Subscribe Us

header ads

Nvidia က Intel တွင် ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး RTX Graphics ပါဝင်သည့် CPU များဖန်တီးမည်

Image via OC3D

Nvidia နဲ့ Intel တို့ဟာ custom x86 CPU တွေကို အတူတကွ ဖန်တီးပြီး Intel နဲ့ Nvidia နည်းပညာတွေကို ပေါင်းစပ်ဖို့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ကြေညာလိုက်ပါတယ်။ AI အတွက်ဆိုရင်  Nvidia နဲ့ Intel တို့ဟာ Nvidia ရဲ့ NVLink နည်းပညာပါဝင်တဲ့ custom x86 processor တွေကို တည်ဆောက်သွားမှာပါ။ ဒါက x86 ရဲ့ အားသာချက်တွေရော၊ Nvidia ရဲ့ AI ecosystem ထဲကို နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်သွားစေမှာဖြစ်ပါတယ်။

AI အခြေခံအဆောက်အအုံတွေအတွက် x86 processor တွေအပြင် Intel နဲ့ Nvidia တို့ဟာ Nvidia RTX GPU chiplet တွေကို ပေါင်းစပ်ထားတဲ့ x86 SOCs (System-On-Chips) တွေကို ဖန်တီးသွားမှာပါ။ ဆိုလိုတာက နောက်ပိုင်း PC တွေမှာ Intel CPU core တွေနဲ့ Nvidia ရဲ့ integrated graphics တွေ တွဲလျက်ပါလာတော့မှာ ဖြစ်ပါတယ်။ 

ဒီပူးပေါင်းမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ NVIDIA ဟာ Intel ရဲ့ ရှယ်ယာတစ်စုကို ၂၃.၃၈ ဒေါ်လာ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၅ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံ သွားမှာပါ။

NVIDIA တည်ထောင်သူနဲ့ CEO ဖြစ်သူ Jensen Huang က “AI ဟာ စက်မှုတော်လှန်ရေးအသစ်တစ်ခုကို စွမ်းအားဖြည့်ပေးနေပါတယ်။ ဒီသမိုင်းဝင် ပူးပေါင်းဆောင်ရွက်မှုဟာ NVIDIA ရဲ့ AI နည်းပညာတွေကို Intel ရဲ့ CPU တွေနဲ့ ကျယ်ပြန့်တဲ့ x86 ecosystem တို့နဲ့ ခိုင်ခိုင်မာမာ ချိတ်ဆက်ပေးလိုက်တာဖြစ်ပြီး ကမ္ဘာ့အဆင့်မီ platform နှစ်ခုရဲ့ ပေါင်းစည်းမှုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Intel ရဲ့ CEO ဖြစ်သူ Lip-Bu Tan ကလည်း “Intel ရဲ့ x86 architecture ဟာ ဆယ်စုနှစ်ပေါင်းများစွာ ခေတ်မီ computing ရဲ့ အခြေခံအုတ်မြစ်ဖြစ်ခဲ့ပါတယ်။ Intel ရဲ့ ထိပ်တန်း platform တွေ၊ ထုတ်လုပ်မှုနဲ့ packaging စွမ်းရည်တွေက NVIDIA ရဲ့ AI ခေါင်းဆောင်မှုကို ဖြည့်ဆည်းပေးပြီး လုပ်ငန်းအတွက် အောင်မြင်မှုအသစ်တွေကို ဖော်ဆောင်ပေးမှာပါ။ Jensen နဲ့ NVIDIA အဖွဲ့က ကျုပ်တို့အပေါ်ထားရှိတဲ့ ယုံကြည်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းဟာ Intel အတွက်တော့ သိသာတဲ့ တိုးတက်မှုတစ်ခုပါ၊ ဘာလို့လဲဆိုတော့ ဒီ x86 CPU အသစ်တွေကို Intel ရဲ့ Chip ထုတ်လုပ်ရေးစက်ရုံ (foundries) တွေမှာပဲ ထုတ်လုပ်သွားနိုင်ခြေများလို့ပါပဲ။ ဒါပေမဲ့ Intel ရဲ့ ကိုယ်ပိုင် GPU (Arc GPU) ရည်မှန်းချက်တွေအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာတော့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ Nvidia ရဲ့ integrated graphics က သူတို့အတွက် option တစ်ခုဖြစ်လာရင် Intel က high-end GPU တွေကို ဆက်ပြီး ထုတ်လုပ်နေဦးမှာလားလို့မေးစရာရှိလာပါတယ်။

ဒါ့အပြင် ဒါက Nvidia ရဲ့ ARM-based CPU တွေအတွက်ရော ဒီသဘောတူညီက ဘယ်လိုဖြစ်လာနိုင်လဲ။ Nvidia ဘက်က ထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ N1 နဲ့ N1X CPU တွေကို ရပ်ဆိုင်းသွားစေမှာလားလို့မေးစရာဖြစ်လာပါတယ်။ ဖြစ်နိုင်တာကတော့ ဒီသဘောတူညီချက်က Intel နဲ့ Nvidia နှစ်ခုလုံးအတွက် အကျိုးသက်ရောက်မှုကြီးကြီးမားမား ရှိပါတယ်။ AMD အတွက်လည်း အကျိုးဆက်အကြီးကြီး ရှိပါတယ်။ AMD ကလည်း အခုဆိုရင် စွမ်းအားကောင်းမွန်လှတဲ့ integrated graphics ပါတဲ့ CPU တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ AMD ဟာ Intel CPU core တွေနဲ့ Nvidia graphics တွေပါတဲ့ chip တွေနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။ အကောင်းဆုံး gaming chip တွေကို ထုတ်လုပ်ချင်တယ်ဆိုရင် AMD အနေနဲ့ ကုမ္ပဏီနှစ်ခုလုံးကို တစ်ချိန်တည်းမှာ အနိုင်ယူဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

Source: OC3D


Post a Comment

0 Comments