Subscribe Us

header ads

Microsoft ၏ Xbox PC App တွင် Steam နှင့် အခြား Storefront များ ပေါင်းစပ်ပါဝင်လာ

Image: Xbox

Preview အဖြစ် အချိန်အတော်ကြာ စမ်းသပ်ပြီးနောက်မှာတော့ Microsoft ဟာ သူတို့ရဲ့ စုစည်းထားတဲ့ဂိမ်း library ကို Xbox PC app အသုံးပြုသူအားလုံးအတွက် ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဒါက အသုံးပြုသူတွေကို သူတို့ရဲ့ Steam၊ Epic Games Store၊ GOG နဲ့ Battle.net တို့က ဂိမ်းတွေကို နေရာတစ်ခုတည်းကနေ ဝင်ရောက်ကစားနိုင်စေမှာ ဖြစ်ပါတယ်။ ဒါဟာ ဂိမ်း library တစ်ခုတည်းမှာ အားလုံးစုစည်းထားတာကို လိုချင်ပြီး storefront မျိုးစုံသုံးခြင်းရဲ့ အကျိုးကျေးဇူး ဥပမာ- ဈေးပိုသက်သာတဲ့ဂိမ်းတွေကိုလည်း ရယူလိုတဲ့ PC gamer တွေအတွက်တော့ သတင်းကောင်းလို့ဆိုနိုင်ပါတယ်။

ဒီ update ဟာ Windows အခြေခံ လက်ကိုင်ဂိမ်းစက်တွေကို သုံးတဲ့သူတွေအတွက်လည်း သတင်းကောင်းတစ်ခု ဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ ဒီလိုစက်တွေပေါ်မှာ storefront မျိုးစုံကို သုံးရတာက launcher အများစုဟာ gamepad နဲ့ ထိန်းချုပ်လို့မရတာကြောင့် အလုပ်ရှုပ်စေလို့ပါပဲ။ အခု Xbox App update ကတော့ ဂိမ်းမာတွေအနေနဲ့ သူတို့ကြိုက်နှစ်သက်ရာ storefront က ဘယ်ဟာပဲဖြစ်ဖြစ် သူတို့ရဲ့ဂိမ်းတွေထဲကို ပိုမိုမြန်ဆန်စွာ ဝင်ရောက်နိုင်စေမှာ ဖြစ်ပါတယ်။

ဂိမ်းမာတွေအနေနဲ့ support လုပ်ထားတဲ့ PC storefront တစ်ခုခုကနေ ဂိမ်းတစ်ခုကို install လုပ်လိုက်တဲ့အခါ အဲ့ဒီဂိမ်းက သူတို့ရဲ့ Xbox PC games library ထဲမှာ အလိုအလျောက် ပေါ်လာမှာ ဖြစ်ပါတယ်။

ဒီ update ဟာ ASUS ROG Ally နဲ့ ROG Ally X တို့ မထွက်ရှိခင် တစ်လအလိုမှာ ထွက်ပေါ်လာတာပါ။ ဒီလို စုစည်းထားတဲ့ storefront ဟာ Microsoft ရဲ့ Xbox PC နဲ့ Windows အခြေခံလက်ကိုင်ဂိမ်းစက်တွေရဲ့ အနာဂတ်အတွက် အလွန်အရေးပါမှာ ဖြစ်ပါတယ်။ SteamOS ဟာ Microsoft ရဲ့ Xbox PC လက်ကိုင်ဂိမ်းစက်တွေအတွက် အဓိကပြိုင်ဘက်ဖြစ်လာမှာဖြစ်တာကြောင့် Xbox PC app အတွက် ခိုင်မာတဲ့ Steam integration ရှိနေဖို့က အရေးကြီးနေတာဖြစ်ပါတယ်။

Source: OC3D

Post a Comment

0 Comments