ဖြစ် Windows 10 သုံးတဲ့သူတွေအတွက် သတင်းကောင်းကတော့ Microsoft 365 (Office apps) ကိုတော့ နောက်ထပ် သုံးနှစ်အထိ လုံခြုံရေး update တွေနဲ့ ဆက်သုံးနိုင်ဦးမှာပါ။ ဒါပေမဲ့ ဒီကာလအတွင်းမှာလည်း feature အသစ်တွေ၊ bug ပြင်ဆင်ချက်တွေတော့ ရမှာမဟုတ်ပါဘူး။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: PCMag
0 Comments